ကောလာဟလများနှင့် သတင်းအချက်အလက်မှန်များ ခွဲခြားရန် ခက်ခဲလာသည့် ယနေ့ခေတ် Social Media လောကတွင် အဆိုပါ တီထွင်ဖန်တီးမှုက အစိုးရများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှန်တရားကို ခန့်မှန်းဆွဲထုတ်နိုင်အောင် အကူအညီ ပေးလာဖွယ် ရှိသည်။
Social Media များပေါ်တွင် တင်ထားသည့် အကြောင်းအရာများ မှန်ကန်မှုရှိမရှိ စစ်ဆေးမည့် မုသားဖော်စနစ် တစ်ခုကို မကြာမီ လက်တွေ့စမ်းသပ်နိုင်ဖွယ် ရှိနေကြောင်း သိရသည်။ ကောလာဟလများနှင့် သတင်းအချက်အလက်မှန်များ ခွဲခြားရန် ခက်ခဲလာသည့် ယနေ့ခေတ် Social Media လောကတွင် အဆိုပါ တီထွင်ဖန်တီးမှုက အစိုးရများ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအတွက် အမှန်တရားကို ခန့်မှန်းဆွဲထုတ်နိုင်အောင် အကူအညီ ပေးလာဖွယ် ရှိသည်။ အဆိုပါ စနစ်တွင် Social Mediaများပေါ်မှ အခြေအနေတိုင်းကို အချိန်နှင့် တစ်ပြေး ညီ စစ်ဆေးနေမည်ဖြစ်ပြီး အင်တာနက်ပေါ်မှ ဖော်ပြချက်များသည် အမှန်အမှား ကွဲကွဲပြားပြား ဖြစ်နေအောင် စိစစ်သွားမည်ဟု သိရသည်။ ထို့အပြင် Social Media Account တစ်ခုသည် သတင်းမှားများ ဖြန့်ချီရန် သက်သက်သာ ဖန်တီးထားခြင်းမျိုး ဆိုလျှင်လည်း တိတိကျကျ သိရှိ လာအောင် ဖော်ထုတ်ပေးမည်ဟု ဆိုသည်။
အဆိုပါ ပရောဂျက်သည် သုတေသန ရလဒ်များကို အခြေခံပြီး မုသားဖော်စက် စနစ်တစ်ခု အနေဖြင့် ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်။ (၂၀၁၁)ခုနှစ်က လန်ဒန်တွင် အဓိ ကရုဏ်း အခြေ အနေအချို့ ဖြစ်ပေါ်ခဲ့စဉ်က အင်တာနက်ပေါ်တွင် ပျံ့နှံ့ခဲ့သော သတင်းအချက် အလက်များကို ပြန်လည်လေ့လာကာ ယခုစနစ်ကို တီထွင်ထားသည်။ Twitterနှင့် Facebook တို့ကဲ့သို့ Social Media ဝက်ဘ်ဆိုက်များပေါ်မှ ဖော်ပြချက်များ၊ မှတ်ချက်များကို သုတေသနပြုပြီးနောက် ကောလာဟလများ စတင်ပျံ့နှံ့လာသည့် အဓိက အကြောင်းရင်း (၄)ခုကို ပညာရှင်များက ဖော်ထုတ်နိုင်ခဲ့သည်။ ယင်းတို့မှာ ထင်မြင်ယူဆမှု၊ အငြင်းပွားဖွယ် အခြေအနေ၊ သတင်းများဖြန့်ဖြူးမှု၊ နားယောင်မှုတို့ ဖြစ်ကြသည်။
ဗြိတိန်နိုင်ငံ၊ ရှက်ဖီးလ်တက္ကသိုလ်မှ ယခုသုတေသန စစ်တမ်းကို ဦးဆောင်သူ ဒေါက်တာ ကာလီနာ ဘွန်ချီဗာက "(၂၀၁၁)ခုနှစ်၊ ပဋိပက္ခနောက်ပိုင်း Social Mediaတွေကို ပိတ်ပစ် လိုက်ဖို့တောင် တောင်းဆိုမှုတွေ ရှိလာပါတယ်။ ဒါဟာ အုံကြွမှုကို လှုံ့ဆော်သူတွေက ဆိုးရွားတဲ့ နည်း လမ်းနဲ့ အသုံးချကြလို့ပါပဲ"ဟု ပြောကြားခဲ့သည်။ ၎င်းက "ဒါပေမဲ့လည်း Social Mediaတွေဟာ အသုံးဝင်တဲ့ သတင်းအချက်အလက်တွေကိုလည်း ထောက်ပံ့ပေးနေ တယ်လေ။ တကယ့် အခက်ခဲဆုံး အကြောင်းအရာက မုသားဖြစ်ဖြစ်၊ အမှန်တရားဖြစ်ဖြစ် အရမ်းမြန်မြန်ဆန်ဆန် ပျံ့နှံ့သွားလေ့ ရှိနေတာပါပဲ။ ကောလာဟလတွေကို တုံ့ပြန်ဖို့က သိပ်ကို ခက်ခဲပါ တယ်။ ဥပမာ ပြောရရင် အရေးပေါ်အခြေအနေမှာ ထိန်းသိမ်းကိုင်တွယ်ရတဲ့ အဖွဲ့အစည်းတွေ က ဒီသတင်းတွေအပေါ် အခြေခံပြီး ဆုံးဖြတ်ရတာ သိပ်ကို ကျပ်တည်း လွန်းတယ်။ ဒါကြောင့်လည်း Social Mediaတွေပေါ်က အချက်အလက်တွေကို အမှန်အမှား ခွဲခြားနိုင်ဖို့ သုတေသန ပြုခဲ့ကြတာပါပဲ"ဟုလည်း ရှင်းပြခဲ့သည်။
ယခုစနစ်သည် Postတစ်ခု ရေးသားသူ၏ သတင်းအချက်အလက်များနှင့် ယင်းဖော်ပြချက် အတွက် အကိုးအကားများကိုပါ ခြေရာခံ စစ်ဆေးပြီး အမှန်အမှား၊ ဖြစ်နိုင်ခြေ ရှိမရှိကို အဖြေ ထုတ်သွားမည် ဖြစ်သည်။ "ခုလောလောဆယ်တော့ စာသားတွေကိုပဲ စမ်းသပ်နိုင်လိမ့် ဦးမယ်။ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကိုတော့ စိစစ်နိုင်မှာ မဟုတ်သေးဘူး။ ဥပမာ၊ ဓာတ်ပုံ တစ်ပုံပုံ ကို အပြောင်းအလဲ လုပ်ထားတာမျိုး ရှိသလား ဆိုတဲ့ ဒွိဟမျိုးအတွက် အဖြေမရှိသေး ပါဘူး။ နည်းပညာပိုင်းအရ အဲဒီလုပ်ငန်းမျိုးကျတော့ အရမ်းရှုပ်ထွေးသွားတယ်လေ"ဟုလည်း ဒေါက်တာဘွန်ချီဗာက ပြောကြားသွားသည်။
Planet Myanmar Network
0 comments:
Post a Comment