Thursday, July 10, 2014

Samsung Virtual Reality Headset ၏ ပထမဦးဆုံး ဓာတ်ပုံ ထွက်ပေါ်လာ


ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သည့် Samsung virtual reality headset ၏ ပထမဦးဆုံး ဓာတ်ပုံသည် Samsung သတင်းဆိုက်ဖြစ်သော Sam Mobile မှ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ headset ကို Gear VR ဟုခေါ်ဆိုထားပြီး ၎င်း headset ၏ အရှေ့ဘက်တွင် Galaxy ဖုန်းကို ထည့်သွင်းနိုင်ရန် ဒီဇိုင်းပြုလုပ်ထားကြောင်း သိရသည်။

ယခုနှစ် အစောပိုင်းက Samsung သည် Oculus Rift ပုံစံ virtual reality headset တစ်မျိုးကို ဖန်တီးလျက်ရှိကြောင်း Engadget က ဖော်ပြခဲ့ပြီးနောက် အဆိုပါ သတင်းကို Business Insider က အတည်ပြုခဲ့သည်။

Samsung Gear VR သည် Galaxy ဖုန်းအပေါ် မူတည်ပြီး အလုပ်လုပ်ဆောင်သည်။ ၎င်းတွင် motion sensor များ မပါဝင်သလို screen လည်း မပါဝင်ပေ။ သို့သော်လည်း စမတ်ဖုန်းကို Gear VR headset တွင် တပ်ဆင်ပြီးသည့်နောက် ဂိမ်းကစားခြင်းနှင့် လှုပ်ရှားမှု ခြေရာခံခြင်းတို့ကို ပြုလုပ်နိုင်မည် ဖြစ်သည်။

Gear VR တွင် စိတ်ဝင်စားဖွယ်ရာ feature အနေဖြင့် headset ၏ အစွန်းတွင် see-through button နှင့် touchpad ကို ထည့်သွင်းပေးထားသည်။ See-through button သည် သုံးစွဲသူများအား ၎င်းတို့ စမတ်ဖုန်း၏ ကျောဘက်ကင်မရာကို အသုံးပြုကာ ကြည့်ရှုစေနိုင်ပြီး touchpad ကမူ သုံးစွဲသူများအား ၎င်းတို့၏ ဖုန်းကို ထိန်းချုပ်နိုင်စေမည် ဖြစ်သည်။

အဆိုပါ Gear VR ကို ဘာလင်မြို့တွင် ကျင်းပမည့် IFA 2014 ပြပွဲတွင် Galaxy Note 4 နှင့်အတူ ပွဲထုတ် မိတ်ဆက်ပေးဖွယ်ရှိသည်။

Ref: BusinessInsider

0 comments:

Post a Comment