
ခရီးသည်တင် ဟိုင်းလပ်ယာဉ်မှ တက္ကစီပြောင်းလဲသူများ တစ်နှစ်နီးပါးကြာသည်အထိ စီအန်ဂျီ မရရှိသေးကြောင်း ယာဉ်ပိုင်ရှင်များထံမှသိရသည်။
၂၀၁၃ ခုနှစ် ဧပြီ ၊ မေ နှင့် ဇွန်လများမှစပြီး ခရီးသည်တင်ဟိုင်းလတ်ယာဉ်များအပ်ကာ စီအန်ဂျီ ဖြင့် တက္ကဆီပြေးဆွဲရန် ဆောင်ရွက်ခဲ့ကြောင်း စီအန်ဂျီရရှိရေး အတွက်ဌာနဆိုင်ရာအဆင့်ဆင့်မှ ထောက်ခံချက်ဖြင့် ရယူပြီးဖြစ်ကြောင်း သိရသည်။ ၎င်းနှင့်ပတ်သက်၍ ယာဉ်ပိုင်ရှင် ကျော်နိုင်စိုးက "ကျွန်တော်ကားဆို CNG လျှောက်ထားတာ
ထိုသို့ CNG မရခြင်းကြောင့် ယာဉ်ပိုင်ဆိုင်အများစုမှာ ရပ်နားထားပြီး ၊အချို့မှာ ဓာတ်ဆီဖြင့် ပြေးဆွဲနေရကြောင်း၊ ဓာတ်ဆီဖြင့်ပြေးဆွဲသည့် တက္ကဆီနှင့် CNG ဖြင့်ပြေးဆွဲသည့် တက္ကဆီ၏တစ်နေ့တာ ကုန်ကျစရိတ်မှာ (၁၀၀၀၀) ကျပ် ဝန်းကျင်ကာခြားကြောင်း သိရသည်။ တက္ကဆီယာဉ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဝင်းထွဋ်ဝင်းက လည်း " ဟိုင်းလပ်ယာဉ်ဟောင်းကို အပ်ပြီး ခရီးသည်တင်ယာဉ်သစ်တစ်ဦးကိုဝယ်ဖို့ ပိုက်ဆံမတတ်နိုင်လို့ တက္ကဆီကို ပြောင်းတာပါ " ဟုပြောသည်။
အဆိုပါ ယာဉ်ပိုင်ရှင်များက စွမ်းအင်ဝန်ကြီးဌာန ၊ MOGE ဌာနသို့ CNG ရရှိမှုရှိ ၊ မရှိကို မေးမြန်းရာတွင် မထသ(ဗဟို) မှ ထောက်ခံချက်လိုအပ်ကြောင်း ၊ မထသ(ဗဟို) သို့သွားရောက်ရာတွင် လည်း နေလဝန်း ကုမ္ပဏီမှ တက္ကဆီအစီး (၁၇၀) အားမည်သည့်ထောက်ခံချက်မျှမလိုပဲ CNG ရရှိပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အကယ်၍ ရက်သတ္တပတ် (၂) ပတ်ခန့်ကြာသည်အထိ CNG မရရှိသေးပါက သာကေတမြို့နယ်ရှိ စွမ်းအင်ဝန်ကြီးဌာနရုံးရှေ့တွင် ဆန္ဒပြတောင်းဆို မည်ဖြစ်ကြောင်း၊ ၎င်းအပြင် နိုင်ငံတော် သမ္မတအထိ CNG ရရှိရေးကို စာတင်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၈ ရက်ကပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
PN043
Popular Myanmar News Journal
0 comments:
Post a Comment