အစ္စလမ် ဘာသာမှ ခရစ်ယန်ဘာသာသို့ ကူးပြောင်းမှုဖြင့် သေဒဏ် ချမှတ်ခံခဲ့ရပြီးနောက် ပြစ်ဒဏ်ပယ်ဖျက်ပြီးသော်လည်း ထိန်းသိမ်းခံခဲ့ရသော ဆူဒန်အမျိုးသမီးတစ်ဦးသည် ကြာသပတေးနေ့ကအမေရိကန် သို့ ရောက်ရှိခဲ့သည်။
မာရီယမ် ယာဟီး အီဘရာဟင်အား ပြစ်ဒဏ်ချ ချုပ်နှောင်မှုကို နိုင်ငံတစ်ကာမှ ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်မှုကြောင့် အီဘရာဟင်မှာ လွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
အသက် ၂၇ နှစ်အရွယ အီဘရာဟငိကု ဘာသာပြောင်းမှု၊ တောင်ဆူဒန်-အမေရိကန် ခရစ်ယန် တစ်ဦးကို လက်ထပ်မှုတို့ဖြင့် မေလက သေဒဏ်ချမှတ် ခံရခြင်းဖြစ်သည်။
အီဘရာဟင်သည် ကြာသပတေးနေ့က ဖီလာဒဲလ်ဖီးယားနိုင်ငံ တစ်ကာလေဆိပ်သို့ ရောက်ရှိခဲ့သည်။
Ref: Routers

0 comments:
Post a Comment