Wednesday, March 5, 2014

စပါးအုံး မြွှေက မိကျောင်းကို မျို၍ အစာအဖြစ် စားသုံး

စပါးအုံး မြွှေက မိကျောင်းကို မျို၍ အစာအဖြစ် စားသုံး
သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ် မောင့်အိုင်ဆာမြို့ အနီးရှိ မွန်းဒါရာ ရေကန်၌ ကြီးမားသော စပါးအုံးမြွေ တစ်ကောင်နှင့် မိကျောင်း တစ်ကောင်တို့ တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ နောက်ဆုံးတွင် မိကျောင်းအား စပါးအုံးမြွေက မျိုချသွားကြောင်း ယင်းတိုက်ခိုက်မှုအား တွေ့ရှိသူ ထရာဗစ်ကာလစ်က အေအက်ဖ်ပီ သတင်း ဌာနသို့ ပြောကြား ခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုသည် မတ် ၂ရက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စပါးအုံးမြွေ အမျိုးအစား မြွေကြီးမှာ အရှည် ၁ဝပေခန့်ရှိသည့် အပြင် သန်စွမ်းကြောင်း   ကာလစ်က ပြောကြားခဲ့သည်။
ယင်းနောက် အရှည်သုံးပေခန့် ရှိသည့် မိကျောင်းသည် စပါးအုံးမြွေကြီး၏ ရစ်ပတ်မှု ကိုခံထားရပြီး နောက်ဆုံးတွင် သေဆုံးသွားခဲ့ကြောင်း တွေ့ရှိသူကာ လစ်က ထပ်လောင်း ပြောကြား ခဲ့သည်။
ယင်းဖြစ်ပွားမှု ပြီးနောက် ၁ဝ မိနစ်ခန့်တွင် မိကျောင်းကို  စပါးအုံးမြွေကြီးက အစာအဖြစ် စားသုံးခဲ့ကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment