Monday, March 3, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဆက်တိုက်ပြုလုပ်

Photo: ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရန် ဆန္ဒထုတ်ဖော်ပွဲများကို ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များတွင် ဆက်တိုက်ပြုလုပ်
Monday, March 3, 2014

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာဒေသခံ ပြည်သူများနှင့် အရပ်ဘက် လူ့အဖွဲ့စည်းတို့မှ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

ယင်းသို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုမှုကို မတ် ၂ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့တွင် ဒေသခံများနှင့် အရပ်ဘက် လူ့အဖွဲ့စည်းတို့မှ တရားဝင်ခွင့်ပြုမိန့် တောင်းခံကာ ပြုလုပ်ခဲ့ကြသည်။

လှိုင်မြို့နယ်တွင် မတ် ၂ ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ အုတ်ကျင်းကားမှတ်တိုင် အနီး၌စ၍ ဒေသခံပြည်သူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့မှ လူအင်အား ၂၀၀ ကျော်ဖြင့် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး” ဆိုင်းဘုတ်များ၊ နိုင်ငံအရေးအရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)(ဃ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆ (က/ခ)” များ ပြင်ပေးရေးနှင့် “လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးစတင်ပါ” စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အင်းလျားကန်ပေါင်အထိ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

“အခု ဆန္ဒပြပွဲမှာလည်း ပြည်သူလူထုတွေ၊ အရပ်ဘက် လူ့အဖွဲ့စည်းတွေအားလုံး ပါဝင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးစေ ချင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောမှု တစ်စုံတစ်ရာ မရှိခဲ့ရင် ပြည်သူလူထုကို ဒီထက်မက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပြုလုပ်လာပါလိမ့်မယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သည့် peace ma chine group မှ ကိုဇော်လင်းအောင်က မတ် ၂ ရက်တွင် Eleven Media Group သို့ ပြောကြားသည်။

အလားတူ အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို ဒေသခံပြည်သူများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် မတ် ၃ ရက် (ယနေ့) နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် မတ် ၄ ရက် နံနက် ၉ နာရီတွင် ဒဂုံမြို့သစ် တောင်ပိုင်းတို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများကို ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ် ရှိသည့်အနက် မြို့နယ် ၁၁ မြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဇန်န၀ါရီလကုန်ပိုင်းလောက်မှ စတင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲများကို ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံဥပဒေတွင် ပါဝင်သော ပုဒ်မ ၄၃၆ (က)(ခ) ပြင်ဆင်ရန်မှာ အဓိကကျသဖြင့် ဆန္ဒဖော်ထုတ်သူများက ယင်းပုဒ်မကို ဦးစွာဖျက်သိမ်းပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးအတွက် လှိုင်မြို့နယ်တွင် ဆန္ဒပြ တောင်းဆိုနေသူများအား တွေ့ရစဉ်

Eleven Media Group
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုမှုများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင် သက်ဆိုင်ရာဒေသခံ ပြည်သူများနှင့် အရပ်ဘက် လူ့အဖွဲ့စည်းတို့မှ ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

ယင်းသို့ဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒပြ တောင်းဆိုမှုကို မတ် ၂ ရက်နေ့တွင်
ရန်ကုန်တိုင်းဒေသကြီးရှိ လှိုင်မြို့နယ်နှင့် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တို့တွင် ဒေသခံများနှင့် အရပ်ဘက် လူ့အဖွဲ့စည်းတို့မှ တရားဝင်ခွင့်ပြုမိန့် တောင်းခံကာ ပြုလုပ်ခဲ့ကြသည်။

လှိုင်မြို့နယ်တွင် မတ် ၂ ရက် မွန်းလွဲ ၁ နာရီမှ ၃ နာရီအထိ အုတ်ကျင်းကားမှတ်တိုင် အနီး၌စ၍ ဒေသခံပြည်သူများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းတို့မှ လူအင်အား ၂၀၀ ကျော်ဖြင့် “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရေး” ဆိုင်းဘုတ်များ၊ နိုင်ငံအရေးအရ ဖိနှိပ်ချုပ်ချယ် ရေးဆွဲထားသော “ပုဒ်မ ၅၉(စ)(ဃ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၄၃၆ (က/ခ)” များ ပြင်ပေးရေးနှင့် “လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး အမြန်ဆုံးစတင်ပါ” စသည့်ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အင်းလျားကန်ပေါင်အထိ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။

“အခု ဆန္ဒပြပွဲမှာလည်း ပြည်သူလူထုတွေ၊ အရပ်ဘက် လူ့အဖွဲ့စည်းတွေအားလုံး ပါဝင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးစေ ချင်ပါတယ်။ အစိုးရအနေနဲ့ ပြည်သူတွေရဲ့ဆန္ဒကို လိုက်လျောမှု တစ်စုံတစ်ရာ မရှိခဲ့ရင် ပြည်သူလူထုကို ဒီထက်မက လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ပြုလုပ်လာပါလိမ့်မယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်ပြုလုပ်သည့် peace ma chine group မှ ကိုဇော်လင်းအောင်က မတ် ၂ ရက်တွင် Eleven Media Group သို့ ပြောကြားသည်။

အလားတူ အဆိုပါနေ့ မွန်းလွဲ ၃ နာရီတွင် ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုကို ဒေသခံပြည်သူများ ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် မတ် ၃ ရက် (ယနေ့) နံနက် ၈ နာရီတွင် ဒဂုံမြို့သစ် အရှေ့ပိုင်းနှင့် မတ် ၄ ရက် နံနက် ၉ နာရီတွင် ဒဂုံမြို့သစ် တောင်ပိုင်းတို့တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုများကို ဆက်တိုက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် မြို့နယ် ၄၅ မြို့နယ် ရှိသည့်အနက် မြို့နယ် ၁၁ မြို့နယ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် နိုင်ငံရေးအရ ဖိနှိပ်ထားသော ပုဒ်မများ ဖျက်သိမ်းပေးရန် ဆန္ဒထုတ်ဖော်မှုများကို ပြုလုပ်ခဲ့ပြီးဖြစ်ကာ ဇန်န၀ါရီလကုန်ပိုင်းလောက်မှ စတင်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒဖော်ထုတ်ပွဲများကို ဆက်တိုက်ပြုလုပ်လျက် ရှိသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ဖွဲ့စည်းပုံဥပဒေတွင် ပါဝင်သော ပုဒ်မ ၄၃၆ (က)(ခ) ပြင်ဆင်ရန်မှာ အဓိကကျသဖြင့် ဆန္ဒဖော်ထုတ်သူများက ယင်းပုဒ်မကို ဦးစွာဖျက်သိမ်းပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲပေးရေးအတွက် လှိုင်မြို့နယ်တွင် ဆန္ဒပြ တောင်းဆိုနေသူများအား တွေ့ရစဉ်

Eleven Media Group

0 comments:

Post a Comment