လာမည့် ၁၅နှစ်အတွင်း မြန်မာနိုင်ငံသည် ပြည်ပသို့ဆန်ပို့ရာတွင် အကောင်းဆုံးဈေးကွက်တစ်ခုဖြစ်လာနိုင်သည်ဟု မျှော်မှန်းထားကြောင်း ကမ္ဘာ့ဘဏ်နှင့် သက်မွေးဝမ်းကျောင်းနှင့် စားနပ်ရိက္ခာလုံခြုံရေးရန်ပုံငွေ အဖွဲ့(LIFT)တို့မှ ထုတ်ပြန်ကြေညာသည့် အစီရင်ခံစာတွင် ဖော်ပြသည်။
အစီရင်ခံစာတွင်ဖော်ပြချက်အရ ထိုင်း၊ ဗီယက်နမ်နှင့်ကမ္ဘောဒီးယားနိုင်ငံ တို့သည် အရှေ့တောင်အာရှဒေသအတွင်း အပြိုင်အဆိုင်ဆန်တင်ပို့သည့် နိုင်ငံများဖြစ်နေပြီး မြန်မာနိုင်ငံသည် အရည်အသွေးနိမ့် ပြည်ပတင်ပို့မှု ဈေးကွက်များကို လက်ရှိတွင်အာရုံစိုက်လျက်ရှိကြောင်း၊ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပြည်ပဆန်တင်ပို့မှု တန်ချိန် ၁ဒသမ၃သန်းရှိခဲ့သော မြန်မာနိုင်ငံသည် ယခုနှစ်အတွင်း ပြည်ပတင်ပို့မှု ဆန်တန်ချိန် နှစ်သန်း ပြည့်မီရေးရည်မှန်းချက်သို့ ရောက်ရှိနိုင်ဖွယ်မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာတွင်ဖော်ပြချက်အရ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီး ယားနိုင်ငံတို့သည် အရှေ့အာရှဒေသတွင်းတွင် အပြိုင်အဆိုင်ဆန်တင်ပို့ သည့် နိုင်ငံများဖြစ်နေပြီး မြန်မာနိုင်ငံသည် အရည်အသွေးနိမ့် ပြည်ပ တင်ပို့မှုဈေးကွက်များကို လက်ရှိတွင် အာရုံစိုက်လျက်ရှိကြောင်း၊ ပြီးခဲ့ သည့်နှစ်အနည်းငယ်အတွင်း ပြည်ပဆန်တင်ပို့မှု တန်ချိန် ၁ ဒသမ ၃ သန်းရှိခဲ့သော မြန်မာနိုင်ငံသည် အခုနှစ်အတွင်း ပြည်ပတင်ပို့မှု ဆန်တန် ချိန် နှစ်သန်းပြည့်မီရေးရည်မှန်းချက်ကို ရောက်ရှိနိုင်ဖွယ်မရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂ဝ၂ဝပြည့်နှစ်တွင် ဆန်ပြည်ပတင်ပို့မှု တန်ချိန်လေးသန်းရှိလာ ရန်မျှော်မှန်းထားသည့် မြန်မာနိုင်ငံတွင် လယ်ယာမြေအဆင့်၌ ထုတ်လုပ် နိုင်စွမ်းကျဆင်းခြင်းနှင့် ဆန်အရည်အသွေးကျဆင်းခြင်း
တို့သည် မြန်မာ နိုင်ငံတွင် ဆက်လက်သက်ရောက်မှုဖြစ်ပေါ်နေကြောင်း၊
ဒေသတွင်းရှိ အခြားဆန်တင်ပို့သည့် နိုင်ငံများနှင့်နှိုင်းယှဉ်ပါက တစ်ဟက်တာလျှင် ဆန်တန်ချိန် ၂ဒသမ ၅ရာခိုင်နှုန်း ပျမ်းမျှထုတ်လုပ်နိုင်စွမ်းသည် ဒေသ တွင်းနိုင်ငံများ၏ ထက်ဝက်သာရှိကြောင်း၊ ကြိတ်ခွဲသည့်အဆင့်အပါအဝင် ကုန်ချောထုတ်လုပ်မှုအဆင့်တွင်
ခေတ်အမီတော့သည့်နည်းလမ်းများ ကြောင့် အရည်အသွေးနှင့် အရည်အတွက်ပိုင်းတွင် ၁၅ မှ ၂ဝ ရာခိုင်နှုန်း ဆုံးရှုံးနေရကြောင်း အစီရင်ခံစာတွင်ဖော်ပြသည်။
မြန်မာ့ဆန်ပြည်ပတင်ပို့မှုတိုးမြှင့်လာစေရန် ကမ္ဘာ့ဘဏ်၏အစီရင်ခံ စာတွင် အကြံပြုချက်များကိုလည်း ဖော်ပြထားသည်။ အဆိုပါအကြံပြု ချက်များတွင် ထုတ်လုပ်ရေး၊ စားသုံးမှု၊ ပြည်ပတင်ပို့မှုနှင့် ဈေးနှုန်းများနှင့် ပတ်သက်ပြီး ပါဝင်ပတ်သက်သူများကို တိကျသည့်ဈေးကွက်သတင်း အချက်အလက်များပေးအပ်သွားရန်၊ ချေးငွေပြန်ဆပ်ရန် သတ်မှတ်ချက် ကာလကို ၁၂ လတာအထိသာ ကန့်သတ်ထားခြင်းမပြုရန်၊ ကြိတ်ခွဲခြင်း၊ သိုလှောင်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုရန်၊ ပို့ကုန်လိုင်စင်များ ထုတ်ပေးပြီးချိန်တွင် အခွန် ကောက်ခံမှု တိုးမြှင့်ခြင်း ဖျက်သိမ်းများမပြုလုပ်ရန်၊ မျိုးစေ့နှင့်ပတ်သက်၍ အမျိုးသားမူဝါဒသစ်ချမှတ်ပြီး ပို့ကုန်အလားအလာမြင့်မားသည့် စပါး မျိုးစေ့များသုံးစွဲရန်၊ လယ်သမားများနှင့် အကျွမ်းဝင်သည့် နည်းပညာပေး အပ်ရန်အတွက် ပုဂ္ဂလိက ကဏ္ဍနှင့်ပူးပေါင်းရန်၊ ရေသွင်းရေထုတ်စနစ်
ကောင်းမွန်အောင်ပြုလုပ်ရန်နှင့် လယ်တောမှဈေးကွက်သို့ ချိတ်ဆက်သည့် လမ်းများအတွက် ရင်းနှီးမြှုပ်နှံကာ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို
လျှော့ချသွားရန်တို့ကို အစီရင်ခံစာတွင် အကြံပြုထားသည်။
The Union Daily
0 comments:
Post a Comment