မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် အစိုးရ၀န်ကြီးဌာန လက်အောက်တွင်ဖြစ်သည့်အတွက် ပြည်ပအော် ပရေတာများ၏ ဖုန်းကတ်များ ဈေးကွက်အတွင်း မရောက်သေးချိန်တွင် မိုဘိုင်းဖုန်းခေါ်ဆိုခများကို လျော့ ချသွားရန် လတ်တလောတွင် မဖြစ်နိုင်သေးဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှအထွေထွေမန်နေဂျာ ဦးကျော်စိုးဝင်း က ဖေဖော်ဝါရီ ၆ တွင် မဇ္ဈိမကို ပြောသည်။
ဦးကျော်စိုးဝင်းက “ အခုအပြင်မှာ ပြောဆိုနေကြတာက ဖုန်းခေါ်ဆိုခတွေကို ပြည်ပအော်ပရေတာများ နည်းတူ မလျှော့ချသေးဘူးဆိုတာကိုပေါ့။ အမှန်တကယ်ဆိုရင် ဆက်သွယ်ရေးလုပ်ငန်းက ပုဂ္ဂလိက ကုမ္ပဏီတွေလို ဖုန်းခေါ်ဆိုခကိုကိုယ် ကြိုက်သလိုလျှော့ချလို့ရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ၀န်ကြီး ဌာနဘက်က ခေါ်ဆိုခတွေထဲက တစ်နှစ်ကို နိုင်ငံတော်ကို ဘယ်လောက်ရအောင် ရှာပေးရမယ်ဆိုတာရှိ တယ်”ဟုပြောသည်။
ဆက်လက်၍ ၎င်းက “ဖုန်းခေါ်ဆိုခ လျှော့ချမယ်ဆိုရင်လည်း အထက်ဝန်ကြီးဌာနကိုတင်ပြရတယ်။ အဲဒီ က ခွင့်ပြုချက်တွေရလာမှ ဖုန်းခေါ်ဆိုခတွေ လျှော့ချတာမျိုးကိုလုပ်နိုင်မှာဖြစ်တယ်” ဟု မဇ္ဈိမကို ပြော သည်။
လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ဆင်းမ်ကတ်များကို တစ်လလျှင် ၃၅၀,၀၀၀ ခန့် ချထားပေးပြီး နောက်ပိုင်းတွင်လည်း ယင်းသို့ပင် ဆက်လက်ချထားပေးသွားမည်ဖြစ်သည်ဟုလည်း ဦးကျော်စိုးဝင်းကလည်း ဆိုသည်။
သို့သော်လည်း လုပ်ကိုင်ခွင့် လိုင်စင်ရသွားသော နော်ဝေနိုင်ငံအခြေစိုက် တယ်လီနောအနေဖြင့်လာမည့် ရှစ်လအကြာတွင် သန်း ၃၀ စတင် ချထားပေးမည်ဟု ဖေဖော်ဝါရီက ၅ ရက်က စာနယ်ဇင်းများနှင့် တွေ့ ဆုံစဉ် ပြောကြားထားသည်။
နောက်ပိုင်းတွင် ပြည်ပအော်ပရေတာများက မိုဘိုင်းဆင်းမ်ကတ်ချပေးမည်ဆိုပါက ၀န်ဆောင်မှုကောင်း သည့် အော်ပရေတာများ၏ ဆင်းမ်ကတ်ကိုသာ အသုံးပြုသူများက ရွေးချယ်အသုံးပြုသွားနိုင်သည် ဟု လည်း Mr. Htet Computer Lab မှ အိုင်တီပညာရှင် ကိုထက်လင်းစိုးက ပြောသည်။
၎င်းက “တကယ်တော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိမှာ အရှုံးရှိလိမ့်မယ်လို့တော့ မထင်ဘူး။ အခြားအော်ပရေတာတွေနဲ့ အပြိုင်အဆိုင်ဝန်ဆောင်မှုပေးပြီဆိုရင် ကျွန်တော်တို့ အသုံးပြုသူ အနေနဲ့က ၀န်ဆောင်မှုကောင်းတာကိုပဲရွေးသုံးကြမှာပါ။ ဖုန်းခေါ်ဆိုခတွေကို ဘယ်အော်ပရေတာတွေက ဘယ်နှစ် မိနစ် အခမဲ့ ပြောဆိုခွင့်ပေးမယ်၊ ဖုန်းပြောဆိုခ သက်သာမယ်၊ ၀န်ဆောင်မှုကောင်းမယ်ဆိုရင် အဲလို ကောင်းမွန်တဲ့ အော်ပရေတာကိုပဲ အများစုက ရွေးသုံးကြလိမ့်မယ်”ဟု သူ၏အမြင်ကို ပြောသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာနှစ်တွင် မိုဘိုင်းဖုန်းလိုင်း ငါးသန်းကို ချထားပေး မည်ဖြစ်ပြီး အဆိုပါ ဖုန်းလိုင်းများအတွက် ဆက်သွယ်ရေးကွန်ရက်ဆောက်လုပ်ရန် ပစ္စည်းများကိုလည်း နိုင်ငံတကာကုမ္ပဏီများကို တင်ဒါခေါ်ယူထားသည်။
Mizzima - News in Burmese
0 comments:
Post a Comment