Friday, June 13, 2014

မဟာသန္တိသုခကျောင်းတိုက်တွင် မင်္ဂလာပွဲပြုလုပ်ရန် စာရင်းပေးထားသူများ အခက်တွေ့


မဟာသန္တိသုခကျောင်း တိုက်ချိပ်ပိတ်ခံခဲ့ရသောကြောင့် မင်္ဂလာပွဲပြုလုပ်ရန်   ကြိုတင် စာရင်းပေးသူများ အခက်အခဲများ စွာကြုံတွေ့နေရကြောင်း မင်္ဂလာ ပွဲပြုလုပ်ရန် စီစဉ်ထားသူများထံမှ သတင်းရရှိသည်။

မင်္ဂလာပွဲပြုလုပ်ရန် နီးကပ် နေသူများအနေဖြင့်    မင်္ဂလာ ခန်းမအသစ်ငှားရမ်းရခြင်း၊ ဖိတ် စာပေးဝေထားသူများကို အချိန်၊ နေရာပြောင်းလဲသတ်မှတ်ရခြင်း ကို ဖြေရှင်းရခြင်း စသည်တို့ကို ပြုလုပ်ရသောကြောင့် ငွေကြေး များထပ်မံကုန်ကျခြင်းတို့နှင့် ရင် ဆိုင်နေရကြောင်း သိရသည်။

‘‘အစ်မဆိုရင်    ဒီတစ်ပတ် တနင်္ဂနွေမှာ မင်္ဂလာဆောင်တော့ မှာ။ နောက်ထပ်ခန်းမက မြို့ထဲ ကဟိုတယ်တစ်ခုမှာ   ငှားရလို့ တော်သေးတာပေါ့။ မရရင်တော် တော်ဒုက္ခရောက်မှာ။ အကုန်လုံး အစက   ပြန်လုပ်ရသလိုဖြစ်နေ တော့ ပိုက်ဆံလည်းပိုကုန် လူ လည်းပင်ပန်းတယ်’’ဟု မင်္ဂလာ ပွဲပြုလုပ်ရန်စီစဉ်ထားသူ သတို့ သမီးလောင်းတစ်ဦးက ပြော သည်။

မဟာသန္တိသုခကျောင်းတွင်မင်္ဂလာဧည့်ခံပွဲများ ကျင်းပလိုသူ များအနေဖြင့် အခမ်းအနားကျင်း ပမည့်ရက်ကို ကြိုတင်စာရင်းပေး ရပြီး မင်္ဂလာပွဲမတိုင်မီ အချိန် တစ်လအလိုတွင် ခန်းမငှားရမ်းခ အကျေပေးချေရကာ   တစ်ပတ် အလိုတွင် ကျွေးမွေးဧည့်ခံမည့် ကုန်ကျစရိတ်တစ်ဝက်အား ကြို တင်ငွေပေးချေရကြောင်း သိရှိရ သည်။ မဟာသန္တိသုခကျောင်း တိုက်ချိပ်ပိတ်ခံခဲ့ရသောကြောင့် မင်္ဂလာပွဲကျင်းပမည့်ကိစ္စနှင့်ပတ် သက်၍ ပွဲလက်ခံသူများထံ ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် လည်း မသေချာသည့်အဖြေမျိုး သာရရှိကြောင်း မင်္ဂလာပွဲပြုလုပ် ရန် ကြိုတင်စာရင်းပေးထားသူ တာမွေမြို့နယ်မှ အမျိုးသမီးတစ်ဦးကပြောသည်။

‘‘ဖုန်းကိုင်တဲ့သူက စိတ် မကောင်းပါဘူး။ ပွဲတွေလက်ခံ ထားပေမယ့် မတတ်သာလို့ချိပ်ပိတ်လိုက်ရတာလို့ပြောတယ်။ နောက်ပြီး စရန်ပေးထားတဲ့ ငွေ တွေလည်းပြန်ပေးမယ်၊ ဖုန်း လည်းပြန်ဆက်သွယ်ပါမယ်လို့ ပြောတယ်။ ဒါပေမဲ့ ခုအချိန်ထိ တော့ ဖုန်းမဆက်သေးဘူး၊ ငွေ လည်းပြန်မရသေးဘူး။ အစ်မတို့ က စရန်ငွေလေးသိန်းလေးသောင်း ပေးထားပြီးပါပြီ’’ဟု အဆိုပါ အမျိုးသမီးက ပြောသည်။

  မဟာသန္တိသုခကျောင်း တိုက်တွင် မင်္ဂလာအခမ်းအနား ကျင်းပရန်   ကြိုတင်စာရင်းပေး ထားသူများအနေဖြင့် အခြားနေ ရာသို့   ပြောင်းလဲကျင်းပရန် အချိန်မီခန်းမငှားရမ်းမှု မရရှိပါက မင်္ဂလာပွဲကျင်းပမည့် ရက်ကို ပြောင်းလဲသတ်မှတ်ရခြင်းများလည်းရှိ နေကြောင်း   ယင်းကျောင်းတိုက် တွင် မင်္ဂလာပွဲကျင်းပရန် ကြိုတင်စာရင်းပေးထားသူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အမျိုးသမီးတစ်ဦးကဆိုသည်။

‘‘ရန်ကုန်လိုနေရာမျိုးမှာ မင်္ဂလာဆောင်ခန်းမတစ်ခုငှား မယ်ဆိုရင် အနည်းဆုံးတစ်လ၊ နှစ်လလောက်ကြိုတင်စာရင်းပေး ထားရတာ။ အခုဒီလိုရုတ်တရက် ဖြစ်တော့ ကြိုတင်စာရင်းပေးထား သူတွေအနေနဲ့ တော်တော်အခက် အခဲဖြစ်နိုင်တယ်’’ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

တာမွေမြို့နယ်၊ နတ်ချောင်း ရပ်ကွက်ရှိ မဟာသန္တိသုခကျောင်း တိုက်ချိပ်ပိတ်မခံရမီကာလအထိ မင်္ဂလာဧည့်ခံပွဲများ ကျင်းပခဲ့ခြင်း များရှိသော်လည်း    အဆိုပါကျောင်းတိုက်တွင် မင်္ဂလာ ဧည့်ခံပွဲ များကျင်းပခွင့်မပြုထားကြောင်း သာသနာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဇွန်လ ၁၁ ရက်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ငြင်းဆိုခဲ့သည်။

7 Day Daily

0 comments:

Post a Comment