Saturday, February 22, 2014

လူထုမသိသော ပြည်သူ့ဝန်ထမ်းဟောင်းများနှင့် စစ်မှုထမ်းဟောင်း အများစု ပါဝင်သော လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အား ဖွဲ့စည်းမည်

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်အား အငြိမ်းစားဝန်ထမ်း ၁၅ ဦး ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတပေးပို့သော သဝဏ်လွှာအရ သိရသည်။


အဆိုပါအဖွဲ့ဝင် အငြိမ်းစားဝန်ထမ်း ၁၅ ဦးကို နိုင်ငံတော်သမ္မတက ငါးဦး၊ ပြည် သူ့လွှတ်တော် ဥက္က|နှင့် အမျိုးသားလွှတ် တော်ဥက္က|တို့က ငါးဦးစီရွေးချယ်ခဲ့ခြင်းဖြစ် ပြီး ယင်းတို့အား အတည်ပြုရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ ဖေ ဖော်ဝါရီ ၂ဝ ရက်ဖြင့် သဝဏ်လွှာပေးပို့ခဲ့ခြင်း ဖြစ်သည်။

လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ဖွဲ့စည်းရန်အတွက် နိုင်ငံတော် သမ္မတက ရွေးချယ်ထားသည့် အငြိမ်းစားဝန် ထမ်းများမှာ ဦးမြဝင်း (စစ်မှုထမ်း)၊ ဦးတင် ဦး (သံအမတ်ကြီး)၊ ဦးကျော်ကျော် (ညွှန်ကြားရေးမှူးချုပ် နိုင်ငံခြားရေး ဝန်ကြီးဌာန)၊ ဦးစိုးတင့် (ညွှန်ကြားရေးမှူး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (ညွှန်ကြား ရေးမှူး ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်ထားသည့် အငြိမ်း စားဝန်ထမ်းများမှာ ဦးမောင်ရှိန် (စစ်မှုထမ်း)၊ ဒေါက်တာတိုက်စံ (ပါမောက္ခ တပ်မတော် နည်းပညာတက္ကသိုလ်)၊ ဦးနေဝင်း (သံအ မတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး (ညွှန်ကြားရေး မှူးချုပ် အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဦးသင်းမောင် (ညွှန်ကြားရေးမှူး အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ အမျိုး သားလွှတ်တော်ဥက္ကဋ္ဌက ရွေးချယ်ထားသည့် အငြိမ်းစားဝန်ထမ်းများမှာ ဦးဆွန်ဒုတ်ကျင့် (ဒုတိယညွှန်ကြားရေးမှူး ပြည်ထောင်စုရှေ့ နေချုပ်ရုံး)၊ ဒေါက်တာညီညီထွန်း (တိရစ္ဆာန် ဆရာဝန် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေး လက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန)၊ ဦးကျော် မြင့်(စစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ (ညွှန်ကြား ရေးမှူး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လှိုင်စိုး (ညွှန်ကြားရေးမှူး ပြည် ထောင်စုစာရင်းစစ်ချုပ်ရုံး) တို့ဖြစ်ကြောင်း သိရသည်။ ကော်မရှင်၏ ဥက္ကဋ္ဌအဖြစ် ဦးမြဝင်း(စစ်မှုထမ်း-အငြိမ်းစား)အားလည်း ကောင်း၊ အတွင်းရေးမှူးအဖြစ် ဦးတင်ဦး (သံအမတ်ကြီးအငြိမ်းစား) အားလည်းကောင်း လျာထားကြောင်း လည်း သိရသည်။

အဆိုပါကော်မတီ ဖွဲ့စည်းရေးအတွက် လျာထားသောအဖွဲ့ဝင်များနှင့် ပတ်သက်၍ ကန့်ကွက် လိုပါက ဖေဖော်ဝါရီ ၂၄ ရက် နောက်ဆုံးထား အမည်စာရင်းပေးပို့နိုင် ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

ယင်းအပြင် ကော်မရှင်အဖွဲ့ဝင်များ၏ အရည်အချင်းမှာ မြန်မာနိုင်ငံသား အသက် ၄၅ နှစ်ပြည့်ပြီး အသက် ၇ဝ နှစ်ထက်မကြီးသူ ဖြစ်ရမည်ဖြစ်ကာ သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး တို့က မိမိတို့ရွေးချယ်ပေးခွင့်ရှိ သူများသည် တည်ကြည်ဖြောင့်မတ်ပြီး သမာသမတ်ရှိသူအဖြစ် ယူဆခြင်းခံရသူဖြစ် ရမည်ဟု ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

ယင်းကဲ့သို့ အရည်အချင်းများနှင့် ပြည့် စုံ၍ ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ် ခြင်းခံရသူသည် အစိုးရလစာ၊ စားရိတ်နှင့် ချီးမြှင့်ငွေတစ်မျိုးမျိုးရရှိသည့် ရာထူးသို့ မဟုတ် တာဝန်တစ်ခုခုတွင် တာဝန်ထမ်း ဆောင်နေသူမဖြစ်စေရဘဲ အစိုးရဌာန၊ အစိုး ရအဖွဲ့အစည်း၊ အစိုးရ၏ စီးပွားရေးလုပ်ငန်း၊ ဘုတ်ကော်ပိုရေးရှင်း၊ ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့၏ အရာထမ်းအမှုထမ်းမဖြစ်စေရဟု လည်းကောင်း၊ အစုစပ်လုပ်ငန်း၊ ကုမ္ပဏီ သို့မဟုတ် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် အဖွဲ့အစည်းတွင် အကျိုးအမြတ် သို့မဟုတ် ဝင်ငွေခွဲဝေရယူရန် လုပ်ကိုင်ခြင်းမပြုရ သို့မ ဟုတ် တစ်စုံတစ်ဦး၏ဝန်ထမ်းမဖြစ်စေရဟု လည်းကောင် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေတွင် ကော်မရှင်၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ ကိုလည်း ထည့်သွင်းထားပြဋ္ဌာန်းထားပြီး ကော်မရှင်သက်တမ်းမှာ သာမန်အားဖြင့် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ် ကာ သက်တမ်းနှစ်ခုထက် ပိုမိုတာဝန်ထမ်း ဆောင်ခွင့်မရှိကြောင်း သိရသည်။

အဆိုပါဥပဒေအား ပြဋ္ဌာန်းခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ဆောင်ရွက်ရန်၊ သန့်ရှင်းသောအစိုးရ နှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းစေရန်၊ အများပြည်သူဆိုင်ရာ အုပ်ချုပ် ရေးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှုမြင့် မားတိုးတက်လာစေရန်၊ လာဘ်ပေးလာဘ်ယူ မှုများကြောင့် နိုင်ငံတော်ပိုင်ပစ္စည်းများ လူ့ အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှုမရှိစေ ရေးအတွက် အကာအကွယ်ပေးရန်၊ လာဘ် ပေးလာဘ်ယူမှု ကျူးလွန်သူများအား ထိ ရောက်စွာ အရေးယူရန်နှင့် တရားဥပဒေစိုးမိုး ရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်း မြင်သာမှုရှိပြီး ပြည်တွင်းပြည်ပ ရင်းနှီြးှုပ်နှံ မှုများဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် တို့ဖြစ်ကြောင်း သိရသည်။

ယခုဖွဲ့စည်းမည့်လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးကော်မရှင်တွင် ပြည်သူလူထု မသိသော ပြည်သူ့ဝန်ထမ်းဟောင်းများနှင့်  စစ်မှုထမ်းဟောင်းများ အများစုပါဝင်နေပြီး ၎င်းတို့၏ကိုယ်ရေး အချက်အလက်များ၊ ၎င်းတို့တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းများနှင့် ပတ်သက်၍ သိရှိရခြင်းမ ရှိသေးပါ။ ထို့ပြင် ၎င်းတို့၏ ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ လူထုက သိရှိရန်လိုအပ်ကြောင်း သုံးသပ်မှုများရှိနေသည်။

သမ္မတဦးသိန်းစိန်သည် ၂ဝ၁၃ ခုနှစ်  ဇန်နဝါရီ ၈ ရက်က လာဘ်ပေးလာဘ်ယူမှု အရေးယူဆောင်ရွက်ရေးကော်မတီကို ဖွဲ့ စည်းခဲ့ပြီး ဒုတိယသမ္မတဒေါက်တာစိုင်း မောက်ခမ်းက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည်။  ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက် ကောင်းမွန်သော အုပ် ချုပ်မှုစနစ်နှင့် သန့်ရှင်းသော အစိုးရဖြစ် ပေါ်ရေးအတွက် အစိုးရအဖွဲ့အစည်းများအ တွင်း အဂတိတရားများကင်းရှင်းရေးနှင့် လာဘ်ပေးလာဘ်ယူမှုများပပျောက်စေရေး အတွက် ဖွဲ့စည်းခြင်းဖြစ်ပြီး အဖွဲ့ဝင်များ အဖြစ် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီးကိုကို၊ သမ္မတရုံးဝန်ကြီးဌာန(၁) ဝန် ကြီး ဦးသိန်းညွန့်၊ သမ္မတရုံးဝန်ကြီးဌာန(၂) ဝန်ကြီး ဦးစိုးမောင်၊ သမ္မတရုံးဝန်ကြီးဌာန (၃) ဝန်ကြီး ဦးစိုးသိန်း၊ သမ္မတရုံးဝန်ကြီးဌာန (၅) ဝန်ကြီး ဦးတင်နိုင်သိန်း၊ ပြည်ထောင် စုရှေ့နေချုပ် ဒေါက်တာထွန်းရှင်၊ နိုင်ငံတော် သမ္မတ၏ ဥပဒေအကြံပေးအဖွဲ့ဝင် ဦးသန်း ကျော်တို့ပါဝင်ပြီး အတွင်းရေးမှူးအဖြစ် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းက ဆောင်ရွက်သည်။

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုသည် လူ့အသိုင်းအဝိုင်းအတွင်း ယဉ်ကျေးမှုတစ်ခု သဖွယ်ဖြစ်လာခြင်းသည် နိုင်ငံအတွက် ဝမ်း နည်းစရာ၊ ရင်လေးစရာဖြစ်ကြောင်း ဒုတိယ သမ္မတဒေါက်တာစိုင်းမောက်ခမ်းက နေပြည် တော်ရှိ MICC ၌ ပြုလုပ်ခဲ့သည့် ပွင့်လင်း မြင်သာရေးနှင့်ဖြောင့်မတ်ရေး အလုပ်ရုံဆွေး နွေးပွဲတွင် ပြောကြားထားသည်။

သမ္မတ ဦးသိန်းစိန်ကလည်း ၂ဝ၁၁ ခုနှစ် မတ် ၃၁ ရက်တွင် ပြုလုပ်ခဲ့သည့် မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနား၌ အစိုးရဌာနများတွင် ဖြစ် ပေါ်နေသည့် လာဘ်ပေးလာဘ်ယူကိစ္စရပ် များကို တိုက်ဖျက်သွားရန် ထည့်သွင်းပြော ကြားသည်။

မြန်မာနိုင်ငံသည် အဂတိလိုက်စားမှု အဆိုးရွားဆုံးနိုင်ငံများစာရင်းတွင် ပါဝင်နေ ကြောင်း နိုင်ငံတကာအဂတိလိုက်စားမှုတိုက် ဖျက်ရေးအဖွဲ့(Transparency International) ၏ ၂ဝ၁၃ ခုနှစ် ကမ္ဘာ့အဂတိလိုက် စားမှုအခြေအနေ အစီရင်ခံစာ စစ်တမ်းအရ သိရပြီး မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၇၇ နိုင်ငံအနက် ၁၅၇အဆင့်တွင် ရှိနေသည်။

Eleven Media Group

0 comments:

Post a Comment