Monday, February 3, 2014

ရည်းစားမထားဘဲ အေးအေးဆေးဆေးနေရတာ သဘောကျတယ်လို့ပြောတဲ့ စိုးပြည့်သဇင်


အကယ်ဒမီကို လက်ဝယ်ပိုင်ဆိုင်ထားပြီး ဖြစ်သလို သရုပ်ဆောင်ဘက်မှာသာမက ဂီတဘက်မှာပါသူမတတ်စွမ်းတဲ့ အနုပညာနဲ့ဖြည့်ပြီး လျှောက်လှမ်းချင်တဲ့ စိုးပြည့်သဇင်နဲ့တွေ့ဆုံခိုက် သူမရဲ့ အနုပညာလှုပ်ရှားမှုလေးတွေအကြောင်းရော၊ ချစ်သူများနေ့မှာ သူမဘာတွေလုပ်မယ် ဆိုတာကိုပါ မေးမြန်းကြည့်လိုက်တဲ့အခါ ‘စိုးပြည့် ဇေရဲထက်နဲ့ကားရိုက်နေပါတယ်။

ပခုက္ကူကို သွားပြီးသီချင်းဆိုဖို့ရှိတယ်။ မြ၀တီမှာ ကားသွားရိုက်ဖို့ရှိပါတယ်။ ကားနာမည်က ဒေါနကိုပြောပြချင် တယ် တဲ့။ အဲ့ကားထဲမှာ စိုးပြည့်က ကရင်မလေးနေရာက သရုပ်ဆောင် ရမှာပါ။ မင်းသားက မင်းထက်ပါ။’လို့ သူမက ပြောပြပါတယ်။

လာမဲ့ချစ်သူများနေ့ကို သူမဖြတ်သန်းမဲ့အကြောင်းကိုလည်း သူမက ‘ချစ်သူများနေ့မှာ အနုပညာအလုပ်တွေနဲ့ပဲ အချိန်ကုန်နေမှာပါ။ အရင်နှစ်တွေလဲ ဒီအတိုင်းပဲအလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်တာပါ။ ဒီနှစ်မှာ ကိုယ်ကယူဖို့လဲ မရှိသလို၊ သူများကိုပေးဖို့လဲ မရှိပါဘူး။ အချစ်ဆိုတာ အေးလဲအေးချမ်းသလို၊ ပူလဲပူလောင်တတ်တယ်။ စိုးပြည့်အခုအရွယ်မှာ နားလည်တဲ့ အချစ်က မိဘ သားသမီးအချစ်၊ မောင်နှမ အချစ်၅၂၈ပေါ့။ အေးချမ်းတဲ့ အချစ်မျိုးပါ။ စိုးပြည့်မှာ ထူးထူးဆန်းဆန်းချစ်စရာ အချစ်မရှိပါဘူး။ ချစ်သူလဲမရှိတော့ ထွေထွေထူးထူး လက်ဆောင်မရဖူးပါဘူး။ ပရိသတ်တွေပေးတာပဲ ရဖူးတယ်။ ကျန်တာကတော့ သူငယ်ချင်းတွေဆီကပဲ ရဖူးပါတယ်’တဲ့။

အိမ်ထောင်ရေးအတွက် ဘယ်လို ယောင်္ကျားမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မယ် ဆိုတာကိုတော့ ‘ပြောလို့မရသေးဘူးပေါ့။ မိန်းကလေး တစ်ယောက်အနေနဲ့ ဘယ်သူပဲဖြစ်ဖြစ် အကောင်းဆုံးတော့ လိုချင်ကြတာပေါ့နော်။ ကိုယ်ဖြစ်ချင်တာကြီးပဲလဲ ဖြစ်လို့ မရဘူး။ ကံတရားကလဲ ရှိသေးတော့လေ။ ကြိုပြီးစဉ်းစားထားတာတော့ မရှိပါဘူး။ ကံတရား အတိုင်းပါပဲ။ အပြင်ကလူ၊ အနုပညာလောကထဲကလူဆိုပြီး သတ်မှတ်ထားတာမျိုး မရှိပါဘူး။ အဓိက ကစိတ်ရင်းစေတနာကောင်းရင် ရပါပြီ။ မိန်းကလေးတိုင်း အဓိက ရွေးချယ်တဲ့ အပိုင်းပေါ့နော်။ ဖူးစာအတိုင်းပါပဲ။

မိဘတွေက စိုးပြည့်ရဲ့အချစ်ရေးနဲ့ပတ်သတ်လို့ဘာမှချုပ်ချယ်ထားတာမျိုး မရှိဘူး။ စိုးပြည့်အသက်၂၁နှစ်ကျော်ပြီ။ ဘာမှမချုပ်ချယ်ဘူး။ လွတ်လပ်
ခွင့်ပေးတယ်။ စိုးပြည့်ကိုယ်တိုင်ကိုက အေးအေးဆေးဆေးနေရတာ သဘောကျတယ။် အဲဒါကြောင့်မရှိတာပါ။ ချစ်သူများနေ့မှာ ချစ်တဲ့သူတွေအားလုံး ပျော်ရွင်စွာနဲ့ချစ်ခြင်း တရားတွေ ခိုင်မြဲပါစေလို့ စိုးပြည့်ကဆုတောင်းပေးပါတယ်’လို့သူမက ပြောပြသွားခဲ့ပါတယ်။

Trend Myanmar

0 comments:

Post a Comment