Thursday, June 26, 2014

ကျောက်မျက်အချောထည် ဈေးကွက်အားကောင်းစေရန် အကြမ်းထည်ပြသမှု လျှော့ချမည်


မြန်မာပြည်တွင်း အချောထည်ဈေးကွက် အား ကောင်းစေရန် နှစ်စဉ်ပြုလုပ်လျက်ရှိသော မြန်မာကျောက်မျက်ရတနာပြပွဲများတွင် အကြမ်းထည်များကို လျှော့ချပြသရောင်းချသွားမည်ဖြစ်ကြောင်း မြန်မာ့ ကျောက်မျက်ရတနာလုပ်ငန်းမှ ဒု တိယညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

‘‘နိုင်ငံက အကြမ်းထည်တွေ ကိုသာထုတ်ပြီး ရောင်းနေတာ ဖြစ်တဲ့အတွက် ဘာအကျိုးမှ မ ဖြစ်ဘူး။ ပြည်တွင်းအချောထည် ဈေးကွက်ဆိုတာလည်း မရှိဘူး။ အချောထည်ဈေးကွက်က တခြား နိုင်ငံတွေမှာပဲ ရှိတာလေ။ အ ချောထည်လိုင်းကို ပြည်တွင်းဈေး ကွက်မှာ ကျယ်ပြန့်လာဖို့ အရိုင်း တွေကို လျှော့ပြီး ရောင်းချတော့ မှာဖြစ်ပါတယ်’’ ဟု အထက်ပါ ဒုတိယညွှန်ကြားရေးမှူးက ပြော သည်။

ထို့ကြောင့် ယခုပြုလုပ်နေ သည့် (၅၁) ကြိမ်မြောက် ကျောက် မျက်ရတနာပြပွဲတွင်ပြီးခဲ့သည့်အ ကြိမ်ကထက် အတွဲပေါင်း ၂၀၀၀ ကျော် လျှော့ချခဲ့ပြီး အတွဲပေါင်း ၇၀၀၀ ကျော် ပြသရောင်းချနေပြီဖြစ်သည်။

ယင်းကဲ့သို့ အကြမ်းထည် ကို လျှော့ချပြီး အချောထည်ဦး စားပေး ဆောင်ရွက်ခြင်းဖြင့် အ ကြမ်းထည်ကို အချောထည်အ ဖြစ် ပြုပြင်ပြောင်းလဲရန် ပြည် တွင်း၌ပင် အလုပ်အကိုင်အခွင့် အလမ်းများ ပေါများလာနိုင်ပြီး အကြမ်းထည်ထက် ပိုမိုဈေး ကောင်းရရှိနိုင်ကြောင်း ကျောက် မျက်ရတနာလုပ်ငန်းရှင်အချို့က ဆိုသည်။

‘‘အရိုင်းကနေ ကုန်ချောပို ထုတ်နိုင်ရင် ပုံမှန်ထက် ဈေး ကောင်းပိုရသွားနိုင်တယ်’’ ဟု ကျောက်မျက်ရတနာ လုပ်ငန်းရှင် များအသင်း အထွေထွေ အတွင်း ရေးမှူး ဦးထွန်းလှအောင်က ပြော သည်။

အချောထည်လုပ်ငန်းတိုး တက်စေရန်အတွက် ပြည်တွင်းရှိ ဘဏ်စနစ်အပါအ၀င် ခရီးသွား လုပ်ငန်းများ အခွန်ကောက်ခံမှု များ တိုးတက်ကောင်းမွန်မှသာ ပိုမိုအဆင်ပြေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် အရည်အသွေး မြင့် ကျောက်စိမ်းကျောက်မျက် များကို ပြည်တွင်း၌ ထုတ်လုပ်နိုင် ပါက တရားဝင် အခွန်ဆောင်၍ ပြည်ပသို့ one stop service စနစ် ဖြင့် တင်ပို့ခွင့်လည်းပေးတော့မည်ဖြစ်ကြောင်း ဦးထွန်းလှအောင်က ဆိုသည်။

 အချောထည်ဈေးကွက် အောင်မြင်စေရန်အတွက် နေ ပြည်တော်ရွှေကြာပင် ကျောက် မျက်ရတနာ အချောထည်ဈေးကို ဖွင့်လှစ်နိုင်ခဲ့ပြီး ဒုတိယမြောက် ဈေးအဖြစ် မြစ်ကြီးနားမြို့၌ အ ချောထည်ဈေးသစ်တစ်ခုကို ယခု လတွင် ဖွင့်လှစ်နိုင်ခဲ့သည်။

ပြပွဲဝင်ကြေးအနေဖြင့် နိုင်ငံ ခြားသားတစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၁၀၀၊ ပြည်တွင်းကုန် သည်တစ်ဦးလျှင် မြန်မာကျပ်ငွေ ၆၀,၀၀၀ နှုန်း ယခုနှစ်တွင်မှ ၀င်ရောက်ခွင့်ပေးလိုက်သည့် ကုမ္ပဏီလုပ်ငန်းဆောင်ရွက်သူကိုလည်း ငွေကျပ် ၆၀,၀၀၀ နှုန်းဖြင့် ပြပွဲဝင်ကြေးအဖြစ် ပေးသွင်းပြီးမှသာ ၀င်ရောက်လေ့လာခွင့်ရမည်ဖြစ် သည်။

7 Day Daily

0 comments:

Post a Comment