
ပရီးမီးယားလိဂ် ဟု ခေါ်တွင်သော အင်္ဂလိပ်အဆင့်မြင့်တန်း ဘောလုံးပြိုင်ပွဲနှင့် ပတ်သက်၍ အားပေးသူပရိသတ်များအကြား ပြိုင်ဆိုင်မှုများ ပြင်းထန်လျက်ရှိရာ မန်ချက်စတာ ယူနိုက်တက်အသင်း တန်းဆင်းရလျှင် ကိုယ်တုံးလုံးချွတ်၍ ရန်ကုန်မြို့ တစ်ပတ်ပတ်ပြမည့် အမျိုးသမီးငယ်လေးတစ်ဦး ပေါ်ထွက်လာခဲ့ ကြောင်း သိရသည်။
မြန်မာဘောလုံးပရိသတ်များအကြားတွင် အင်္ဂလန်ကလပ်အသင်းများကို အထူးနှစ်ခြိုက်အားပေးလျက်ရှိရာ လူမှုကွန်ရက်စာမျက်နှာများတွင်လည်း အချင်းချင်း ပြိုင်ဆိုင်မှုများ မြင့်မားလျက်ရှိကြောင်း၊ မြန်မာနိုင်ငံတွင် မန်ယူ ပရိသတ်အရေအတွက် အထူးများပြားလျက်ရှိရာ ယခုနှစ် မန်ယူအသင်း အခြေအနေကြောင့် လှောင်ပြောင်စရာ ဖြစ်လာနေကြောင်း သိရသည်။
ဆာဘွဲ့ရ ဘိုးသက်ရှည် နည်းပြကြီး ဖာဂူဆန်အနားယူပြီးနောက် နည်းပြသစ် အဖြစ် ဒေးဗစ်မိုရက်စ် တာဝန်ယူခဲ့သည့်အချိန်တွင် မန်ယူအသင်းမှာ ရလဒ်များ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာပြီး စံချိန်သစ်များ တင်လျက် ရှိကြောင်း၊ လက်ရှိအချိန်တွင် အသင်းကြီးများ တွေ့ဆုံတိုင်း အသာစီး မရတော့သည့် အပြင် အသင်းငယ်များကိုလည်း အသည်းအသန် ရုန်းကန်နေရသည့် မန်ယူ အသင်းကြောင့် အားပေးသူပရိသတ်များအနေဖြင့် အခြားအသင်းအားပေးသူ များ၏ စောင်းချိတ် ထေ့ငေါ့မှုများကို ပို၍ တွေ့ကြုံလာခဲ့ရကြောင်း၊ ထိုသို့ အချင်းချင်း စနောက်ကြရာတွင် မခံမရပ်နိုင်ဖြစ်၍ ပြန်လည်စိန်ခေါ်မှုများလည်း အမျိုးမျိုး ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ယခုနောက်ဆုံး ရေပန်းစားနေသည့် မန်ယူအမာခံပရိသတ်တစ်ဦးမှာ မန်ယူ မင်းသမီးလေး အိဖြိုး ဟု နာမည်ပေးထားသည့် အမျိုးသမီးလေးတစ်ဦး ဖြစ်ကြောင်း၊ ၄င်းမှာ အသက် ၂၂ နှစ် အရွယ်ရှိပြီး ရန်ကုန်မြို့တွင် နေထိုင်သူတစ်ဦး ဖြစ်ကြောင်း သိရှိရသည်။
မန်ယူ မင်းသမီးလေး အိဖြိုး ဟု ဆိုသည့်အမျိုးသမီးငယ်လေးက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၄င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ မန်ယူ သာတန်းဆင်းရရင် ကိုယ်တုံးလုံးချွတ်ပြီး ရန်ကုန်မှာ တစ်ပတ်ပတ်ပြလိုက်မယ် ...သတ္တိရှိရင် လောင်းကြေးလာထပ်လိုက် ဟု စိန်ခေါ်ခဲ့ရာ လူမှုကွန်ရက်အသုံးပြုသူများအကြား အထူးပင် ရေပန်းစားလျက် ရှိကြောင်း သိရှိရသည်။
မန်ယူ မင်းသမီးလေး အိဖြိုး၏ လူမှုကွန်ရက် လိပ်စာမှာ https://www. facebook. com/ profile.php?id=100005152147654&sk=info&collection_token=100005152147654%3A2327158227%3A8 ဖြစ်ပြီး လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ၄င်း၏ မွေးနေ့ဖြစ်ပြီး အာဆင်နယ်နှင့် မန်ယူအသင်း တွေ့ဆုံပြီးနောက် ကြုံတွေ့ရမည့် မွေးနေ့ဖြစ်ကြောင်း သိရှိရသည်။
မန်ယူအမာခံ ပရိသတ်ဖြစ်သည့် တန်းဆင်းလျှင် ကိုယ်တုံးလုံးဖြင့် ရန်ကုန်တစ်ပတ်ပတ်ပြမည် ဟု ရဲရဲရင့်ရင့် စိန်ခေါ်ခဲ့ခြင်းကြောင့် မန်ယူ အသင်း ရာသီကုန် တန်းဆင်းစေရန် ဆုတောင်းနေကြသူများလည်း အများအပြား ရှိနေကြောင်း သိရှိရသည်။
P-78540176
ပြည်သူ့အာဏာ
0 comments:
Post a Comment