Thursday, July 31, 2014

ကမ္ဘာ့ အကြီးဆုံး ကားစုဆောင်းသူထံမှ ကားအားလုံးကို Jaguar ဝယ်ယူ



ဗိတိန်ရဲ့ကမ္ဘာကျော် ကားထုတ်လုပ်တဲ့Jaguar Land Rover လုပ်ငန်းစုဟာ တစ်နိုင်ငံတည်းသား ကမ္ဘာ့အကြီးဆုံး ကားစုဆောင်းသူတစ်ဦး ဖြစ်တဲ့James Hull ဆိုသူ ပိုင်ဆိုင်တဲ့ရှေ့ဟောင်း ကားအစီးရေ စုစုပေါင်း 543 စီး အားလုံးကို ဝယ်ယူခဲ့ပါတယ်။
သွားဘက်ဆိုင်ရာ ဆရာဝန်တစ်ဦး ဖြစ်တဲ့James Hull ဟာ ဒီနှစ်အစောပိုင်းတွင် သူပိုင်ဆိုင် စုဆောင်းထားတဲ့အမွှေအနှစ် ကားများအားလုံးကို ရောင်းချတော့မည် ဖြစ်ကြောင်းကို ဗြိတိန် သတင်းစာထဲတွင် သတင်းထူးအနေဖြင့် ကြေညာခဲ့တဲ့အတွက် ယခုလို Jaguar Land Rover နှင့် သဘောတူညီမှု ရရှိခဲ့ခြင်းဘဲ ဖြစ်ပါတယ်။ ကားအစီးရေ 543 စီးအတွက်ကို ဈေးနှုန်းက အမေရိကန်ဒေါ်လာ သန်း 170 ဖြင့် James Hull နှင့် Jaguar Land Rover တို့က သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။
James Hull စုဆောင်းထားတဲ့အမွှေအနှစ်ဝင်တဲ့ကားများထဲတွင် ရှေ့ဟောင်း Jaguar ကားများအစီးရေ 130 ကျော်ပါဝင်ပြီး Jaguar ရဲ့ရှေ့ကျပြီး တန်ဖိုးကြီးကားတွေ ဖြစ်တဲ့1923 Swallow Sidercar, SS100 , C-Type, D-Type, XKSS စတဲ့Jaguar နာမည်ကြီးခဲ့တဲ့ကားများ အပါအဝင် Jaguar ပိုင်ရှင်စီးခဲ့တဲ့Jaguar 420 တစ်စီးလည်း ပါဝင် ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကြီး သူတွေစီးခဲ့တဲ့ Austin , Bentley ကားတွေအပြင် အခြားရှေ့ဟောင်း ကားများစွာလည်း ပါဝင်သေးတယ်လို့ဆိုပါတယ်။
Jaguar Land Rover က ဒီရှေ့ဟောင်းကားကို ဝယ်ရတာက မိမိတို့ရဲ့Jaguar ရှေ့ဟောင်း အမွှေအနှစ် ကားတွေကို ထိန်းသိမ်းချင်တာကြောင့်နှင့် ထိုကားများကို နည်းနာယူပြီး အနာဂတ်လာမဲ့ကားဒီဇိုင်းများကို အသစ်ထပ်မံဖော်ထုတ် သွားမှာဖြစ်တယ်လို့ပြောကြားခဲ့ကြောင်း သိရပါတယ်။

colay.com.mm

0 comments:

Post a Comment