Tuesday, July 1, 2014

ဈေးချိုဖို့ တပ်ဆင်ခဲ့တဲ့ Samsung Galaxy S5 Mini


Samsung ပရိသတ်များ ခင်ဗျာ ။
မကြာသေးခင်က ထွက်ရှိလာတဲ့ Samsung Galaxy S5 ရဲ့ အနောက် မှာတော့ အရင် အရင် Samsung ဖုန်းတွေလိုပဲ ဈေးသက်သာမူ ကို ဇောင်းပေးကာ အတွင်း အစိတ်အပိုင်းတွေကို မျိုးတူ မော်ဒယ်တူ ဈေးကြီးဖုန်းတွေနဲ့ စာလျှင် လျော့ချထားတဲ့ ယခု S5 Mini ဟာ ထပ်မံ ထွက်ရှိဖို့ အားယူလာခဲ့ပြန်ပါပြီ။
အရင် Samsung Galaxy S5 လိုပဲ ရေစိုခံမူတွေ၊ ဘတ္တရီ သက်သာစေတဲ့ mode တွေ၊ လက်ဗွေရာ အာရုံခံမူတွေ ပါဝင်လာခဲ့ပါတယ်။ ဈေးသက်သာစေဖို့ S5 mini တွင် ဆင်ဆာ အာရုံခံစနစ်တွေကို မလျော့ထားပါဘူး။ မျက်နှာပြင်ဟာ 4.1 လက်မဖြင့် အနည်းငယ်သေးထားပြီး Super AMOLED နဲ့ပါပဲ။ ပရိုဆက်ဆာကိုလည်း နည်းနည်းပဲ လျော့ထားပါတယ်။ Android OS ကို နောက်ဆုံး ဗားရှင်းပဲ သုံးထားပြီး ဘတ္တရီကိုတော့ 2100 mAh ဖြစ် နည်းနည်း လျော့ထားပါတယ်။. အရင် S5 ဟာ ဘတ္တရီ 2800mAh ပါ။ ကင်မရာပိုင်းအနေနဲ့ အရင် 16MP ရဲ့ တစ်ဝက်ဖြစ်တဲ့ 8MP ဖြစ်ပြီး အရှေ့ကတော့ 2.1 megapixel ဖြင့် အရင်ထက်တောင် ကောင်းပါသေးတယ်။ RAM မှာလည်း အများကြီး မလျော့ထားပါဘူး။ 16GB built-in ဖြစ်ကာ 64GB အထိ တိုးနိင်ပါတယ်။
ဒါကြောင့် S5 ကို ကြိုက်တယ်။သို့ပေမဲ့ ဈေးနည်းနည်း မြောက်လို့ မစဉ်းစားနိင် ဖြစ်နေသူများအတွက် S5 Mini ဟာ Samsung စီးရီးတွေထဲက အနည်းငယ် မသိမသာ လျော့ချထားတဲ့ Specs တွေနဲ့ ကိုင်တွယ်ဖို့ ကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်ကြောင့် အသိပေးလိုက်ရပါတယ်။ လောလော ဆယ် S5 ကတော့ 16GB ကို ကျပ်ငွေ ၆၄၀,၀၀၀ ရှိကြောင့် Samsung Call Center မှ သိရပါတယ်။
Samsung Galaxy S5 Mini ဟာ ဂျုလိုင် ပထမပတ်မှာ ရုရှားကို စတင် ရောင်းချသွားမှာ ဖြစ်ပြီး ကျန်တဲ့ နိင်ငံတွေကတော့ မသိရသေးပါဘူး။

Ref: engadget

0 comments:

Post a Comment