Friday, February 7, 2014

ဓနုတိုင်းရင်းသားယဉ်ကျေးမှုမဂ္ဂဇင်း ပထမဆုံးအကြိမ် ထုတ်ဝေ

ဓနုတိုင်းရင်းသားယဉ်ကျေးမှုမဂ္ဂဇင်းကို ပထမဆုံးအကြိမ်အဖြစ် စတင်ထုတ်ဝေလိုက်ပြီဖြစ်သည် ဟု တော င်ကြီးမြို့န ယ် ဓနုစာပေယဉ်ကျေးမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအသင်း၏ဥက္ကဋ္ဌ ဒေါက်တာကျော် လွင်ထူး က ဖေဖော်ဝါရီ ၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဒေါက်တာကျော်လွင်ထူးက “တိုင်းရင်းသားတွေရဲ့ စာပေယဉ်ကျေးမှုကို ဖော်ထုတ်တဲ့အခါမှာ မှတ်တမ်း တင်ဖို့ဆိုတာ တစ်ကြိမ်တစ်ခါမှ မပေါ်ပေါက်ခဲ့ဖူးသေးတဲ့အတွက် ကျွန်တော်တို့ ဓနုတိုင်းရင်းသား ယဉ် ကျေးမှု မဂ္ဂဇင်းကို ထုတ်ဝေရခြင်းဖြစ်ပါတယ်”ဟု ပြောသည်။

မြန်မာဘာသာစကားဖြင့် ရေးသားထားသော ဓနုတိုင်းရင်းသားယဉ်ကျေးမှုမဂ္ဂဇင်းတွင် ဓနုတိုင်းရင်း သား ဒေသနှင့်သက်ဆိုင်သည့်၊ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာ၊ ကာတွန်းနှင့် ယဉ်ကျေးမှုအနုပညာလက်ရာ ဓာတ်ပုံ မှတ်တမ်းများ ပါဝင်မည်ဖြစ်ပြီး စာအုပ်ဖြစ်မြောက်ရန် တစ်နှစ်ကျော်ခန့် အချိန်ယူ ကြိုးစားခဲ့ရသည် ဟု လည်း ၎င်းက ဆိုသည်။

ပထမအကြိမ် ထုတ်ဝေခြင်းဖြစ်သော်လည်း နောင်လာမည့် နှစ်များတွင်ပါ ထုတ်ဝေနိုင်ရန် ကြိုးစားသွား မည်ဟုလည်း ဒေါက်တာကျော်လွင်ထူးက ပြောသည်။

ဓနုတိုင်းရင်းသားယဉ်ကျေးမှုမဂ္ဂဇင်းကို ဓနုတိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သည့် ပင်း တယမြို့နှင့် ရွာငံမြို့များတွင် အဓိကထား ဖြန့်ချိသွားမည်ဖြစ်ပြီး ဓနုတိုင်းရင်းသားများနေထိုင်ရာ မြို့များ ဖြစ် သည့် တောင်ကြီး၊ ရန်ကုန်၊ မန္တလေးနှင့် ကျောက်မဲမြို့များတွင်လည်း ဖြန့်ချိသွားမည်ဖြစ်သည်။

ရှမ်းပြည်မြို့များဖြစ်သည့် တောင်ပိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ဦးစီးမှတ်စု ၂၀၀၃ စာရင်းအရ ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဓနုလူမျိုး သုံးသိန်းသုံးသောင်းကျော်ရှိပြီး တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်မူ လူဦးရေငါးသိန်းကျော်ရှိသည်။

ဓနုတိုင်းရင်းသားများသည် တောင်ကြီး၊ပင်းတယ၊ ရွာငံ၊တောင်နီ၊ ဟဲဟိုး၊ ဘော်ဆိုင်း၊ နောင်ချို၊ ကျောက်မဲ အစရှိသည့်ဒေသများတွင် နေထိုင်ကြပြီး ပင်းတယနှင့် ရွာငံတို့သည် ဓနုတိုင်းရင်းသား ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဖြစ်သည်။

Mizzima

0 comments:

Post a Comment