ပုဂ္ဂလိ က ဆက်သွယ် ရေး အော်ပရေတာ မြေ နေရာများ ငှားရမ်း လိုပါက ရထား လုပ်ငန်း နှင့် လွတ်ကင်း လျှင် ငှားရမ်း ပေးမည် ဖြစ် ကြောင်း မြန်မာ့ မီးရထား Optical Fiber Cable လိုင်းများ သွယ်တန်း ခြင်း စီမံကိန်း မှ တာဝန် ရှိသူ တစ်ဦး ၏ ပြောကြား ချက် အရ သိရ သည်။ လက်ရှိ တွင် ဆက်သွယ် ရေး တာဝါတိုင် များ တည် ဆောက် ရန် မြေ နေရာ အခက် အခဲ ဖြစ်နေ သည့် ဆက်သွယ် ရေး အော်ပရေ တာများ ကို တာဝါတိုင် တည် ဆောက် ရန် မီးရထား ဘူတာ အနီး ၀န်းကျင် ရှိ မြေနေရာ များ ကို ငှားရမ်း ပေး သွားမည် ဖြစ်ကြောင်း သိရ သည်။ တစ် နိုင်ငံ လုံး အတိုင်း အတာ အရ မီးရထား ဘူတာ ရုံ ပေါင်း ၉ဝဝ ကျော် ရှိပြီး တင်ဒါ ခေါ် ယူရာ တွင် အမြင့် ဆုံး ဈေးနှုန်းပေး လျှောက်ထား သူ ကို ရွေးချယ် ငှားရမ်း ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ မြေ ငှားရမ်း ရန် အတွက် အရွေးချယ် ခံရသော ဆက်သွယ် ရေး အော်ပရေတာ ကို ၁၅ နှစ် လုပ်ကိုင် ခွင့် ပြုမည် ဖြစ်ပြီး မြေ ငှားရမ်းခ အနေဖြင့် ငါးနှစ် တစ်ကြိမ် ပြောင်းလဲ သတ်မှတ် သွားမည် ဖြစ်ကြောင်း သိရ သည်။ တင်ဒါ ခေါ်ယူမှု ကို သြဂုတ် ၅ ရက် အထိ လျှောက်ထား ခွင့် ပြုမည် ဖြစ်ပြီး တင်ဒါ ပေးသွင်း မည့် အော်ပရေ တာ များ သည် အာမခံ ငွေ ကို မြေငှား ရမ်းခ တစ်နှစ် စာ လုံး ပေးသွင်း ထားရ မည် ဖြစ်ကြောင်း သိရ သည်။ ယင်း အတွက် မြေ ငှားရမ်း ရန် သတ်မှတ် ထား သည့် မြေနေရာ မှာ ပျမ်းမျှ အားဖြင့် ပေ (၆ဝ x ၈ဝ) မြေကွက် များ ဖြစ်ကြောင်း၊ ရထား လုပ်ငန်း လုပ်ကိုင်မှု မရှိသော မြေကွက် များ ကို ရွေးချယ် ငှားရမ်း မည် ဖြစ်ပြီး မြေငှား ရမ်းခ နှုန်းထား မှာ ငှားရမ်း မည့် ဘူတာ ရှိရာ မြို့အပေါ် မူတည် ၍ ဈေးနှုန်း ကွာခြား သွားမည် ဖြစ်ကြောင်း သိရ သည်
Golden Land Myanmar

0 comments:
Post a Comment