Tuesday, February 11, 2014

မိကျောင်းနှင့်မြွေရွှံ့ညွန်မှာတွေ့၊ နှစ်ကောင်လုံး သေပွဲဝင်


အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ် ရွှံ့ညွန်အတွင်း၌ ခြောက်ပေရှည်သော မိကျောင်းတစ်ကောင် နှင့် ၁၃ပေရှည်သော စပါးကြီးမြွေတစ်ကောင်တို့ အသေအကျေ တိုက်ခိုက်ခဲ့ကြရာ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ အသက်အန္တရာယ်ပေးနိုင်ဆုံး သားရဲတိရစ္ဆာန်နှစ်ကောင်လုံး ဇီဝိန်ချုပ်သွားခဲ့ကြရကြောင်း တနင်္လာနေ့ ဘီဘီစီသတင်းတွင် ဖော်ပြသည်။

မြန်မာစပါးကြီးမြွေက ကြောက်စရာပြိုင်ဘက်ကို တစ်ကောင်လုံးမျိုချခဲ့ပြီးသည့်နောက် ဗိုက်ပေါက်သွားခြင်း ဖြစ်သည်။
အဲဗားဂလိပ်အမျိုးသားဥယျာဉ်အတွင်း၌ သေဆုံးနေ ကြသော တွားသွားသတ္တဝါနှစ်ကောင်ကို သစ်တောဝန်ထမ်းများက တွေ့လိုက်ကြရာတွင် အလွန်အံ့အားသင့်ခဲ့ကြရသည်။
သတ္တဝါတို့၏ နိုင်ရာစားဓလေ့အတိုင်း ရွှံ့ညွန်အတွင်း၌ မင်းမူနေသော မိကျောင်းများကို ဌာနေမဟုတ်သည့် မြန်မာစပါးကြီးမြွေများက လာရောက်စိန်ခေါ်ကြဖွယ်ရာဖြစ်ကြောင်း သစ်တောအုပ်များက ပြောကြားသည်။

စပါးကြီးမြွေမှာ ဗိုက်ပွင့်လျက်ရှိပြီး မိကျောင်း၏အမြီးက ပြူထွက်နေသည်ကိုတွေ့ရသည်။ မြွေ၏ဦးခေါင်းမှာမူ ပျောက်ဆုံးလျက်ရှိသည်။
မိကျောင်းက စပါးကြီးမြွေကို ဗိုက်ပေါက်သွားသည့် တိုင်အောင် ခြေသည်းလက်သည်းများဖြင့် ကုပ်ခြစ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖလော်ရီဒါတက္ကသိုလ်မှ ပါမောက္ခ ဖရန့်မက်ဇောတီက သုံးသပ်သည်။

ဘီဘီစီ

0 comments:

Post a Comment