
ပြင်သစ် အခြေဆိုက် မီဒီယာ အချို့က အမေရိကန် သမ္မတ အိုဘားမားနဲ့ အမေရိကန်က လူမည်း အဆိုတော် ဘီယွန်ဆေးတို့ ချစ်ကြိုက်လျက် ရှိကြောင်း သတင်းဖွခဲ့ကြ ပါတယ်။
သို့ပေမယ့် ဒါဟာ ရယ်စရာ ဟာသ တစ်ခုဖြစ်ကြောင်း ဘီယွန်ဆေး မှ ပြန် လည် ပြောဆိုခဲ့ ပါတယ်။ အမေရိကန် သမ္မတ အဖြစ် စတင် အခန့်အပ်ခံ ရချိန် သမ္မတ အိုဘားမားဟာ ဘီယွန်ဆေးကို သီချင်း ဆိုဖို့ ဖိတ်ခေါ် ခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့လက အိုဘားမားရဲ့ ဇနီး မွေးနေ့ ပါတီမှာလည်း ဘီယွန်ဆေးကို သီချင်းဆိုဖို့အတွက် ဖိတ်ကြားခဲ့ ပါတယ်။ အိုဘားမား
ပြင်သစ် သမ္မတ Francois Hollande ကတော့ အရွယ်ငယ် မော်ဒယ် မလေး တစ်ဦးနဲ့ ချစ်ကြိုက်နေကြောင်း သတင်းထွက် ပြီးတော့ သူ့ First Lady နဲ့ အိမ်ထောင်ကွဲခဲ့ပြီ ဖြစ်ကြောင်း ဆိုပါတယ်။ သို့ပေမယ့် ယခု အဖွခံရတဲ အိုဘားမားနဲ့ ဘီယွန်ဆေး သတင်းကတော့ ရယ်စရာ တစ်ခု အဖြစ်သာ ကျန်ရှိစေခဲ့ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
0 comments:
Post a Comment