Thursday, June 26, 2014

Samsung Galaxy Tab S review


2014 ခုနှစ်ရဲ့ Samsung တံဆိပ် Tablet တစ်လုံးဖြစ်တဲ့ Samsung Galaxy Tab S ကို ထုတ်ပြန်လိုက်ပါပြီး မကြာခင်မှာ ၀ယ်ယူနိင်တော့မှာ ဖြစ်ကာ
8.4 လက်မနဲ့ ၁၀.၅ လက်မ ဆိုပြီး အရွယ်အစား (၂) မျိုးနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။ အစိတ်အပိုင်းများ အနေနဲ့ အကောင်းဆုံး ဖြစ်နိင်မဲ့ အစိတ်အပိုင်းများနဲ့လာခဲ့တာ ဖြစ်ပြီး 2,560 x 1,600 Super AMOLED screen အပါအ၀င် ၁၂နာရီ အသုံးခံတဲ့ ဘတ္တရီ သက်တမ်း၊ 6.6 မီလီမီတာသာ ရှိပြီး ပါးလျားသော တည်ဆောက်မူတွေနဲ့ ထွက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ထပ်မံပေါင်းထည့်မူ အနေနဲ့ အခြား Tablet တွေပေါ်မှာ တွေ့ရနည်းနေသေးတဲ့ Fingerprint လို့မျိုးကို ထည့်သွင်းထားပါတယ်။ ပြီးတော့ နာမည်ကြီး နိင်ငံခြား မဂ္ဂဇင်း တစ်ခုဖြစ်တဲ့ ပေါ်ပြူလာ မဂ္ဂဇင်း၊ Dropbox သိုလှောင်မူ၊ Wall street journal ကို ၆လ ဖတ်ရူမူကဲ့သို့သော အခမဲ့ ကုန်ပစ္စည်း ၀န်ဆောင်မူတွေပါ ထည့် ပေးထားပါတယ်။ လောလောဆယ် တပ်ပလပ်ကို အော်ဒါ ကြိုတင်မှာနိင်နေပြီး ၈ လက်မ မော်ဒယ်အတွက် ဒေါ်လာ ၄၀၀ မှစတင်ကာ ၁၀ လက်မ မော်ဒယ်လ်အတွက် ဒေါ်လာ ၅၀၀ မှ စတင်မှာ ဖြစ်ပါတယ်။
မျက်နှာပြင်
ပုံမှန် ဆမ်ဆောင်း တပ်ပလပ်တွေမှာ တွေ့ရတဲ့ အစဉ်အလာတစ်ခုဖြစ်တဲ့ LCD ကိုမှ Super AMOLED display အဖြစ်နဲ့ မြင့်တင်ထားပြီး ကောင်းမွန် နက်ရှိုင်းတဲ့ အရောင်တွေကို ခံစားရမှာ ဖြစ်ပါတယ်။ အမြင့်စား 2,560 x 1,600 နဲ့ဖြစ်ပြီး HD ဗီဒီယိုတွေကို ကောင်းကောင်း ကြည့်နိင်မှာ ဖြစ်ပါတယ်။ အရောင်တွေကို တောက်ပ စိုရွှန်းစွာ မြင်တွေ့နိင်ပါမယ်။
ပလတ်စတစ်
နောက်ပြီး Super AMOLED screen ဟာ တပ်ပလပ်ရဲ့ အလေးချိန်ပေါ့ဖို့နဲ့ အထူမှာ များစွာ ကူညီနေပြီး ပြိုင်ဘက်ဖြစ်တဲ့ iPad ထက်တောင် ပေါ့ပါးနေပါတယ်လို့ သိရပါတယ်။ ၈ လက်မ အရွှယ်အစား Tab S ဟာ လက်တစ်ဖက်တည်းနဲ့ ကိုင်နိင်ပါတယ်။ သို့ပေမဲ့ မျက်နှာပြင်မှ လွယ်ပြီး ကျန်တာတွေက ပလစ်စတစ်တွေဖြစ်ပါတယ်။ Tab S ရဲ့ အနောက်က Galaxy S5 နဲ့လည်း တော်တော်ကြီး တူနေပါတယ်။အစွန်းတွေကတော့ တောက်ပနေတဲ့ အနည်းငယ်သော သတ္တုသားတွေနဲ့ အာရုံပြောင်းထားပါတယ်။ Fingerprint sensor ( လက်ဗွေရာ စနစ်ဟာ) ဟာ သင့်တော်တော်ကြီး ဂရုစိုက်မှ အလုပ်လုပ်မှာ ဖြစ်ပြီး သိပ် မကောင်းဘူးလို့ ဆိုထားပါတယ်။
ကင်မရာ နဲ့ အသေးစိတ်အချက်အလက်များ
အနောက် ကင်မရာက 8MP, အရှေ့ ကင်မရာက 2.1 Mp၊ LED Flash နဲ့ Autofocus တွေပါရှိပါတယ်။ Android OS ကို 4.4.2 (KitKat) သုံးထားကာ CPU့  Quad-core 2.3 GHz Krait 400 ဖြစ်ပါတယ်။ အစိတ်အပိုင်း တွေက နောက်ဆုံးထွက်တွေပါပဲ။ အတွင်း Memory 16GB, 32GB ရှိကာ 128GB ထိ Micro SD မှ တစ်ဆင့် တိုးမြင့်နိင်ပါတယ်။ RAM က 3GB ပါ။
ထူးခြားမူ တစ်စိတ်တစ်ပိုင်း
SideSync လို့ခေါ်တဲ့ Galaxy S5 နဲ့ သွယ်ချိတ်ကာ သုံးနိင်တဲ့ အထူး အစိတ်အပိုင်းတစ်ရပ် ပါဝင်လာပါတယ်။ အဲဒါကို အသုံးပြုပြီး တစ်ခြားခန်းမှာ ရှိနေတဲ့ Galaxy S5 ကို ဖုန်းခေါ်စေခြင်း၊ စာရိုက်၊ ဖုန်း App run ခြင်းတွေအားလုံးကို Tab S ပေါ်ကနေ လုပ်လို့ရပါတယ်။ SideSyn ရဲ့ အဆင်ပြေမူက သိသာလာပြီး တစ်နေရာရာမှာ သင့်ရဲ့ ဖုန်းကို အားသွင်းထားပါက အားသွင်းမူမှ ထွက်ခွာ လာနိင်ပြီး သင့်ရဲ့ လက်ထဲမှာ ရှိနေသလို ချိတ်ဆက်ထားနိင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ( Apple မကြာခင် တစ်ခုပြီး တစ်ခု မိတ်ဆက်မဲ့ iOS 8 ပွဲထုတ်မူထဲကလို တူညီနေပါတယ်)။ နောက်ထပ် တစ်ခုအနေနဲ့ Download boaster ကဲ့သို့ အရာတွေပါဝင်လာပြီး 30MB ထက် ကျော်လွန်တဲ့ ဒေါင်းလုပ်ခ် ဆွဲမူတွေအတွက် ပိုမြန်လာအောင် Wifi နဲ့ LTE နှစ်ခုပေါင်းကာ ဒေါင်းပေးမဲ့ အစိတ်အပိုင်း သစ်ဖြစ်ပါတယ်။
သုံးသပ်ချက်အနေနဲ့ ...
မြင့်မားတဲ့ ရုပ်ထွက် အကောင်းစား မျက်နှာပြင်တွေ ရှိကာ ပါးလျားပေါ့ပြီး ကောင်းမွန်လှပါတယ်။ Fingerprint ပိုင်းနေရာမှာ သိပ်မယုံရကာ ကျန်သောအပိုင်းမှာ ကောင်းမွန်လှတဲ့ Tablet တစ်လုံးပင် ဖြစ်ပါတော့တယ်။

Ref: theverge

0 comments:

Post a Comment