ဝေးလံခေါင်သီ နယ်စပ်တွေမှာ ဆရာဝန်တွေ တာဝန်ထမ်းဆောင်ရတာ အဆင်ပြေအောင်
လစာကို အစိုးရသတ်မှတ်တာထက် ၃ ဆ ပေးဖို့ ဆောင်ရွက်နေတယ်လို့
ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ပြောပါတယ်။
ဒေါက်တာ ဖေသက်ခင်
ဒေါက်တာ ဖေသက်ခင်
ဖေဖော်ဝါရီ ၅ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးအတွင်း ၂၀၁၄ – ၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေမူကြမ်း ဆွေးနွေးစဉ် သူက ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပုံမှန်လစာကို အစိုးရက ပေးမယ်၊ နယ်စပ်ဝန်ကြီးဌာနက နောက်ထပ် ၁ ဆ ပေးမယ်၊ သက်ဆိုင်ရာဒေသကလည်း ၁ ဆ ပေးရင် ၃ ဆ ဖြစ်လာမယ်လို့ သူက ပြောပါတယ်။
ဝေးလံခေါင်ဖျားနယ်စပ်တွေမှာ တာဝန်ကျတဲ့ ဆရာဝန်အများစုဟာ တာဝန်မထမ်း ဆောင်ချင်လို့ ပြန်ပြေးတာတွေ ရှိခဲ့ပြီး အရေးယူခဲ့ရတာတွေလည်း များတဲ့အကြောင်း၊ ဒါကြောင့် အလှည့်ကျ တာဝန်ပေးတဲ့စနစ် ပြန်ကျင့်သုံးမယ်လို့လည်း သူက ရှင်းပြပါတယ်။
မြန်မာနိုင်ငံမှာ ဆရာဝန်ပေါင်း ၃ သောင်းကျော် ရှိပေမယ့် ၁ သောင်းကျော်ပဲ နိုင်ငံဝန်ထမ်းတွေ ဖြစ်ကြပါတယ်။
0 comments:
Post a Comment