လီနာသည် ရုတ်တရက် ထိတ်လန့်သွားသော်လည်း အဆိုပါ ခြင်္သေ့မကြီးက ရန်လိုဟန် မပြသဖြင့် အတန်ငယ် ရဲတင်းသွားပြီး ခင်ပွန်းဖြစ်သူကလည်း ယင်းပုံရိပ်ကို အမိအရ မှတ်တမ်းတင်နိုင်ခဲ့သည်။
တောင်အာဖရိက နိုင်ငံမှ အမျိုးသမီးတစ်ဦး အပျော်တမ်း ရိုက်ကူးခဲ့သည့် ဓာတ်ပုံသည် သူမ၏ ဘဝတွင် တစ်သက်စာ အမှတ်ရစရာအဖြစ် ရယ်ရွှင်ဖွယ်ရာ ကြုံကြိုက်သွားခဲ့သည်။
ခြင်္သေ့ဥယျာဉ်အတွင်း၌ ခြင်္သေ့များသည် လူကို အန္တရာယ်ပြုလေ့ မရှိသော်လည်း လူအများနှင့်လည်း နီးနီးစပ်စပ် နေထိုင်လေ့ မရှိချေ။ လီနာအနေဖြင့် ယခင်က လုံးဝသိကျွမ်းမှု မရှိသည့် ခြင်္သေ့ကြီးတစ်ကောင်က သူမကို ဖက်လှဲတကင်း လာရောက်ဆော့ကစားပြီး မျက်နှာကိုပင် လျှာဖြင့်လျက်သွားသေးသည့်အတွက် အံ့ဩလျှက်ရှိသည်။ မည်သို့ပင်ဖြစ်စေ သူမအနေဖြင့် တစ်သက်စာ ပြောစမှတ် တွင်လောက်မည့် ဓာတ်ပုံကောင်းကောင်း တစ်ပုံကို အမှတ်မထင် ရရှိလိုက်ခြင်း ဖြစ်သည်။ အဆိုပါ ခြင်္သေ့ဥယျာဉ်တွင် အသက်(၈)လထိ အကောင်ပေါက်လေးများကို လူအများ ထိကိုင်ခွင့် ရသော်လည်း ယင်းထက် အသက်ကြီးပါက လူအများနှင့် ထိတွေ့ခွင့် မပေးဘဲ ခွဲထုတ်ထားလေ့ရှိသည်။
သဘာဝ သားရိုင်းတိရစ္ဆာန် ဓာတ်ပုံဆရာ တစ်ဦးလည်းဖြစ်သည့် ခင်ပွန်းသည် ခရစ်ဂျက်ခ်က “ခြင်္သေ့တွေမှာ (၈)လလောက် အသက်ရလာပြီဆိုရင် လူကို အန္တရာယ်ပေးနိုင်တဲ့ အခြေအနေမျိုးလို့ ယူဆနိုင်တယ်။ အဲဒီကျရင်တော့ ခြင်္သေ့မတွေနဲ့ သားပေါက်လေးတွေကို သီးသန့်ခွဲလိုက်ရတယ်။ ကျွန်တော့်ဇနီးကတော့ ဒီဖြစ်ရပ်မှာ လန့်သွားပေမယ့် တော်တော်လေး ကျေနပ်ပျော်ရွှင်နေပါတယ်။ ဒါပေမဲ့ ခြင်္သေ့ကြီးရဲ့ ပါးစပ်က သူ့လည်ကုပ်နားမှာ ရှိနေတယ်ဆိုတာ ဓာတ်ပုံပြန်ကြည့်မိတော့ သူတော်တော် ကျောချမ်းသွားတယ်”ဟု ရယ်ရယ်မောမော ပြောဆိုသွားသည်။
Planet Myanmar Network
0 comments:
Post a Comment