မန်ချက်စတာ စီးတီးအသင်းက ခေါ်ယူရန် ညှိနှိုင်းနေသည့် ပေါ်တိုကွင်းလယ်လူ
ဖာနန်ဒိုကို ဂျူဗင်းတပ်စ်က ကြားဖြတ် ကြိုးစားလာနေကြောင်း သိရသည်။
အသက်(၂၆)နှစ်ရှိ ဘရာဇီးလ် ကွင်းလယ် ကစားသမားသည် ရာသီကုန်တွင် ပေါ်တိုနှင့် စာချုပ်သက်တမ်း ပြီးဆုံးမည်ဖြစ်ပြီး မန်စီးတီးက ၎င်းကို ချိတ်ဆက်နေသည်။ သတင်းအချို့က မန်စီးတီးနှင့် ဖာနန်ဒိုတို့ကြား ကြိုတင် သဘောတူညီမှု တစ်ခုပင် ရရှိထားပြီဟု ဖော်ပြနေကြသော်လည်း ယခုအခါ အီတလီ စီးရီးအေ ချန်ပီယံတို့ကပါ ကြားဝင်လာခြင်း ဖြစ်သည်။
ဂျူဗင်းတပ်စ်နည်းပြ အန်တိုနီယို ကွန်တီက မန်စီးတီးဘက် ယိမ်းနေသော ကစားသမား၏စိတ်ကို ကောင်းစွာ ဆွဲဆောင်နိုင်မည်ဟု ယုံကြည်နေသည်။
မန်စီးတီးသည် ဆောင်းရာသီ ဈေးကွက်ပိတ်ရက် ကတည်းက ဖာနန်ဒိုကို ကြိုးစားခဲ့သော်လည်း ပေါ်တိုက လူသစ်အစားထိုးရန် အချိန်မလုံလောက်တော့သဖြင့် ငြင်းပယ်ခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဖာနန်ဒိုက ၎င်း၏ စာချုပ်ကို သက်တမ်းတိုးရန် စိတ်မဝင်စားတော့သည့်နောက် အင်္ဂလန်နှင့် အီတလီတို့အနက် တစ်ခုခုကို ၎င်း၏ အနာဂတ် ဖြတ်သန်းမှုအဖြစ် ရွေးချယ်ဖွယ် ရှိနေသည်။
မန်စီးတီးသည် ချယ်လ်ဆီးကို အရေးနိမ့်သည့် ပွဲစဉ်တွင် ဖာနန်ဒင်ဟို ဒဏ်ရာရနေသည့်အတွက် နောက် ခံလူ မာတင်ဒီမစ်ချယ်လစ်ကိုပင် ကွင်းလယ်၌ အသုံးပြုခဲ့ရသည့်နောက် ကွင်းလယ်အထိုင် ကစားသမား သစ် ခေါ်ယူရေးကို ပိုမိုအလေးထား စဉ်းစားလာခဲ့သည်။
Source: Daily Mail
Soccer Myanmar
0 comments:
Post a Comment