Tuesday, July 8, 2014

လာမည့်နှစ်တွင် ကွန်ပျူတာရောင်းချမှုနှုန်းထက် tablet ရောင်းချမှုနှုန်း ကျော်လွန်သွားဖွယ်ရှိ


စတိဗ်ဂျော့ဘ် ခန့်မှန်းခဲ့သော tablet ရောင်းချမှုနှုန်းက ကွန်ပျူတာ ရောင်းချမှုနှုန်းထက် ကျော်လွန်သွားနိုင်သည်ဟူသည့် ခန့်မှန်းချက်သည် ၂၀၁၅ ခုနှစ်တွင် အမှန်တကယ် ဖြစ်လာနိုင်ကြောင်း သုတေသနကုမ္ပဏီ Gartner က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ကမ္ဘာတစ်ဝန်း tablet တင်ပို့ရောင်းချမှုသည် ၂၀၁၄ ခုနှစ်တွင် ၂၅၆ သန်းအထိ ရှိနိုင်သော်လည်း လာမည့်နှစ်တွင် ၃၂၁ သန်းနီးပါး ရှိလာနိုင်ကြောင်း၊ desktop နှင့် laptop များ တင်ပို့ရောင်းချမှုသည် ယခုနှစ်တွင် ၂၇၆ သန်းအထိ ကျဆင်းနိုင်ပြီး ၂၀၁၅ ခုနှစ်တွင် ၂၆၂ သန်းအောက်သာ ရှိနိုင်ကြောင်း Gartner က ဖော်ပြခဲ့သည်။

Gartner က ဖော်ပြခဲ့သည့် ကိန်းဂဏန်း အချက်အလက်များအရ tablet တင်ပို့ရောင်းချမှုနှုန်းသည် ကွန်ပျူတာကို ပထမဦးဆုံး ကျော်ဖြတ်သွားနိုင်ဖွယ်ရှိပြီး ၂၀၁၀ ခုနှစ်က Apple ကုမ္ပဏီ တွဲဖက်တည်ထောင်သူ စတိဗ်ဂျော့ဘ်၏ ခန့်မှန်းချက်ကို အမှန်တကယ် ဖြစ်လာစေဖွယ်ရှိသည်။

ထို့အပြင် Gartner မှ သုတေသီ ဒါရိုက်တာဖြစ်သူ ရန်ဂျစ်အက်တ်ဝါကလည်း အသစ်ပေါ်ထွက်လာသည့် ဈေးကွက်များနှင့် ဈေးနှုန်းသက်သာသည့် ထုတ်ကုန်များ၏ စိတ်ဝင်စားမှုတို့ကလည်း tablet ရောင်းအားကို မြင့်တက်လာစေခြင်း ဖြစ်ကြောင်း၊ သုံးစွဲသူများ အနေဖြင့် ဒေါ်လာ ၁၀၀ အောက် tablet များကို မြင်တွေ့ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး သုံးစွဲသူများသည် အရွယ်အစားကြီးမားသည့် tablet များကို ဝယ်ယူလိုကြပြီး သုံးစွဲသူများ၏ ၄ လက်မနှင့် ၅ လက်မ screen ပါသော စမတ်ဖုန်းများကို ပိုမိုဝယ်ယူလာခြင်းကြောင့် အရွယ်သေးငယ်သည့် tablet ဝယ်လိုအား ကျဆင်းနိုင်ကြောင်း အတ်ဝါက သုံးသပ်ပြောကြားခဲ့သည်။

Ref: FinancialReview

0 comments:

Post a Comment