Tuesday, June 10, 2014

အင်းလေး ဒေသ သည် ပြည်တွင်း ပြည်ပ ခရီး သွားများ အများဆုံး လာရောက် သည့်နေရာ ဖြစ်လာ





ယခုလက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ပြည်တွင်း၊ ပြည်ပ ဘုရားဖူးများနှင့် လာရောက်လည်ပတ်သူများ အများ ဆုံး လာရောက်သည့် နေရာမှာ ရှင်းပြည်နယ်(တောင်ပိုင်း) ရှိ အင်းလေးဒေသ ဖြစ်လာကြောင်း

ဘုရားဖူးနှင့် အပန်းဖြေ ခရီးသွား လုပ်ငန်းလုပ်ကိုင် သူများထံမှ သိရသည်။ ယခင်က မြန်မာနိုင်ငံ၌ ပြည်တွင်း၊ ပြည်ပ ခရီးသွားများနှင့် ဘုရားဖူးဧည့်သည်များ အများဆုံး လာရောက်လည်ပတ်သည့် နေရာမှာ ပုဂံဒေသဖြစ်ပြီး ယခုအခါ တွင် ရာသီဥတု အနေအထား အရသော် လည်းကောင်း၊ သဘာဝရှုခင်း အလှအပများအရ သော် လည်းကောင်း သွားရောက်လည်ပတ်မှု အများဆုံးနေရာမှာ အင်းလေးဒေသ ဖြစ်လာသည်။

အင်းလေး ဒေသအတွင်း လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ ပိုမိုများပြား လာခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုမရှိစေရန် ထိန်းသိမ်းမှုများ၊ ပြုပြင်စောင့်ရှောက်မှုများ ပြုလုပ် လျက်ရှိသကဲ့ သို့ ဒေသခံများ၏ လူနေမှုအနေအထား ပိုမိုမြင့်မား လာစေရန်အတွက် အကူအညီ အထောက် အပံ့ များကိုလည်း တာဝန်ရှိသူများက ကူညီထောက်ပံ့ ပေးလျက်ရှိသည်။ ခရီးသွားပြည်သူများ အနေဖြင့် အင်းလေးဒေသသို့ ပိုမိုသွားရောက် လည်ပတ်ခြင်းမှာ နေထိုင်ရန်အတွက် တည်းခိုစရာအခန်းများ ပေါများ ခြင်း၊ နေထိုင်စားသောက်မှု ကုန်ကျစရိတ် သက်သာခြင်းများ အပြင် သွားရောက်လည်ပတ်ရန် နေရာများ ပေါများခြင်းများကြောင့် ဖြစ်သည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ယခု မိုးရာသီအချိန်သည် မည်သည့်ဒေသတွင်မဆို ခရီးသွားပြည်သူများ လာရောက် လည်ပတ်မှု လျော့နည်း လာသည့် အချိန်ဖြစ်သော်လည်း အင်းလေးဒေသသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များမှာ လျော့နည်း သွားခြင်း မရှိကြောင်း သိရသည်။ မိုးဦးကျ ကာလသို့ ရောက်ရှိလာခြင်းကြောင့် ပင်လယ်ကမ်းခြေ ဒေသများနှင့် ပုဂံဘုရားဖူး ခရီးစဉ်များသို့ သွားရောက်သူ နည်းပါးသွားသည့် အတွက်ကြောင့် အင်းလေး ဒေသသို့ လာရောက်လည်ပတ်မှု ပိုမိုများပြားလာခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြ၀တီ

0 comments:

Post a Comment