ပြည်တွင်းသတင်းဂျာနယ်နှစ်ခုတွင် ဖော်ပြခဲ့သည့်ထောက်လှမ်းရေးကြောင့် တပ်မတော် သိက္ခာကျခဲ့ ရတာ ဟု တပ်မ တော်သားဟောင်းတစ်ဦးလည်းဖြစ်သူ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တစ် ဦးလည်းဖြစ်သူတစ်ယောက်က စည်းမရှိ ကမ်းမရှိ တပ်မတော်၏ဖွဲ့စည်းပုံအောက် မှာ တရားဝင် တည်ရှိခဲ့သည့် ထောက်လှမ်း ရေးတပ်ဖွဲ့ဝင်များကို ပုတ်ခတ်ပြောဆိုခဲ့ သည့်အတွက် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ ပါသည်။
တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့သည
် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်၏ ကွပ်ကဲမှု အောက်တွင် ပေးအပ်သောတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ပါသည့် အဖွဲ့ အစည်းဖြစ်ပါသည်။
တပ်မတော်ထောက်လှမ်းရေးတပ် ဖွဲ့ဝင်များသည် မွေးမွေးချင်းထောက်လှမ်း
ရေးတပ်ဖွဲ့ဝင်ဖြစ်ခဲ့သူများ မဟုတ်ပါ။ ဦးလှဆွေလိုပဲ ခြေလျင်တပ်ရင်းတွင်
အနည်းဆုံး (၆)နှစ်ခန့် တာဝန်ထမ်းဆောင် ခဲ့သူများဖြစ်ပါသည်။ ခြေလျင်တပ်တွင်
တိုက်ပွဲကြီး၊ငယ်များကို တိုက်ခိုက်ခဲ့သူများ အများကြီးရှိပါသည်။
ထောက်လှမ်းရေးတပ်တွင် တာဝန် ထမ်းဆောင်ချင်၍ လျှောက်လွှာတင်ပြီး
ရောက်ရှိခဲ့ခြင်းမဟုတ်ပါ။ အထက်မှပေး သောအမိန့်ကြောင့် ထောက်လှမ်းအဖွဲ့သို့
ရောက်ရှိခဲ့ကြခြင်း ဖြစ်ပါသည်။
]]နိုင်ငံရေးအကျဉ်းသားတွေကိုဖမ်
း
ခဲ့တာ ခြေလျင်စစ်သားတွေတစ်ယောက်မှ မပါဘူး။ ဖမ်းခဲ့တာ ထောက်လှမ်းရေးက
ကောင်တွေပဲ လက်ရှိ ကျွန်တော်တို့တပ်မ တော်က ဘာကြောင့် အပြောဆိုခံနေရ သလဲ။
ဘာကြောင့် ဝေဖန်ခံနေရသလဲဆို ရင် ထောက်လှမ်းရေးကြောင့်ပဲ}} တပ်မ တော်မှာ
တပ်အဖွဲ့အလိုက် သူ့တာဝန်နဲ့ သူ ထမ်းဆောင်ရတာပါ။ ခြေလျင်က စစ် တိုက်ရမယ်။
စစ်အင်ဂျင်နီယာတပ်က အဆောက်အဦတွေ ဆောက်ရမယ်၊ လမ်း တွေဖောက်ရမယ်၊
တပ်မတော်ဆေးတပ် ဖွဲ့က ဆေးကုရမယ်။ တပ်မတော်အစိုးရ လက်ထက်မှာ
တပ်မတော်အစိုးရတိုင်း ပြည် ကို ငြိမ်းချမ်းသာယာဝပြောအောင် ဆောင်
ရွက်နိုင်ဖို့ တပ်မတော်အစိုးရကို အနှောင့် အယှက်ဖြစ်စေမဲ့ အဖျက်အမှောက်လုပ်
ငန်းတွေမရှိအောင် ဆောင်ရွက်ဖို့ တပ်မ တော် ထောက်လှမ်းရေးတပ်ဖွဲ့ရဲ့ တာဝန်
ပါ။ မိမိတာဝန်ကို ဆောင်ရွက်ခြင်းဖြစ်ပါ သည်။
ဦးတင်ဦးကို စကားနိုင်အောင် မပြောနိုင်တာနဲ့ ခုချိန်မှာ ဘေးရောက်နေ တဲ့ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကိ
ု
အပြစ်ပုံချတာတော့ ခင်ဗျား အောက်တန်း ကျလွန်းပါတယ်။ တပ်မတော်ထောက် လှမ်း
ရေးမှာရှိတဲ့ တပ်သားကနေ တပ်မတော် ထောက်လှမ်းရေးမှူးချုပ် ဗိုလ်ချုပ်ကြီး
ခင်ညွန့်အထိ တပ်မတော်မှာ ရာထူးအဆင့် မျိုးစုံ တာဝန်ထမ်းဆောင်ခဲ့ကြတာပါ။ လေ
တပ်၊ ရေတပ်၊ ခြေလျင်တပ်ွန ၊ ထောက်ပို့တပ်တွေရဲ့အကြောင်း အကုန် သိပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ယနေ့ အထိ တပ်မတော်အပေါ်မှာ သစ္စာရှိပါ တယ်။ ခင်ဗျားလို
အောက်တန်းကျစွာနဲ့ စည်းမရှိ ကမ်းမရှိ လျှောက်မပြောပါဘူး။
ခင်ဗျားပြောသလို တပ်ကြပ်အဆင့် ရှိသူက ခွေးချည်တဲ့ကြိုးလောက်ရှိတဲ့ ရွှေဆွဲကြိုးတွေဆွဲပြီးနေကြတယ်ဆိ
ုတာ
ဟုတ်ချင်လည်းဟုတ်မှာပါ။ ဒါပေမဲ့ အားလုံး မဟုတ်ပါဘူး။ ဆင်းရဲတဲ့
ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေ အများကြီးပါ။ ခုချိန်မှာ ဘဝပျက်နေတဲ့
ထောက်လှမ်းရေးတွေ တပ်ဖွဲ့ဝင်တွေ အများကြီးပါ။ ဗိုလ်မှူး အဆင့်နဲ့
အငြိမ်းစားအပေးခံရသူတစ်ချို့ လည်း တက္ကစီမောင်းနေရပါတယ်။ ကုမ္ပဏီ တွေမှာ
ဝန်ထမ်းတွေ ဝင်လုပ်နေရပါတယ်။ ကံကောင်းတဲ့သူတွေတချို့တော့ရှိမ
ှာပေါ့။
ရာနှုန်းနည်းပါတယ်။ အခြားအဆင့်တွေဆို တော်တော်ဒုက္ခရောက်နေပါတယ်။ ခင်ဗျား က
ခုချိန်မှာမြောင်းထဲရောက်နေတဲ့ ထောက်လှမ်းရေးနဲ့ ခြေလျင်ကို သွေးထပ်
ခွဲနေသေးတယ်။ တပ်မတော်ကို ပြိုကွဲ အောင်လုပ်တာ ခင်ဗျားလိုလူမျိုးပဲ၊
ကျုပ်တို့ ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တွေ လုပ်ဆောင် ခဲ့လို့
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ေ
တွ
နဲ့ အပစ်အခတ်ရပ်စဲခဲ့တယ်။ အဲဒါကြောင့် ရှေ့တန်းတွေမှာ တိုက်ပွဲတွေ
မဖြစ်တော့ ဘဲ ခြေလျင်တပ်ကရဲဘော်တွေ သေကြေ ဒဏ်ရာရမှုတွေ မရှိတော့ဘူး။
ရဲဘော်တွေ ရဲ့ မိဘဇနီး သားသမီးတွေ ဝမ်းနည်း ကြေကွဲမှုတွေ မဖြစ်ရတော့ဘူး။
ရှေ့တန်း နယ်တွေမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေ စစ်ဘေးစစ်ဒဏ်
မခံရတော့ဘူး။ စစ်စရိတ် တွေ မကုန်တော့ဘူး။ ခင်ဗျား ဘာပြောချင် သေးလဲ။
မူဝါဒကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ချခဲ့တာပါ။ အဲဒါကို တပ်မတော်
ထောက်လှမ်းရေးတပ်ဖွဲ့က အကောင် အထည်ပေါ်အောင် ဆောင်ရွက်ခဲ့တာပါ။
တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့က နိုင်ငံတော်အတွက် ဆောင်ရွက်ခဲ့တာတွေ
ခင်ဗျား မသိသေးတာ အများကြီးပါ။ ဖွင့် မပြောသင့်လို့ မပြောတော့ပါဘူး။
ခင်ဗျား က ကိုယ်ပိုင်မကျေနပ်ချက်နဲ့ တပ်ကြပ် အဆင့်လောက်ကောင်ကို
မနာလိုဖြစ်တာနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့
ကွပ်ကဲမှုအောက်မှာ တရားဝင်ရှိခဲ့တဲ့ ကက(ကြည်း)ရဲ့ ကွပ်ကဲမှုအောက်မှာရှိခဲ့တဲ့ တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ကိ
ု သိက္ခာကျအောင် ဦးတင်ဦးကို စကားနိုင်အောင်မပြောနိုင်တာနဲ့ တပ်မတော် သိက္ခာကျအောင် စည်းမရှိကမ်းမရှိ မပြောပါနဲ့။
ခင်ဗျားရဲ့ ပြောကြားချက်ကို တပ် မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်တေ
ွအား
လုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ပါ တယ်။ ယခုလက်ရှိ ဖွဲ့စည်းထားတဲ့
စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဟာလည်း ထောက်လှမ်း တာဝန်ကို ထမ်းဆောင်နေ
တာပါ။ နိုင်ငံ တိုင်းမှာ ထောက်လှမ်းရေး တပ်ဖွဲ့ရှိနေပါ တယ်။
ခင်ဗျားပြောစကား တွေကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုပါ တယ်။
ကျွန်တော်တို့ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေဟာ အရင်ကရော အခုရော နောင်ရော
ဘယ်တော့မှ တပ်မတော်နဲ့ နိုင်ငံတော်အပေါ်မှာ သစ္စာမဖောက်ပါဘူး။ ခင်ဗျားက
အာချောင်ပြီး ကိုယ့်ကိုယ်ကို ရန်သူများ အောင် လုပ်နေတယ်။ ခင်ဗျားလို လွှတ်
တော်ကိုယ်စားလှယ်တစ် ယောက်အနေနဲ့ စကားကို ဆင်ဆင်ခြင်ခြင် ပြောစေလိုပါ တယ်။
တပ်မတော်ထောက်လှမ်းရေး တပ်ဖွဲ့ဝင်ဟောင်းများ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
0 comments:
Post a Comment