Tuesday, June 10, 2014

ရန်ကုန်-နေပြည်တော်အမြန်လမ်းတစ်လျှောက် အကျွတ်အလွတ် အန္တရာယ်ကင်းပရိတ်ပဋ္ဌာန်းတော်များနှင့် မြတ်ကမ္မဝါ အသံမစဲရွတ်ဖတ်ပူဇော်



ရန်ကုန်-နေပြည်တော် အမြန် လမ်းတစ်လျှောက် တတိယအကြိမ် အကျွတ်အလွတ် အန္တရာယ်ကင်း ပရိတ်တော်များနှင့်ပဋ္ဌာန်းဒေသနာ၊ မွန်မြတ်သော မြတ်ကမ္မဝါအသံမစဲ ရွတ်ဖတ်ပူဇော်ပွဲတော်ကို ယခုလ ၇ ရက် ညနေ ၃ နာရီမှစတင်၍ သန်လျင်မြို့နတ်စင်တစ်ရာကျောင်း တိုက်မှစ၍ ရွတ်ဖတ်ပူဇော်ခဲ့သည်။

ထိုအသံမစဲ ရွတ်ဖတ်ပူဇော်ပွဲ ကိုနိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် သန်လျင်မင်းကျောင်း ပထမပြန် စာသင်တိုက်နှင့် နတ်စင်တစ်ရာ ကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ စန္ဒိမာဘိဝံသကို ဦးထိပ်ပန်ဆင် ကာနယ်လှည့်သစ္စာဓိဋ္ဌာန်စတုဒိသာ ဒေဝဒဟသဗ္ဗသိဒ္ဓိ နတ်စင်တစ်ရာ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ ပညာတေဇ ဦးဆောင်၍ သံဃာ တော်အပါး ၆ဝနှင့်အတူ သန်လျင် မြို့မှ မရမ်းကုန်း၊ ထိုမှတစ်ဆင့် ရန်ကုန်-နေပြည်တော်အမြန်လမ်း တစ်လျှောက် အကျွတ်အလွတ်များ အတွက် အာဟာရဒါနများကို ကျွေးမွေးခဲ့သည်။

အန္တရာယ်ကင်း ပရိတ်တော် များကို ရှေ့ဆုံးမော်တော်ယာဉ်မှ ဦးဆောင်ရွတ်ဆို၍ အပရလောက သားများ၊ မြင်အပ်၊ မမြင်အပ် ပုဂ္ဂိုလ်များအတွက် ၁၄ ပေ ကား ကြီးနှစ်စီးကိုထားရှိကာနောက်တွင် ပဋ္ဌာန်းရွတ်ဆိုသောယာဉ်၊ထို့နောက် မှ မြတ်ကမ္မဝါရွတ်ဆိုယာဉ်များ ဖြင့် ရန်ကုန်-နေပြည်တော် အစုန်/ အဆန် မေတ္တာပွားကာ အသံမစဲ ရွတ်ဖတ်ပူဇော်ခဲ့သည်။
အမြန်လမ်းတစ်လျှောက် ၃၁ မိုင် ၄ဖာလုံ၊ ၃၅မိုင်၊ ၅၁မိုင်၊ ၇၂ မိုင်၊ ၉၁မိုင်၂ဖာလုံ၊ ၁ဝ၃မိုင်၎ဖာ လုံ၊ ၁ဝ၅မိုင် ၇ဖာခုံ၊ ၁ဝ၃မိုင်၊ ၁၉၇ မိုင်တို့တွင် အကျွတ်အလွတ် အာဟာရဒါနများ ကျွေးမွေး၍ ပရိတ်ပဋ္ဌာန်းရည်များကို နတ်စင် တစ်ရာဆရာတော်က ရွတ်ဆိုပက် ဖျန်းပေးခဲ့သည်။

ထို့နောက် နေပြည်တော် Feel စားသောက်ဆိုင်တွင် သံဃာ တော်များအား ယမန်နေ့နံနက်က အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်း ခဲ့ပြီးနောက် နေပြည်တော် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံးချုပ်တွင် ဝင်ရောက်အဖူး မြော်ခံ၍ သြဝါဒများမိန့်ကြားခဲ့ သည်။

The Union Daily

0 comments:

Post a Comment