Friday, February 7, 2014

ပဋိပက္ခမီးမွှေးမှုဖြင့် ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်ပြည်ထဲရေး၏ စစ်ကြောမေးမြန်းမှုခံရပြီ



ရခိုင်ပြည်နယ် ဒုချီးရားတန်း ဖြစ်စဉ် တွင် ပဋိပက္ခမီးမွှေးမှု၊ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာ ညိုးနွမ်းစေမှုများဖြင့် ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်အား ပြည်ထဲရေးဝန်ကြီးဌာနက စစ်ကြောမေးမြန်း နေကြောင်း သိရသည်။

အဆိုပါ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်သည် ဇန်နဝါရီလ ၂၈ ရက်က နိုင်ငံ တကာသံတမန်များအား သတင်းစာရှင်းလင်း ပွဲလုပ်နေစဉ် အချိန်ကိုက်ဖြစ်ပွားခဲ့သော ဒုချီး ရားတန်း မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များ ပါဝင်ပတ်သက်နေကြောင်း ဒီဗွီ
ဘီသတင်းဌာနသို့ ပြောကြားခဲ့သည်ဟုဆိုကာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံသို့ ခွင့်ပြုချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ကြောမေးမြန်း ခွင့်ပေးရန် နိုင်ငံတော်သမ္မတက စာရေးသား ပေးပို့ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၄ ရက် ညနေ ၄ နာရီအချိန်စတင်ကာ မြန်မာနိုင်ငံ ရဲ့တပ်ဖွဲ့ က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်တွင် စတင် စစ်ကြောမေးမြန်းခဲ့ခြင်းဖြစ် သည်။

““သူ့ရဲ့ပြောကြားချက်ဟာ နိုင်ငံတော်၊ အ စိုးရနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အများကြီးထိ ခိုက်နစ်နာစေပါတယ်။ သူက လွှတ်တော်အ မတ်ဖြစ်တဲ့အတွက် သူ့ပြောကြားချက်က နိုင်ငံ တကာမှာ တာသွားပါတယ်။ လွှတ်တော်အမတ် ဥပဒေအရ လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ စစ်ဆေးလို့ရတာ ဖြစ်တဲ့အတွက် နိုင်ငံတော် သမ္မတက လွှတ်တော်ဥက္ကဋ္ဌထံကို ပြည်ထဲရေး ဝန်ကြီးဌာနအနေနဲ့ စစ်ဆေးမေးမြန်းခွင့်ရဖို့ စာပို့ခဲ့ပါတယ်။ သူက ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကဖြစ်တဲ့အတွက် ပါတီရုံးချုပ် မှာပဲ ဒီနေ့ညနေပိုင်းက စတင်စစ်ဆေးနေတာ ဖြစ်ပါတယ်။ ကျန်တာကတော့ သူ့ရဲ့ထွက်ဆို ချက်အပေါ်မှာမူတည်ပြီး ဆက်လက်ဆောင် ရွက်မှာပါ””ဟု နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

ဦးရွှေမောင်အနေဖြင့် မီဒီယာများတွင် ပြောကြားခဲ့မှုအပေါ် မိမိကို နိုင်ငံတော်သမ္မတ ကစစ်ဆေးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌထံ ခွင့် တောင်းထားကြောင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မိမိအား ခေါ်ယူပြောဆိုနေကြောင်းကိုလည်း လွှတ်တော်ကိုယ်စားလှယ်များထံ ဦးရွှေမောင်က ရင်ဖွင့်ပြောဆိုနေသည် ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မီးလောင်မှုဖြစ်ပွားရာ အဆိုပါဒေသသည် ရဲများထိန်းချုပ်ရာ ရွာများ ဖြစ်သောကြောင့် ဖြစ်စဉ်ဖြစ်ပွားသည့်ရွာမှ မိမိထံသို့ ဖုန်းဖြင့်သတင်းပို့ ရာတွင် ရဲတွေကိုယ်တိုင် မီးရှို့သည်ကို မြင်တွေ့ရတယ်လို့ ပြောကြားခဲ့ ကြောင်းနှင့် ရဲတွေမရှို့တောင်မှ ပူးပေါင်းပါဝင်ခြင်း သို့မဟုတ် အပြင်ကလာ ပြီး ပြဿနာကို ပိုမိုရှုပ်ထွေးအောင် ဖန်တီးခြင်းဖြစ်ကြောင်း ဦးရွှေမောင် က ဒီဗွီဘီသတင်းဌာနသို့ ပြောကြားခဲ့သည်။

ဦးရွှေမောင်ကို ပြည်ထဲရေးမှစစ်ဆေးရာ ယင်းက မိမိသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ထိခိုက်နစ်နာစေရန် ဆောင်ရွက်ခြင်းမရှိကြောင်း၊ အခြေခံဥပ ဒေနှင့် ပြည်သူ့လွှတ်တော်ဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူများ အတွက် ကောင်းမွန်စွာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သူ၏ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

Yangon Media Group

0 comments:

Post a Comment