Thursday, February 27, 2014

မပြောင်းလဲသော ရည်မှန်းချက်နဲ့ အခွင့်အရေး လက်တစ်ဆုံးနှိုက်မယ့် UWSA

Photo: မပြောင်းလဲသော ရည်မှန်းချက်နဲ့ အခွင့်အရေး လက်တစ်ဆုံးနှိုက်မယ့် UWSA
=======================================

Thursday, February 27, 2014

“၀” သွေးစည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့က ဦးပေါ်လိုက်ခမ်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် ရေး အဖွဲ့ဝင်တွေဟာ သမ္မတ ဦးသိန်းစိန်နဲ့ ပထမဆုံးအကြိမ် တွေ့ဖို့ရှိတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာ ပါတယ်။

ဒါ့အပြင် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နဲ့ နေပြည်တော် မှာ တွေ့ဆုံ မှာဖြစ်ပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ လက်မှတ်ရေးထိုးဖို့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်ဆိုပြီး အသံကောင်း ဟစ်ပြလိုက် ပြီ ဖြစ်ပါတယ်။

တွေ့ဆုံမှု မဖြစ်သေးခင်ကတည်းက ယုံကြည်ရမှာလား UWSA ရယ်လို့ မေးချင်စရာကောင်းနေပါတယ်။ နိုင်ငံတော် သမ္မတနဲ့ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့က UWSA “၀” ကို လက်ခံတွေ့ဆုံမယ် မတွေ့ ဆုံဘူး မပြောနိုင်သေးပေမယ့် “၀” အဖွဲ့ကတော့ တစ်ဖက်သတ် အပြောနဲ့ ကျေနပ်နေပြီ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ရည်မှန်းချက်အတိုင်း လိုချင်သမျှ အခွင့်အရေးကို လက်တစ်ဆုံးနှိုက်ပြီး တောင်းခွင့်ရတော့မယ်လို့ ယူဆထားပုံရပါတယ်။

UWSP/ UWSA “၀” အဖွဲ့ဆိုတာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဒေသ ကြီး ပေထားတာတောင် လောဘဇော တက်ပြီး ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရပြည်နယ် သတ်မှတ်ပေးဖို့ အခွင့်အရေး ရရင်ရသလို တောင်းဆိုနေတဲ့ အဖွဲ့ဆိုတာ ပြည်သူအားလုံးအသိပဲ ဖြစ်ပါတယ်။

“၀” အဖွဲ့ရဲ့ သံယောင်ကိုလိုက်ပြီး မနေ့တစ်နေ့ကမှ ငြိမ်းချမ်းရေး သဘော တူညီမှုရယူထားတဲ့ KIA,RCSS/SSA,SSPP/SSA နဲ့ အခြားလက်နက်ကိုင် အဖွဲ့အစည်း တွေကပါ ဖက်ဒရယ် ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ဆိုပြီး သံယောင်လိုက်ပြီး အော်လာခဲ့ကြတာပဲ ဖြစ်ပါ တယ်။

ဒီတော့ UWSA “၀” ရည်မှန်းချက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ရရှိရေးပဲ ဖြစ်ပါတယ်။ အခု သမ္မတနဲ့ တွေ့ဆုံခွင့်ရရင် အဲဒီကိစ္စကိုပဲ အလေးအနက်ထားတောင်းဆိုမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးအတွက် ဦးအောင်မင်းတို့နဲ့ တွေ့ဆုံမယ်ဆိုတာ ဟန်ပြသက်သက်ပဲဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ UWSA “၀” အဖွဲ့ဟာ ပြည်ထောင်စု ငြိမ်းချမ်းေ ရးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ် အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးတိုင်း တက်ရောက်ခြင်းမရှိခဲ့ပဲ ဥပက္ခောပြုခဲ့တာချည်းပဲ ဖြစ်ပါတယ်။

တကယ်လို့ UWSA “၀” အဖွဲ့အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို စိတ်ဝင်စား တယ်ဆိုရင် တွေ့ဆုံဆွေးနွေးပွဲတွေ မှာ ပူးပေါင်းပါဝင်ခဲ့ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ် လိုင်ဇာမှာလုပ်တဲ့ အပစ်ရပ်ရေး အကြိုညီလာခံ နဲ့ မြစ်ကြီးနားမှာလုပ်တဲ့ အပစ်ရပ်ရေး ဆွေးနွေးပွဲမှာလည်း UWSA “၀” မတက်ရောက်ခဲ့ပါဘူး။

ကရင်ပြည်နယ် ဘားအံမြို့ လောခီးလာမှာ လုပ်တဲ့ အပစ်ရပ်ေ ရး ဆွေးနွေးပွဲမှာလည်း UWSA “၀” မတက်ရောက်ခဲ့ပါ ဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် နားလည်မှု ယူချိန်မှာ “၀” အဖွဲ့က ကိုယ်နဲ့ မဆိုင်သလို နေခဲ့တာ အထင်အရှားပဲ ဖြစ်ပါတယ်။

UWSA “၀” အဖွဲ့ဟာ အခြားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ အရောတ၀င် မရှိပဲ သီးခြားရပ်တည်နေတဲ့ အင်အားကြီးလက်နက်ကိုင် အဖွဲ့အစည်းဖြစ် ပါတယ်။ တရုတ်နိုင်ငံရဲ့ ပံ့ပိုးမှုကြောင့် စီးပွားရေးသာမက စစ်ရေး မှာပါ တောင့်တင်းလာတာဖြစ်လို့ သူတို့ လိုချင်တဲ့ ကိုယ်ပိုင်ပြည်နယ် မရရအောင် တောင်းဆိုဖို့ စိုင်းပြင်းနေတာ ပဲဖြစ်ပါတယ်။

UWSA “၀” အဖွဲ့ဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု၊ လက်နက်ေ မှာင်ခိုမှုတွေနဲ့ တရှိန်ထိုး ကြီးပွားချမ်းသာလာပြီး တရုတ်ရဲ့ သြဇာခံ ပြည်န ယ်တစ်ခုအသွင် ရပ်တည်နေပြီလို့တောင် အသံတွေ ထွက်လာခဲ့ပါပြီ။
အချုပ်ပြောရရင် နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံဖို့ ပြင်ဆင်လာတဲ့ UWSA “၀” အဖွဲ့ဟာ မပြောင်းလဲသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် တောင်းဆိုဖို့ ရည်မှန်းချက်နဲ့ ရသမျှ အခွင့်အရေးတွေကို လက်တစ်ဆုံးနှို က်ပြီး တောင်း ဆိုလာမှာကို သတိထား စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ် ။

နေ၀န်းသစ်
Shan News

0 comments:

Post a Comment