င်ငံပိုင်လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံရန်
အစိုးရလျာထားသည့် လုပ်ငန်းများတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိဆေးရုံအတွက်
“အဆင့်မြင့် ကင်ဆာရောဂါဆိုင်ရာ ဓာတ်ရောင်ခြည် ကုသစက် ၀ယ်ယူရန်” လျာထားသည်ဟု
ပြည်သူ့လွှတ်တော်၏ ငွေစာရင်းပူးပေါင်း ကော်မတီဝင် ဦးမိုးဇော်ဟိန်းက
ဖေဖော်ဝါရီ ၆ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဝေဖန်လိုက်သည်။
“ဘီလီယံနှင့်ချီပြီး ရင်းနှီးမြှုပ်နှံမယ့် ဓာတ်ရောင်ခြည် ကုသစက်ကြီးဟာ နေပြည်တော်မှာ အမှန်အကန် လိုအပ်မှု ရှိ၊ မရှိ၊ ဒါ့အပြင် တာဝန်ယူကိုင်တွယ်သုံးစွဲမယ့် ကျွမ်းကျင်ပညာရှင် များရှိ၊ မရှိစတဲ့အချက်များကို ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။ ၂၀၁၄-၁၅ ဘဏ္ဍာနှစ်အတွက် အစိုးရရေးဆွဲ ထားသည့် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ “နိုင်ငံပိုင် လုပ်ငန်းစီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု လျာထားချက်” ကို ဖေဖေါ်ဝါရီ ၆ ရက်က ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးစဉ် ယခုကဲ့သို့ ထောက်ပြဝေဖန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဓာတ်ရောင်ခြည်စက်ဝယ်ယူရန်မှာ အမှန်တကယ် လိုအပ်မှုရှိ၊ မရှိ ပြန်လည် သုံးသပ်ရန်လိုပြီး လိုအပ်ပါကလည်း ကျန်းမာရေးကဏ္ဍ၏ အသုံးစရိတ်တွင်သာ သုံးစွဲရမည်ဟု ငွေစာရင်းပူးပေါင်းကော်မ တီကိုယ်စား ဦးမိုးဇော်ဟိန်းက ထောက်ပြခြင်း ဖြစ်သည်။
ယင်းဥပဒေကြမ်းတွင်ပါရှိသည့် နိုင်ငံပိုင်လုပ်ငန်း စီမံကိန်းလုပ်ငန်းများတွင် နေပြည်တော်ကောင်စီအတွက် သုံးစွဲရန် အစိုးရလျာထားသည့် ငွေပမာဏမှာ ကျပ်သန်းပေါင်း နှစ်သိန်းနီးပါး (၁၉၆ ဒသမ ၉၄၅ ဘီလီယံ) ထိရှိနေပြီး ထိုအသုံးစရိတ်အောက်တွင် ကင်ဆာရောဂါဓာတ်ရောင် ခြည်ကုသစက်ပါဝင်နေခြင်းဖြစ်သည်။
အဆိုပါ ကင်ဆာရောဂါ ဓာတ်ရောင်ခြည် ကုသစက်ဝယ်ယူရန် အစိုးရလျာထားသည့်ငွေမှာ ကျပ်သန်း ပေါင်း ခုနစ်ထောင်ကျော် (၇ ဒသမ ၄၄၈ဘီလီယံ)ဖြစ်သည်။
နေပြည်တော်ကောင်စီ နယ်မြေအတွက်သုံးစွဲရန် အစိုးရလျာထားသည့် နိုင်ငံပိုင်လုပ်ငန်း စီမံကိန်းများမှာ လမ်းနှင့် တံတားတည်ဆောက်ခြင်း၊ အဆောက်အအုံ တည်ဆောက်ခြင်း၊ ရေရရှိရေးလုပ်ငန်း၊ ဆည်တာ တမံတည်ဆောက်ခြင်း၊ လျှပ်စစ်ဓာတ်အားပေးရေးနှင့် ဓာတ်အားလိုင်းများတည်ဆောက်ခြင်း၊ ဆက်သွယ် ရေးလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတို့ ဖြစ်သည်။
အစိုးရ၏ “နိုင်ငံပိုင်လုပ်ငန်းစီမံကိန်း နှင့်ရင်းနှီးမြှုပ်နှံမှုလျာထားချက်” ကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန် လွှတ်တော်အမတ် ၂၅ ဦးက စာရင်းပေးထားပြီး ဖေဖော်ဝါရီလ ၆ ရက်တွင် လွှတ်တော် အမတ် ၁၁ ဦးသာ ဆွေးနွေးမှုဖြင့် အဆုံးသတ်သွားခဲ့သည်။
ထို့ကြောင့်ပြန်စမည့် ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်အမတ်များ ထပ်မံဆွေးနွေးရန် နာယကဖြစ်သူ သူရဦးရွှေမန်းက ကြေငြာထားသည်။
သမ္မတ၏ တိုက်ရိုက်အုပ်ချုပ်မှု အောက်တွင်ရှိသည့် နေပြည်တော်ကောင်စီနယ်မြေတွင် ဇမ္ဗူသီရိအထူး ကုဆေးရုံကြီးအား ၂၀၁၂ ခုနှစ်တွင် နေပြည်တော် စည်ပင် သာယာရေးကော်မတီ က ဖွင့်လှစ်ထားခြင်း ဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment