Tuesday, March 4, 2014

လူရွှင်တော်ဖြစ်ချင်ခဲ့တဲ့ စိုးသူရဲ့ ငယ်ဘဝအိပ်မက်


အကယ်ဒမီစိုးသူရဲ့ ငယ်ဘဝ ပထမရည်ရွယ်ချက်ဝါသနာက ဂစ်တာ သမားဖြစ်ချင်ခဲ့တာဖြစ်ပြီး ဒုတိယရည်ရွယ်ချက် ဝါသနာကတော့ စင်ပေါ်မှာပြက်လုံးတွေထုတ်ပြီး ပရိ သတ်ကို ရယ်မောပျော်ရွှင်စေတဲ့ ဟာသလူရွှင်တော်ဖြစ်ချင်ခဲ့တာဖြစ် ကြောင်း စိုးသူက ပြောပြခဲ့ဖူးပါတယ်။ ဟာသလူရွှင်တော်ဖြစ်ချင်ရ တဲ့အကြောင်းအရင်းကိုတော့စိုးသူ က “ငယ်ငယ်လေးတုန်းက မိဘက စည်းနဲ့ကမ်းနဲ့ ထားတော့ စာကျက်တယ်။ စာတော်တယ်။ ဆုပေး ဒဏ်ပေးနဲ့ထားတယ်။ စာမေးပွဲတွေအောင်တယ်တို့၊ သင်္ချာအမှတ်ပြည့် ရတယ်တို့ထူးချွန်တဲ့အခါကျရင်ဘာလိုချင် လဲဆုပေးမယ် ဆိုတဲ့ အခါကျရင် ငယ်ငယ်လေးတုန်းက ဂစ်တာတီးချင်တယ်။ ဂစ်တာ ဝယ်ပေးပါဆိုပြီးပြောတယ်။ ဒါက ပထမရည်ရွယ်ချက်နဲ့ ဝါသနာ ပေါ့။ ဒုတိယရည်ရွယ်ချက်ကတော့ ငယ်ငယ်ကတည်းက ပွဲတွေ
ကြည့်တဲ့အခါ ဇာတ်တွေထဲက လူရွှင်တော်ကြီးတွေ ကြည့်ပြီးတအား သဘောကျ တယ်။တကယ်ကို ရယ်ရတဲ့ပြက်လုံးတွေထုတ်တဲ့ လူရွှင် တော်ကြီးဖြစ်ချင် တယ်။ လူရွှင်တော်ကြီးတွေ ဟာသတွေပြောရင် တအားသဘောကျပြီး တအားရယ် တာ။ အဖေ၊ အမေက အစိုးရအမှုထမ်းဆိုတော့ နယ်ရွှေ့ပြောင်းလို့ ကြုံတဲ့အခါ လူရွှင်တော်တွေ ရဲ့ ပြက်လုံးတွေကိုပဲ အဓိကထားအမြဲကြည့်တယ်။ အရင်မြို့တော်ဦး သိန်းအောင်ဇာတ်ထဲက ဆိုရင်ဦးပေါစံတို့ကိုတအားသဘော ကျတယ်။ ဦးစိန်အောင်မင်းတို့ ဇာတ်ထဲက လူရွှင်တော်ကြီးတွေ၊ ဦးဆိုနီတို့ကို ကြည့်ကြည့်ပြီး တအားသဘော ကျတယ်။ လူရွှင်တော်လည်းဖြစ်ချင် ခဲ့တယ်။အခုထိ လည်းလူရွှင်တော်ကိုသဘောကျတုန်းကြိုက်တုန်းပဲ” လို့ ပြောပါတယ်။ အနုပညာသက်တမ်းတစ်လျှောက်မှာ ဇာတ်မင်း သားအနေနဲ့ကခဲ့ဖူးပေ မယ့်လူရွှင်တော်အနေနဲ့တော့မလုပ်ဖြစ်ခဲ့ဘူးလို့ပြော ပါတယ်။ “ဇာတ်လမ်းထဲမှာ နှစ်ကိုယ်ခွဲသရုပ်ဆောင်တော့ ဇာတ် မင်းသားတစ်ကိုယ်အနေနဲ့ ဆရာဦးစိုးမိုးရိုက်ကူးတဲ့ ကတ္တီပါကား အဖွင့်ဇာတ်ကားတုန်းကမေသန်းနုနဲ့သရုပ်ဆောင်ဖူးတယ်။၁၉၉၂၊ ၁၉၉၃လောက် ကရွှေတိဂုံစေတီတော်ရန်ပုံငွေပွဲအတွက် မြန် မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကဦးဆောင်ပြီးကျင်းပတဲ့ပဒေသာကပွဲမှာ အများ ရွှင်တဲ့နှစ်ပါးခွင်ဆိုပြီးကရမယ်လို့ဆရာဦးစိုးမိုးကပြောတော့ ချစ်ချစ် ဇော်၊လင်းဇာနည်ဇော်၊ ခင်ဇာခြည်ကျော်၊ဇင်မာဦးတို့ကမင်းသမီး အနေ နဲ့ တွဲက ကြပါသေးတယ်။လူရွှင်တော်ဦးမိုးဒီ၊ဦးမော့စ်၊ ဦးစိန်ရိုး၊ဦးသန်းဖေလေးတို့နဲ့ ပြက်လုံးတွေ အပြန်အလှန်ပြောဖြစ် ကြတယ်။ လူရွှင်တော် အနေနဲ့သီးသန့်တော့ မလုပ်ဖူးပါဘူး” လို့ ပြောပါတယ်။ အဆင့်မြင့်ပြက်လုံး တွေထုတ်ပြီးလူတွေ ရယ်မောအောင် လုပ်ဖို့ဆိုတာ အင်မတန်နက်နဲတဲ့ ပညာရပ်တစ်ခုလို့မြင်ပြီးလူရွှင်တော် တွေကိုသဘော လည်းကျသလို၊ လေး လည်းလေးစားတယ်လို့ စိုးသူက ပြောပါတယ်။

ခိုင်ဝေလွင်
ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)

0 comments:

Post a Comment