စက်မှုဇုန်ထုတ်ကားများ ကို ယခုနှစ်တွင် ယာဉ်အိုယာဉ် ဟောင်း လက်ခံမည်ဆိုခြင်းကြောင့်ပြည်တွင်းကားဈေးကွက်တွင် နှစ်ရက်အတွင်း ကျပ်သိန်း ၂၀ ကျော်အထိ ဆက်တိုက်မြင့်တက် သွားကြောင်း သတင်းရရှိသည်။
ယခင်ဇုန်ထုတ်ဂျစ်တစ်စီး လျှင် ကျပ်၂၅ သိန်းမှ သိန်း ၃၀ အထိ ရှိခဲ့သော်လည်း ဇွန်လ ၁၂ ရက်တွင် ဇုန်ထုတ်တစ်စီးလျှင် ၄၅ သိန်းမှ ၅၅ သိန်းအထိ မြင့်တက်သွားကြောင်း ပြည်တွင်းကားဈေးကွက်မှ စုံစမ်းသိရှိရသည်။
ဇွန်လ ၁၀ ရက်က စက်မှု ဇုန်များမှ ထုတ်လုပ်သော ဇုန်ထုတ်ကားများကို ယာဉ်အိုယာဉ်ဟောင်း
အပ်နှံမှုအစီအစဉ်ဖြင့် ယခုနှစ်အတွင်း အပ်နှံခွင့်ပြုမည်ဖြစ်ကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးချန်မောင်ကပြောကြာပြီးနောက် ဈေးနှုန်းများယခုလိုဆက်တိုက်မြင့်တက်သွားခြင်းဖြစ်ကြောင်း မင်းရဲကျော်စွာ ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုကျော်စွာစိုးကပြောသည်။
‘‘သတင်းမထွက်ခင် ဇုန် ကားစုထားတဲ့သူတွေက ခုချိန်စ ပြီး ထုတ်ရောင်းနေကြတာ’’ဟု ၎င်းကဆိုသည်။
ယနေ့ရန်ကုန်မြို့၏ အဓိက ကားအရောင်းအ၀ယ်ပြုလုပ်ရာ နေရာဖြစ်သော မင်းရဲကျော်စွာ သီရိမင်္ဂလာနှင့် သတိပဋ္ဌာန်ကား ပွဲစားဝင်းများတွင် ဇုန်ထုတ်ကား အစီးရေ ၁၀ စီးထက်မနည်း အ ရောင်းအ၀ယ်ဖြစ်ခဲ့ကြောင်း ပြည် တွင်းကားဈေးကွက်မှ စုံစမ်းသိရှိ ရသည်။
စက်မှုဇုန်ထုတ်ကားများမှာ သက်တမ်းအားဖြင့် ဆယ်နှစ်ဝန်း ကျင်သာရှိသော်လည်း ယာဉ်ကြံ့ ခိုင်မှုနှင့်အရည်အသွေးမှာကျဆင်းလာသဖြင့် အစိုးရက အပ်နှံခွင့်ပြုရန် စီစဉ်ခဲ့ပြီးနောက် လူစိတ် ၀င်စားမှုနည်းပါးခဲ့သည့် ဇုန်ကား များ၏ ဈေးပြန်ကောင်းလာခြင်း ဖြစ်သည်။
၂၀၁၄ ခုနှစ်၊မေလအထိ စက်မှုဇုန်ထုတ်ကား ၉၈၃၃၄ စီးကိုမှတ်ပုံတင်ပေးပြီးဖြစ်သည်။ ဇုန်ထုတ်ယာဉ်များမှာ၂၀၀၁ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့၍ မှတ်ပုံတင်သက်တမ်း ၁၀ နှစ် ကျော်သာရှိသေးသည်။
7 Day Daily
0 comments:
Post a Comment