Wednesday, February 5, 2014

ရှေ့ဘီးပွင့်ကာ ယာဉ်တိမ်းမှောက်

Photo: ရှေ့ဘီးပွင့်ကာ ယာဉ်တိမ်းမှောက်
Wednesday, February 5, 2014

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပုဂံအိမ်ရာနေ ဆွေသန့်ကို(၂၆)နှစ် မောင်းနှင်လာသော 6f/xxxx တိုယိုတာဘတ်တာယာဉ်သည် ၀ဲဘက်ရှေ့ဘီးပွင့်ကာ အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအားဝင်ရောက်တိုက်မိခဲ့သဖြင့် ဆွေသန့်ကို၏ ယာဘက် နဖူးနှင့် မျက်ခုံး၊ ၀ဲလက်ဖျံတို့တွင် စုတ်ပြဲဒဏ်ရာများနှင့် ယာဉ်မှာ ရှေ့ဦးခေါင်းပိန်ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ဘော်ဒီ ပိန်ချိုင့်ပျက်စီးသွား၍ တန်ဘိုးငွေကျပ်(၃၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဆွေသန့်ကိုအား ဘောနီအမြန်လမ်းရဲစခန်း ယာဉ်(ပ)၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ်(၅၁/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ဘောနီအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးခဲ့သည်။


ထိုသို့စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ပုဂံအိမ်ရာနေ ဆွေသန့်ကို (၂၆)နှစ် မောင်းနှင်လာသော 6f/xxxx တိုယိုတာဘတ်တာယာဉ်သည် ၀ဲဘက်ရှေ့ဘီးပွင့်ကာ အရှိန် မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကပ်တုံးအား ၀င်ရောက် တိုက်မိခဲ့သဖြင့် ဆွေသန့်ကို၏ ယာဘက် နဖူးနှင့် မျက်ခုံး၊ ၀ဲလက်ဖျံတို့တွင် စုတ်ပြဲဒဏ်ရာများနှင့် ယာဉ်မှာ ရှေ့ဦးခေါင်းပိန် ချိုင့်၊ ရှေ့လေကာမှန်ကွဲ၊ ယာဘက်ဘော်ဒီ ပိန်ချိုင့်ပျက်စီး သွား၍ တန်ဘိုးငွေကျပ် (၃၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သောကြောင့် ဆွေသန့်ကိုအား ဘောနီအမြန်လမ်းရဲစခန်း ယာဉ် (ပ)၃/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

0 comments:

Post a Comment