Wednesday, March 5, 2014

ရွှေစက်တော် ဂေါပကဥက္ကဋ္ဌအပါအ၀င် ဘုရားဂေါပကအဖွဲ့ဝင်ငါးဦး နုတ်ထွက်

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ မင်းဘူး /စကုမြို့နယ်ရှိ ရွှေစက်တော်ဘုရားမှ ဘုရားဂေါပကဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်ငါးဦး နုတ်ထွက်သွားပြီး ကျန်ရှိအဖွဲ့ဝင်များဖြင့် မတ်လ ၃ ရက်တွင် ဂေါပကအဖွဲ့အသစ်ကို ပြန် လည်ဖွဲ့စည်းလိုက်သည်ဟု ဒေသခံဂေါပကအဖွဲ့ဝင် တစ်ဦးက မဇ္ဈိမကို ပြောသည်။

ယခင်ဂေါပကအဖွဲ့ဝင်၂၀ ဦးရှိသည့်အနက် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာဝန်ထမ်းငါးဦး နုတ်ထွက်သွားပြီး ၎င်းတို့နေရာများတွင် အစားထိုးပြင်ဆင် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“အခုပြန်ဖွဲ့စည်းတဲ့ ဂေါပကအဖွဲ့က လက်ကျန် ၁၅ ယောက်နဲ့ ဖွဲ့တာပါ။ ကျွန်တော်ကတော့ ကိုယ့်ဆန္ဒ နဲ့ကိုယ် ဂေါပကအဖွဲ့သစ်ကနေ ထွက်လိုက်တယ်”ဟု ဂေါပကအဖွဲ့ စီမံရေးရာတာဝန်ခံ ဦးစိုးတင့်က မဇ္ဈိမကို ပြောသည်။

ထို့အတွက် လက်ရှိတွင် ရွှေစက်တော်ဘုရားဂေါပကအဖွဲ့၌ အဖွဲ့ဝင် ၁၄ ဦးသာ ရှိမည်ဖြစ်သည်။

ရွှေစက်တော်ဘုရား ယခင်ဂေါပကအဖွဲ့နှင့်ပတ်သက်၍ ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ဒေသခံများနှင့်၁၂ ပွဲဈေး နယ်လှည့်ဈေးသည် ၇၀ ကျော်က စုပေါင်းလက်မှတ်ထိုးပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးထံ ဂေါပကအဖွဲ့သစ် ပြန်လည်ဖွဲ့စည်းပေးရန် တိုင်ကြားခဲ့ကြောင်း မင်းဘူးမြို့နယ် ဆင်ဂေါင်း ရွာမှ ဦးအေးကိုက မဇ်္ဈိမကို ပြောသည်။

ယင်းနောက်တွင် လက်ရှိ ဂေါပကအဖွဲ့ဝင် ၂၀ ဦးအနက် အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ ဂေါပကအဖွဲ့ဝင် ငါးဦးအား နုတ်ထွက်ခွင့်ပြုပါရန် မြို့နယ်သံဃနာယကဆရာတော်နှင့် ဆရာတော်များထံ လျှောက်ထားခဲ့ ခြင်းဖြစ်ကြောင်း မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်(ဂေါပကဥက္ကဋ္ဌ)က မတ်လ ၃ ရက်တွင်ပြော သည်။

ယခင်ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌဦးခင်မောင်မြင့် (မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး)၊ အတွင်းရေးမှူး ဦးခင်မောင် သိန်း(ခရိုင်လ၀ကဦးစီးမှူး)၊ တွဲဖက်အတွင်းရေးမှူး၊ ဦးတင့်လွင် (မြို့နယ်အုပ်ချုပ်ရေးမှူး)၊ အဖွဲ့ဝင်ဦးမြင့် ဇော်ထွန်း(ခရိုင်စီမံကိန်းဦးစီးမှူး)နှင့် အဖွဲ့ဝင်ဦးကျော်ဆွေ(မြို့နယ်သာသနာရေးဦးစီးမှူး)တို့ နုတ်ထွက် သွားကြောင်း ကျန်ရှိ အရပ်သားဂေါပကအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် ဂေါပကအဖွဲ့တွင် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်ကို နာ ယကထား၍ ကျန်အရပ်သား ၁၅ ဦးထဲမှ အလုပ်အမှုဆောင်နေရာ ပြန်လည်ဖွဲ့စည်းခဲ့ပြီး မင်းဘူးမြို့၊ အ မှတ်(၂)ရပ်ကွက်မှ ဦးမျိုးမြင့်က ဥက္ကဋ္ဌ၊ ဦးဌေးမြင့်သိန်းက အတွင်းရေးမှူး၊ စကုမြို့မှ ဦးမြင့်သိန်းထွန်းက တွဲဖက်အတွင်းရေးမှူး၊ မင်းဘူးမြို့ (၁)ရပ်ကွက်မှ ဦးညိုက ဘဏ္ဍာရေးမှူး(၁)၊ ဦးစိုးတင့်က ဘဏ္ဍာရေး မှူး(၂)အဖြစ် အသီးသီးတာဝန်ယူပြီး ကျန် ၁၀ ဦးကို အဖွဲ့ဝင်များအဖြစ် ပူးပေါင်း ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

Mizzima - News in Burmese

0 comments:

Post a Comment