၂ဝဝ၈ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ထိပ် တိုက်ဆွေးနွေးမှုများပြုလုပ်ရန် မွန်ပြည်နယ်၊ ပေါင်မြို့ နယ်တွင် ဆန္ဒပြပွဲတစ်ခုပြုလုပ်ခဲ့သည်။
အခြေခံဥပဒေပုဒ်မ ၅၉(စ)၊ ၅၉(ဃ)၊ ပုဒ်မ၄၃၅၊ ပုဒ်မ၄၃၆၊ စီတန်း လှည့်လည်ခွင့် ပုဒ်မ ၁၈ ဖြုတ် သိမ်းရေးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးသိန်းစိန်၊ သူရဦးရွှေမန်းနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပ်တိုက်ဆွေးနွေးရေးများပြုလုပ်ရန်နှင့် စစ်မှန်ပြီး တရားမျှတသည့် ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရန်နှင့် ပြည်သူများပါဝင် လာရန်အတွက် ယခုလိုဆန္ဒပြခြင်းဖြစ်သည်ဟု ဆန္ဒပြခဲ့သူများက ဆိုသည်။
ဆန္ဒပြသူများထဲတွင်ပါဝင်သူ ကိုစိုးသီဟက ''စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ပေါက်ဖို့တစ်ဦး တစ်ယောက်တည်း လုပ်လို့မရဘူး။ ပြည်သူတွေပါ ပါမှရမယ်။ ဒီလိုမျိုးပါလာဖို့အတွက် အခုလို ဆန္ဒပြခြင်းဖြစ်တယ်''ဟု ပြောသည်။
ယခုကဲ့သို့ဆန္ဒပြခွင့်ရရန်အတွက် သက်ဆိုင်ရာရဲဌာနသို့ ခွင့်ပြုမိန့်တင်ရာတွင် ယင်းမြို့နယ်၏ ရဲအ င်အား နည်းပါးမှုကြောင့် နေရာကန့်သတ်ပေးခဲ့ပြီး ¤င်းရဲဌာနအဆောက်အအုံအပါအဝင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် အစိုးရဌာနများ၏ ကိုက် ၅ဝဝအကွာမှသာ ဆန္ဒပြရမည် ဟုပြောဆိုခဲ့ကြောင်း ဆန္ဒပြပွဲအား ဦးဆောင်သူကိုစိုးသီဟက ပြောသည်။
သက်ဆိုင်ရာအစိုးရမှ ဆန္ဒပြရန် အချိန် ၂နာရီသတ်မှတ်ပေးခဲ့ပြီး လူပြတ်လပ်သည့်ရပ် ကွက်သုံးရပ်ကွက်ဖြစ်၍ ဆန္ဒပြရကြောင်းနှင့် လူစည်ကားသည့်နေရာတွင် ဆန္ဒပြပါက လက်ရှိ လုံခြုံရေး အင်အားနှင့် မထိန်းနိုင်မည်စိုးသောကြောင့် တခြားမြို့နယ်မှ လုံခြုံရေးအင်အားများ တိုးချဲ့ခဲ့သဖြင့်ယင်းတို့၏ အသုံးစရိတ်များလည်းကုန်ကျခဲ့သည်ဟု ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ၏ပြော ဆို မှုကို ကိုစိုးသီဟက ပြန်လည်ပြောပြသည်။
ဆန္ဒပြပွဲတွင် ဆန္ဒပြသူများက စုမန်းစိန်လှိုင်လေးပွင့်ဆိုင်တွေ့ဆုံ ဆွေး နွေးပြည်တော်အေး၊ ပြည်သူ့ အသံလွှတ်တော်အသံစသည့် ဆိုင်းဘုတ် များအားကိုင်ဆောင်၍ ဆန္ဒပြခဲ့သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။
Yangon Media Group
0 comments:
Post a Comment