Tuesday, June 10, 2014

ပြည်ပရင်းနှီးမြှုပ်နှံမှု အ၀င်များ၍ ချုပ်ထည်တင်ပို့မှု အလားအလာကောင်း



အမေရိကန်အခြေစိုက် အထည်ချုပ်ကုမ္ပဏီကြီးဖြစ်သော GAP အပါအ၀င် ပြည်ပရင်းနှီး မြှုပ်နှံမှုများစွာ ၀င်ရောက်ရန်ရှိ၍ ယခုဘဏ္ဍာနှစ်တွင် ပြည်ပသို့ ချုပ်ထည်တင်ပို့မှုမှ ၀င်ငွေအမေရိ ကန်ဒေါ်လာ တစ်ဘီလီယံခွဲထိ ၀င်ရောက်မည်ဟု ခန့်မှန်းထား ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမြင့်စိုးကပြောသည်။

‘‘GAP လိုတာဝန်သိကုမ္ပဏီ ကြီးဝင်လာတာ မြန်မာအထည် ချုပ်လောကအတွက်တော့ အလားအလာကောင်းပဲ’’ဟု အ ထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။

မြန်မာနိုင်ငံသို့ အမေရိကန်၊ ဥရောပသမဂ္ဂနိုင်ငံများမှ အထည် ချုပ်လုပ်ငန်းများစွာ ၀င်ရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော် လည်း ပြည်တွင်း၌ လူ့အခွင့်အ ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားအခွင့်အရေးတို့ မရှိ သဖြင့် ၀င်ရောက်ရန်ခက်ခဲနေခဲ့ သည်။ သို့သော် အပ်ထည်အမှာ များရရှိမှုမှာ ယခုနှစ်တွင် ဂျပန်၊ တောင်ကိုရီးယား တို့သာမက  ဥရောပသမဂ္ဂ၊ အမေရိကန်နိုင်ငံ တို့က ပါဝင်ရောက်နေသဖြင့် အ လားအလာကောင်းများစွာရှိနေ သည်။

‘‘လုပ်ငန်းတွေကတော့ ကုန် ကြမ်းခက်တော့ ဒီနှစ်မှာ အမှာ တောင်နည်းနည်းကျတယ်။ အဓိ ကခက်နေတာ အိတ်စပို့သွင်းတဲ့ ဆိပ်ကမ်းမှာ ရစ်နေတာပဲ’’ဟုထိပ် တန်းမြန်မာအထည်ချုပ်စက်ရုံမှ ဒါရိုက်တာဦးလှထွေးက ပြော သည်။

အထည်ချုပ်လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် အတားအဆီး မှာ အခြေခံအဆောက်အအုံ အားနည်းမှု၊ ဆိပ်ကမ်းများတွင် လုပ်ထုံးလုပ်နည်းများကြာမြင့်နေ မှု၊ လမ်းပန်ဆက်သွယ်ရေးအခက် အခဲစသည့်တို့ကို နိုင်ငံတော်မှ ဖြေရှင်းပေးရန်လိုအပ်ကြောင်း အထည်ချုပ်လုပ်ငန်းရှင်များက ပြောသည်။

ပြည်ပသို့ချုပ်ထည်တင်ပို့မှု မှာ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်တွင် စံချိန်တင်ခဲ့ပြီး ချုပ်ထည်ပြည်ပ တင်ပို့မှုမှာ ဒေါ်လာ ၁ ဒသမ ၁ သန်းခန့်ရှိကြောင်း သိရသည်။

7 Day Daily

0 comments:

Post a Comment