ဖေဖော်ဝါရီ ၂၁ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတရုံး အနေဖြင့် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာရေးနှစ်အတွက် သာမန်အသုံး စရိတ် ကျပ်သန်း ၁၅၃ဝ၃ ဒသမ ၇၉၆ နှင့် ငွေလုံးငွေရင်းအသုံးစရိတ်ကျပ်သန်း ၂ဝ၂၅၆ ဒသမ ၃၉၄၊ စုစုပေါင်း ကျပ်သန်း ၃၅၅၆ဝ ဒသမ ၁၉ဝ လျာထားသုံးစွဲရန် ပြည်ထောင်စု လွှတ်တော်သို့ အဆိုပြုတောင်းခံထားကြောင်း သိရသည်။
သာမန်အသုံးစရိတ်နှင့် ပတ်သက်၍ သမ္မတရုံးအနေဖြင့် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာ ရေးနှစ်ပြုပြင်ြ ပီး ခန့်မှန်းခြေတွင် ကျပ်သန်း ၁၁၅၅၃ ဒသမ ဝ၄၁ ဖြစ်သဖြင့် ယခုလျာ ထားငွေသည် ၂ဝ၁၃- ၂ဝ၁၄ ဘဏ္ဍာနှစ် ထက် ကျပ်သန်း ၃၇၅ဝ ဒသမ ၇၅၅ ပိုမိုပြီး ထိုသို့ ပိုမိုလာခြင်းမှာ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ သမ္မတရုံးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၏ လစာစရိတ် ကို သတ်မှတ်ချက်အတိုင်း တိုးမြှင့်ခံစားခြင်းနှင့် ငြိမ်း ချမ်းရေးလုပ်ငန်းအတွက် သီးသန့်အသုံး စရိတ်တွင် ကျပ်သန်း ၄ဝဝဝ ခန့်ထည့်သွင်း လျာထားခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
အဆိုပါသာမန်အသုံးစရိတ် ကျပ်သန်း ၁၅၃ဝ၃ ဒသမ ၇၉၆ ကို ဖြတ်တောက်ခြင်း မပြုဘဲ ခွင့်ပြုသင့် သည်ဟု ပြည်သူ့လွှတ် တော်ပြုပြင်ပြောင်းလဲရေးနှင့် ခေတ်မီဖွံ့ဖြိုး တိုးတက်မှု စိစစ်ရေးကော်မတီက ဖေဖော်ဝါရီ ၂၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၌ အဆိုပြုတင်ပြခဲ့ သည်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်တွင်းငြိမ်းချမ်း ရေးနှင့် တိုင်းရင်းသားစ ည်းလုံး ညီညွတ်ရေးပင်ဖြစ်ကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာ တွင် ပြည်ပနိုင်ငံများ၏ ငွေကြေးအကူအညီ တစ်ခုတည်းကိုသာ အားကိုးဆောင်ရွက်ခြင်း မပြုဘဲ နိုင်ငံတော်ဘတ်ဂျက်မှလည်း ကျခံသုံးစွဲသင့်ကြောင်း ပြည်သူ့ လွှတ်တော်ပြုပြင်ပြောင်း လဲရေးနှင့်ခေတ်မီဖွံ့ဖြိုးတိုးတက်မှု စိစစ်ရေးကော်မတီက ပြော ကြားသည်။
သတ်မှတ်လစာ စရိတ်များအတိုင်း တိုး မြှင့်ခံစားမည်ဆိုပါက နိုင်ငံတော်သမ္မတသည် လစဉ်ချီးမြှင့်ငွေ သိန်း ၅ဝ၊ ဒုတိယသမ္မတသည် လစဉ်ချီးမြှင့် ငွေကျပ်သိန်း ၄ဝ၊ ပြည် ထောင်စု ဝန်ကြီးများသည် လစဉ်ချီးမြှင့်ငွေ ကျပ်သိန်း ၃ဝ ခံစားရရှိမည်ဖြစ်ကြောင်း သိရသည်။
ငွေလုံးငွေရင်း အသုံးစရိတ်တွင်လည်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကျပ်သန်း ၇ဝဝဝ ကို ပြည်တွင်းငြိမ်းချမ်း ရေးဖော်ဆောင်မှုအတွက် လျာထားရာ အဆိုပါလျာထားငွေ များကို အခြေခံပညာရေး လုပ်ငန်းများ၊ အခြေခံကျန်းမာရေး လုပ်ငန်းများ၊ အခြေခံလူမှုအဆော က်အ အုံ လုပ်ငန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းဖော်ဆောင်ရေး လုပ်ငန်းများကို ဆောင် ရွက်ရန်အတွက် ဖြစ်ကြောင်း ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီ၏ ပြောကြားချက် အရ သိရသည်။
စဉ် အကြောင်းအရာလျထားငွေ (ကျပ်သန်း)
၁။ လစာ၊စရိတ်၊ချီးမြှင့်ငွေများ ၁၆၂၉ ဒသမ ၁၁၆
၂။ ခရီးသွားလာစရိတ် ၃၅၀၄ ဒသမ ၂၀၀
၃။ ပစ္စည်းများလုပ်အားနှင့်ဆောင်ရွက်မှု ၁၈၇၆ ဒသမ ၈၁၇
၎။ ဓာတ်ဆီ၊ စက်ဆီ၊ ချောဆီ ၅၃၀ ဒသမ ၇၀၀
၅။ ပြင်ဆင်ထိန်းသိမ်းစရိတ် ၂၅၈ ဒသမ ၀၀၀
၆။ လွှဲပြောင်းသုံးစွဲငွေ ၁၉၉၈ ဒသမ ၉၉၂
၇။ ဧည့်ခံကျွေးမွေးစရိတ် ၃၇၈ ဒသမ ၁၀၀
၈။ သီးသန့်အသုံးစရိတ် ၄၃၈၀ ဒသမ ၀၀၀
၉။ ထောက်ပံ့ငွေအသုံးစရိတ် ၇၄၇ ဒသမ ၈၇၁
စုစုပေါင်း ၁၅၃၀၃ ဒသမ ၇၉၆
Eleven Media Group
0 comments:
Post a Comment