Friday, June 13, 2014

နိုင်ငံတော် စီမံကိန်းများ၌ ပါဝင်ေ ဆာင်ရွက်နေသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များကို CHD Bank က ငွေစိုက် ထုတ်ချေးပေးမည်


နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်လျက် ရှိသော အစိုးရ စီမံကိန်းများ၌ ပါဝင်လုပ်ကိုင် ဆောင်ရွက်ကြ မည့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ အတွက် စီမံကိန်း လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကုန်ကျနိုင်သော ငွေကြေး ပမာဏကို ပြည်တွင်းရှိ ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် (CHD Bank) က ကြိုတင်ငွေ စိုက်ထုတ် ချေးပေးနိုင်စေရန် အစီအစဉ်များ ဆောင် ရွက်နေပြီ ဖြစ်ကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရသည်။

ယခုလက်ရှိတွင် အစိုးရ စီမံကိန်းများ၌ ပါဝင်လုပ်ကိုင် ဆောင်ရွက်ကြသော ကုမ္ပဏီများ၊ လုပ်ငန်းရှင်များသည် စီမံကိန်းအတွက် ကုန်ကျ စရိတ်များကို ၄င်းတို့၏ ကိုယ်ပိုင်ငွေများမှ ကြိုတင် စိုက်ထုတ်ကာ လုပ်ကိုင်ဆောင်ရွက် ကြပြီးနောက် သက်ဆိုင်ရာ ဌာနများမှ အရစ်ကျ ပြန်လည် ထုတ်ယူခြင်း၊ လုပ်ငန်းတစ်ခု လုံးပြီးမှ စုစုပေါင်း ကုန်ကျငွေများကို ပြန်လည် တောင်းခံခြင်း စသည့် နည်းလမ်းများဖြင့် လုပ်ကိုင် နေကြရသည်။ ထို့ကြောင့် လုပ်ငန်း ကျွမ်းကျင်မှု ရှိသော်လည်း ကြိုတင်ငွေများစွာ စိုက်ထားပြီး ထပ်မံ ရင်းနှီးမြှုပ်နှံမှု မပြုလုပ်နိုင်သော လုပ်ငန်းရှင်များ အနေဖြင့် စီမံကိန်း လုပ်ငန်းကြီးများကို လုပ်ဆောင်ရန် ငွေကြေး အခက်အခဲများ ရှိလာသဖြင့် ၄င်းတို့အား အကူအညီ အထောက်အပံ့ ပေးနိုင်စေရန် CHD Bank မှ ယခုကဲ့သို့ စီစဉ် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံကိန်း ကုန်ကျငွေများ ကြိုတင် စိုက်ထုတ်ပေးမည့် အစီအစဉ်ကို မကြာမီ စတင် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ရာ ထိုကဲ့သို့ ကြိုတင်ငွေများ ရရှိလိုသော ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် CHD Bank တွင် ဘဏ်စာရင်း ဖွင့်ထားရန် လိုအပ်ပြီး စီမံကိန်း လုပ်ငန်းများ ပြီးဆုံးသောအခါ သက်ဆိုင်ရာ အစိုးရဌာနများ ထံမှ CHD Bank အနေဖြင့် ကြိုတင် စိုက်ထုတ်ငွေ ပြန်လည် တောင်းခံသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment