Tuesday, July 1, 2014

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို နိုင်ငံတကာမှ ကူညီမည်


ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုလသမဂ္ဂလအဖွဲ့အစည်း
များနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သောအဖွဲ့အစည်းများမှ ကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ဇွန်လ ၂၈ ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ဇွန်လ ၂၇ ရက်နေ့ ရန်ကုန်မြို့ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန၌
ကျင်းပခဲ့သော ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံချက်အစည်းအဝေး
တွင် နိုင်ငံတကာကိုယ်စားလှယ်များက ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။

"ရခိုင်ပြည်နယ်ရဲ့ အောင်မြင်မှုကိုမြင်ချင်တယ်။ဒါဆိုရင်မြန်မာနိုင်ငံတစ်နိုင်ငံလုံးရဲ့ ပြုပြင်ပြောင်းလဲ
ရေးတွေက အောင်မြင်တယ်ဆိုတာ ယုံကြည်တယ်" ဟု ဩစေတ်းလ် သံအမတ်ကြီးက ပြော
သည်။

ရခိုင်ပြည်နယ်၏ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လူဦးရေတစ်သိန်းကျော်ကို ပြန်လည်နေရာချထားရေး၊
လူမှုဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ရေ၊မီး ရရှိရေး၊ အလုပ်အကိုင်
အခွင့် အလမ်းရရှိရေး များအပြင် အခြားလိုအပ်ချက်များကိုလည်း စီမံချက် ၆ ချက်ဖြင့် လုပ်ဆောင်
မည်ဖြစ်သည်။

"မတ်လမှာ ဖြစ်ခဲ့တဲ့ပဋိပက္ခကြောင့် ရခိုင်ပြည်နယ်ကို ကျွန်တော်တို့ မစွန့်ခွာခဲ့ပါဘူး။ကျွန်တော်
တို့ကို ပျက်စီးစေလိုလို့ တိုက်ခိုက်တာမဟုတ်ဘဲ ရခိုင်ပြည်သူတွေအနေနဲ့ ခံပြင်းလွန်းလို့ဖြစ်ရတာ
လို့ သုံးသပ်ပါတယ်။ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်ပြီးလုပ်ဆောင်သွားမှာပါ" ဟု
ဒတ်ခ်ျြွဥ ကိုယ်စားလှယ် ကယ်လ်ဗင်က ပြောကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အခြားပြည်နယ်နှင့်
တိုင်းဒေသကြီးများထက် ဦးစားပေးဆောင်ရွက်ရန် သမ္မကြီးက ညွှန်ကြားထားသည်ဟု ရခိုင်ပြည်
နယ် ၀န်ကြီးချုပ်အဖြစ် အသစ်ခန့်အပ်ခြင်းခံထားရသော ဗိုလ်ချုပ်မောင်မောင်အုန်းက ပြောကြား
ထားသည်။

Myanmar Times

0 comments:

Post a Comment