တော်တော်များများကတော့ TuneIn ကို သိမှာဖြစ်ပါတယ်။ နာမည်ကျော် ရေဒီယို apps တစ်ခုဖြစ်ပြီး လက်ရှိ မြန်မာပြည်မှာရရှိနေသော မိုဘိုင်း အင်တာနက် အမြန်နှုန်းဖြင့်လည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ ဖုန်းကို Connection ကောင်းသော Wi-Fi နဲ့ချိတ်ထားလျှင်တော့ ပိုပြီးအဆင်ပြေစွာ နားထောင်နိုင်မှာပါ။
မြန်မာအစီအစဉ်ကောင်းတစ်ခုကတော့ အမြဲတမ်း တရားခွေတွေလွှင့်ပေးနေမယ့် BUDDHA FM RADIO ပဲဖြစ်ပါတယ်။
အားကစား၊ သတင်း ၊သီချင်း၊ စကားပြော စသည့်ရေဒီယို အစဉ်အစဉ်ပေါင်း တစ်သိန်းကျော် ထဲမှ မိမိတို့ကြိုက်နှစ်သက်ရာ အစီအစဉ်များကို follow လုပ်ထားပြီး နားထောင်နိုင်မှာဖြစ်ပါတယ်။
အကောင်းဆုံးသီချင်းများကိုချည်း ရွေးချယ်က ၂၄ နာရီပတ်လုံးထုတ်လွှင့်ပေးနေသော 1000 Hit Sweet Radio (Classic Hits) စသော လိုင်းများစွာရှိသကဲ့သို့ စကားပြောအစီအစဉ်များတွင်လည်း အကြောင်းအရာပေါင်းစုံ နှင့်ပတ်သက်ပြီး လွှင့်တင်ထားသော ရေဒီယိုအစီအစဉ်များကို နားဆင်နိုင်မှာဖြစ်ပါတယ်။
Podcasts ပေါင်းများစွာလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။ အချိန် နှင့် တပြေးညီ သတင်းများကို နားဆင်နိုင်မယ့် ကမ္ဘာကျော် သတင်းဌာနများရဲ့ ရေဒီယို အစီအစဉ်များကိုလည်း နားဆင်နိုင်မှာဖြစ်ပါတယ်။
Techspace Journal
0 comments:
Post a Comment