Saturday, February 22, 2014

ခြုံဘူရီခရိုင်တွင် လူကုန်ကူးခံရသည့် မြန်မာအလုပ်သမား ငါးဦးကို ကယ်ထုတ်နိုင်

ဗန်ကော်မြို့တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိသော ခြုံဘူရီခရိုင် စာသဟစ်မြို့ စမေးစံကမ်းခြေရှိ ချောင်းနှစ်ခွတံတား ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံထားရသည့် မြန်မာအလုပ်သမား ငါးဦးကို ပူးပေါင်းအဖွဲ့များက ဖေဖော်ဝါရီ ၁၆ရက်က ကယ်ထုတ်နိုင် ခဲ့ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ (Myanmar Association Thailand)မှ ဆက်သွယ်ပြောပြချက်အရ သိရသည်။


ဖေဖော်ဝါရီ ၁၁ ရက်က မြ၀တီမြို့မှ ဝေယံလင်းဆိုသူက ဗန်ကောက် အခြေစိုက် ထိုင်းနိုင်ငံရော က် မြန်မာ နိုင်ငံသားများအဖွဲ့ MAT ရုံးသို့ အကူအညီ တောင်းခံနေစဉ် ငါးဖမ်းစက်လှေမှ မွန်လူမျိုး ပိုက်ဆရာက ၎င်း၏ လက်ကိုင်ဖုန်းကို လုယူသွားသဖြင့် အချက်အလက်အသေးစိတ် မရရှိခဲ့သောကြောင့် MAT အဖွဲ့သည် ပူးပေါင်းဆောင်ရွက်နေကျ အဖွဲ့ အစည်းများဖြစ်ကြသော ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူး ထောက်လှမ်းရေးတပ်ဖွဲ့ DSI နှင့် ထိုင်းနိုင် ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေး ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း FED တို့ နှင့်တိုင်ပင်၍ အဆိုပါ ငါးဖမ်းစက်လှေပြန်ရောက် လာသည့်အခါ ကယ်တင် နိုင်ရန်အတွက် အဆင်သင့်ပြင်ဆ င်ဆောင် ရွက်ခဲ့ကြကြောင်း သိရပြီး ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၅ နာရီတွင် သတင်းရရှိ ထားသည့် လှေနံပါတ် ..... အတွဲလှေအမှတ်(၂) အဝါရောင်ဆိုက်ကပ်လာစဉ် မြန်မာ အလုပ်သမားများကို ကယ်တင်နိုင်ခဲ့ ခြင်းလည်း ဖြစ်သည်။ မြ၀တီမြို့ အမှတ်(၃)ရပ်ကွက်ရှိ အသက် ၂၂ နှစ်အရွယ် ဝေယံလင်းက "ကျွန်တော် မဟာချိုင်မှာ အလုပ်လုပ် နေတာ၊ ပွဲစား ညီညီဆိုသူက ခြုံဘူရီက သစ်သီးစက်ရုံမှာ အလုပ်ရမယ် ဆိုပြီး ငါးဖမ်းလှေမှာ ဘတ် ၁၅၀၀၀ နဲ့ လာရောင်းစားသွားတာ" ဟု ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ခြံရှည်ရွာမှ အသက်၂၂ နှစ်အရွယ် အောင်သန်းနိုင်ကလည်း "ကျွန်တော် တို့ကို ရောင်းစားတာလည်း ဒီပွဲစား ညီညီပဲဖြစ်ပါတယ်။ ကျွန်တော်တို့ တစ်ယောက်ကို ငွေကျပ်တစ်သိန်းခွဲစီ သူ့ကိုပေးခဲ့ရပါတယ်။ ပြီးတော့ ဒီငါးဖမ်းစက်လှေမှာ ကျွန်တော်တို့ကို တစ်ယောက်ကို ဘတ်တစ်သောင်းခွဲစီနဲ့ လာရောင်းစားသွားတာဖြစ်ပါတယ်" ဟု ပြောပြခဲ့သည်။

MAT အဖွဲ့ရုံးတာဝန်ခံ ကိုစိုင်း အေးက "ကျွန်တော်တို့ မြန်မာ အလုပ်သမားတွေကို လွတ်အောင် ကယ်ထုတ် ရတာ ခက်ခဲသလောက် လှေပိုင်ရှင်နဲ့ ပွဲစားတွေ ဘာမှအပြစ်ဒဏ် ကျခံရတာ မရှိဘူး။ ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးက ကျွန်တော်တို့အဖွဲ့ရဲ့ စာရင်းပေး မြန်မာအလုပ်သမားတွေကိုပဲ လှေနံပါတ်အတိအကျနဲ့ လှေဝင်လာတဲ့အချိန်မှာ ရွာသူကြီးက တစ်ဆင့်ခေါ် ပေးလိုက်တာပါ။ ထိုင်းပင်လယ် ထဲက ငါးဖမ်း စက်လှေတွေထဲမှာ လူကုန် ကူးခံနေရတဲ့ မြန်မာအလုပ်သမားတွေက ကျွန်တော်တို့နဲ့ အဆက်အသွယ်ရဖို့ သူတို့အချက်အ လက်အတိအကျ ပြောဖို့နဲ့ သူတို့ ငါးဖမ်းစက်လှေ ဝင်လာမယ့် ရက်မတိုင်ခင်ကြိုပြီး အချက်အလက်ပြောဖို့ ဘယ်လွယ်ပါ့မလဲ" ဟု ပြောခဲ့သည်။

MAT အဖွဲ့မှ ဖုန်းနံပါတ်များနှင့် အခြားလူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်နေသည့် အဖွဲ့အစည်း များ၏ ဖုန်းနံ ပါတ်များကို ပြီးခဲ့သော ၂၀၁၂ ခုနှစ်က မြန်မာနိုင်ငံမှ နိုင်ငံတော်အစိုးရ ထုတ်ဝေသည့် သတင်းစာများနှင့် ပြည်ပ အခြေစိုက်ဒီမိုကရက်တစ် မြန်မာ့အသံတို့မှ အများပြည်သူများအတွက် အသိပေးကြေညာပေးခဲ့သလို ယခုတစ်ဖန် ထပ်မံကြေညာ ပေးစေလိုကြောင်း MAT အဖွဲ့က အကြံပြုပြောကြားခဲ့သည်။

MOI Webportal Myanmar

0 comments:

Post a Comment