သြဂုတ်တွင်ပြုလုပ်မည့် အဆိုတော်နီနီဝင်းရွှေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွင် သီချင်းဆိုရန်အတွက် သီချင်းများတိုက်နေပြီဟု မိုးစက်ဝိုင်ကပြောသည်။ ‘‘အန်တီနီနီက မိုးစက်ကို သီချင်းရွေးပေးပါတယ်။ အန်တီနီနီနဲ့ တွဲဆိုရမှာတစ်ပုဒ်၊ တစ်ယောက်တည်းဆိုမှာ တစ်ပုဒ်။ သီချင်းနာမည်တွေကို အခုတော့ မပြောပြချင်သေးဘူး။ ဖျော်ဖြေပွဲကျမှပဲ သိစေချင်တယ်။ ဒါပေမဲ့ ကိုကိုနဲ့ပတ်သက်တဲ့ သီချင်းဖြစ်မယ်’’ ဟု မိုးစက်ဝိုင်ကပြောသည်။
အဆိုတော်နီနီဝင်းရွှေနှင့် မိသားစုချင်းရင်းနှီးသဖြင့် ပါဝင်သီဆိုခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် နီနီဝင်းရွှေနှင့်အတူ သီချင်းများတိုက်နေသည်ဟု ၎င်းကပြောသည်။ ‘‘ဒီရက်ထဲမှာတော့ အန်တီနီနီနဲ့ နှစ်ယောက်အတူဆိုမယ့် သီချင်းကို တိုက်ဖြစ်တယ်။ မိုးစက်ဆိုမယ့် သီချင်းကိုတော့ အန်တီနီနီက သင်ပြပေးတယ်။ နောက်ပြီး Recording နားထောင်ပြီးတော့ စာသားမမေ့အောင် လေ့ကျင့်နေတယ်’’ ဟု မိုးစက်ဝိုင်ကပြောသည်။ သြဂုတ်လဆန်းတွင် ကြော်ငြာတစ်ခုရိုက်ရန် လက်ခံထားပြီး ဇာတ်လမ်းတွဲတစ်ခု၌ ပါဝင်ရိုက်ကူးရန် ဆွေးနွေးနေသည်ဟု ဆိုသည်။
အဆိုတော်နီနီဝင်းရွှေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သြဂုတ် ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်ပြီး အခြားအဆိုတော်များလည်း ပါဝင်မည်ဟု ယင်းဖျော်ဖြေပွဲကိုစီစဉ်သည့် ဦးပီးပေါ်ကပြောသည်။
Source - 7DayDaily
0 comments:
Post a Comment