Tuesday, March 4, 2014

ဇွန်လတွင် ပူပြင်းသည့် အယ်နီညို ဖြစ်နိုင်ဟု ခန့်မှန်း


ယခု ၂ဝ၁၄ ခုနှစ် လာမည့် ဇွန်လအတွင်းတွင် ပူပြင်းသည့် အယ်နီညို ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က မတ်လ ၃ရက်တွင် မဇ္ဈိမကိုပြောသည်။
ယင်းအပြင် ယခုနှစ် နွေရာသီသည် ပုံမှန်ထက် ပူပြင်းမည်ဟု ခန့်မှန်းထားပြီး မြန်မာနိုင်ငံတောင်ပိုင်းတွင် ပုံမှန် အပူချိန် အောက်ရောက်ရှိမည်ဟုခန့်မှန်းထားသည်။
ဒါက်တာထွန်းလွင် “ဒီနှစ် အယ်နီညို ဖြစ်နိုင်မယ်လို့ ခန့်မှန်းထားတယ်။ ဇွန်လလောက် ဖြစ်လာနိုင်တယ်”ဟု ပြောသည်။

အယ်နီညို ဖြစ်ပေါ်ပါက မုတ်သုံ မိုးနည်းခြင်း၊ သာမန်ထက် အပူချိန် လွန်ကဲခြင်း၊ ရေခန်းခြောက်ခြင်းများ ဖြစ်ပေါ်နိုင်ခြင်းဖြစ်သည်။ အယ်နီညို ရာသီဥတု ဖြစ်ပေါ်မှုကို ပင်လယ်ပြင်ရေမျက်နှာပြင်ပေါ်ရှိ အပူချိန်မှတဆင့်တိုင်းတာတွက်ချက်ရပြီး ပုံမုန်ထက် ဝ.၅ စင်တီဂရိတ် ပိုပါက အယ်နီညို ဖြစ်ပေါ်ကာ ဝ.၉ ဆိုပါက အားကောင်း သည့် အဆင့်သို့ ရောက်ရှိလာမည်ဖြစ်သည်။

အပူချိန် မြင့်တက်ခြင်းနှင့် ပတ်သက်ပြီး “ ကလေးသူငယ်နဲ့ အသက်ကြီးသူတွေ သတိထားသင့်တယ်။ အထူးသဖြင့် ဧပြီလမှာ ပိုသတိထားဖို့ကောင်းတယ်”ဟု လည်း ဦးထွန်းလွင်က ဆိုသည်။

လက်ရှိ ရာသီဥတုအအခြေအနေသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် အပူချိန် ၄ဝဒီဂရီစင်တီဂရိတ်ခန့်ရှိနေပြီး ကျန်သည့်ဒေသများတွင် စပြီးပူစပြုနေပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်နှင့် ၂ဝဝ၈ ခုနှစ်တွင် အလွန်ဆိုးရွားသည့် အယ်နီညိုဖြစ်ပေါ်ခဲ့ ဖူးသည်။

မတ်လ ၃ရက်တွင် နေ့အပူချိန်ခန့်မှန်းချက်မှာ မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီး တို့တွင် 37°C - 38°C ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ် နှင့် မွန်ပြည်နယ် တို့တွင် နေ့အပူချိန်များဟာ 35°C - 36°C ခန့်၊ နေပြည်တော်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ အရှေ့ပိုင်းတို့တွင် 30°C - 34°C ခန့်၊ ကျန်ပြည်နယ် နဲ့ တိုင်း တို့တွင် 25°C - 29°C ခန့် ရှိနိုင်သည်။

ဒေါက်တာထွန်းလွင်

0 comments:

Post a Comment