
ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားသူတစ်ယောက်ဖြစ်တဲ့
အဆိုတော်ရေဗက္ကာဝင်းကို လတ်တလောမှာ ဘာတွေလုပ်ဖြစ်နေသလဲဆိုတာနဲ့
ပတ်သက်ပြီးတော့ မေးမြန်းဖြစ်ခဲ့တာကတော့ ‘အစ်မအခုလတ်တလောမှာ
အနုပညာ လှုပ်ရှားမှုအနေနဲ့ကတော့ သိပ်မရှိပါဘူး။ အစ်မရဲ့အမျိုးသားနဲ့ပဲ
ပေါင်းပြီးတော့ စီးပွားရေးအလုပ်လုပ်တာပဲ ရှိပါတယ်။ အစ်မရုံးအလုပ်တွေပဲ
ပိုလုပ်ဖြစ်နေပါတယ်။ အစ်မအနေနဲ့ အနုပညာအလုပ်တွေြ
ပန်လုပ်ချင်တဲ့
စိတ်တော့ ရှိပါတယ်။ ပြန်ပြီးတော့ ခြေချချင်တယ်။ ဆက်လည်း လုပ်ချင်ပါတယ်။
ဒါပေမဲ့ အချိန်ကလည်း အပြည့်အဝ
မပေးနိုင်တဲ့အခါကျတော့
ကိုယ်အားတဲ့အချိန်လေးမှာ ကိုယ့်ဆီလာတဲ့ အလုပ်တွေကိုပဲ
ကိုယ့်ဘက်ကလုပ်နိုင်အောင်လို့ပဲ ကြိုးစားမှာပါ။ အဓိက အချိန်အခက်အခဲပေါ့လေ။
အစ်မအချိန်ရရင် ရသလို ပရိသတ်တွေနဲ့ အထိအတွေ့ရအောင် အနုပညာအလုပ်တွေ ပြန်ပြီး
ပြသခွင့်ရအောင်လို့ အစ်မဘက်က ကြိုးစားသွားမှာပါ။ အိမ်ထောင်မကျခင်
အချိန်တုန်းကနဲ့ အခုအိမ်ထောင်ကျပြီး ချိန်မှာလည်း တစ်ခြားသိပ်ပြီး
ဘာမှတော့ပြောင်းလဲသွားတာတော့ မရှိပါဘူး။ အဓိက အစ်မအတွက်
အချိန်မလောက်တာတစ်ခုပါပဲ။ အခုလောလောဆယ် မှာတော့ သားသမီးယူမဲ့
အစီအစဉ်မရှိသေးပါဘူး။ ရေဗက္ကာကိုချစ်တဲ့ ပရိသတ်တွေ အားလုံး စိတ်ချမ်းသာပြီး
ကျန်းမာကြပါစေလို့ဆိုပြီး ဖွင့်ဟပြောပြခဲ့ပါတယ်။
စန္ဒီ
Trend Myanmar
0 comments:
Post a Comment