Thursday, June 26, 2014

ကိုရီးယားနိုင်ငံရဲ့ K Pop အဖွဲ့နဲ့အတူ K Pop အယ်လ်ဘမ်ထွက်ရှိဖို့ ပြင်ဆင်နေတဲ့ မေမြတ်နိုး


Miss Asia Pacific World 2014 ဆုရှင်တစ်ဦးဖြစ်တဲ့ မြန်မာအလှမယ် မေမြတ်နိုး တစ်ယောက် ကိုရီးယားလူငယ်အနုပညာရှင်လေးဦးနှင့် အတူ လာမယ့် စက်တင်ဘာလအတွင်း K Pop အယ်လ်ဘမ်ထွက်ရှိနိုင်ဖို့ ပြင်ဆင်နေတာနဲ့ပတ်သက်ပြီး မေမြတ်နိုးကို မေးဖြစ်ခဲ့တာကတော့   “K Pop အယ်လ်ဘမ်ကို Asia Pacific World Organization ကနေ စီစဉ်ပြီးတော့ ထုတ်ဝေမှာဖြစ်ပါတယ်။ မေမြတ်နိုးအနေနဲ့ ကိုရီးယား K Pop အယ်လ်ဘမ် တစ်ခုလုပ်ဖို့ရှိပါတယ်။  အဲဒီလိုလုပ်ဖို့ စီစဉ်ပေးခဲ့တာကလည်း Asia Pacific World Organization က လုပ်ပေးတာဖြစ်တယ်။ အဲဒီ K -Pop အယ်လ်ဘမ်အတွက်ကို မေမြတ်နိုး သြဂုတ်လလောက်မှာ ကိုရီးယားနိုင်ငံကို သွားရမှာပါ။ အဲဒီ K-Pop အယ်လ်ဘမ်အတွက် မိန်းကလေးအဖွဲ့ တစ်ဖွဲ့ဖွဲ့ရမယ်လို့ ပြောပါတယ်။ ကိုရီးယားအဆိုတော် လေးယောက်နဲ့ မေမြတ်နိုးနဲ့ မိန်းကလေးငါးယောက် ပါဝင်တဲ့ အဖွဲ့ဖွဲ့မှာပါ။ အဖွဲ့ဖွဲ့ပြီးရင်တော့  K Pop အယ်လ်ဘမ် လေးလုပ်ဖြစ်ပါမယ်။ ဒီအယ်လ်ဘမ် အတွက်ကို ကိုရီးယားနိုင်ငံမှာ အဆို သင်တန်းကျောင်းနှင့် ကိုရီးယားဘာသာစကားသင်တန်း ကျောင်းတွေ တက်ရောက်ရပါမယ်။”လို့ သူမက ပြောပါတယ်။

 K- Pop ကိုဘယ်လိုပုံစံမျိုးလေး ဆိုဖြစ်သွားမလဲဆိုတော့ သူမက “မေမြတ်နိုးကတော့ ကိုရီးယားသီချင်း အမြူးလေးတွေလည်း ဆိုချင်တယ်။ ခံစားမှုပါတဲ့ သီချင်းမျိုးလေးတွေကိုဆိုရတာ ကိုလည်း ပိုကြိုက် ပါတယ်။ K- Pop အယ်လ်ဘမ်နဲ့အတူ Asia Pacific World Organization စီစဉ်ပေးမှုနဲ့ပဲ ကိုရီးယားဒရာမာ ဇာတ်ကား တွေမှာ ပါဝင်သရုပ်ဆောင်ဖို့ လည်းရှိပါတယ်။ အခုလတ်တလော အနုပညာလှုပ်ရှားမှု အနေနဲ့ကတော့ ဒါရိုက်တာစင်ရော်မောင်မောင် နဲ့တီဗီကြော်ငြာ တစ်ခု ရိုက်နေပါတယ်။ ပြီးတော့ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက် ကာဗာဓာတ်ပုံတွေ ရိုက်ပေးဖြစ်ပါတယ်။ နောက်ပြီး ဆာတိုရီထုတ်လုပ်ရေးနဲ့လည်း ဗီဒီယိုဇာတ်ကားရိုက်ကူးနေပါတယ်”တဲ့။

Trend Myanmar

0 comments:

Post a Comment