Thursday, February 6, 2014

မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကို လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးရန် အစီအစဉ်မရှိသေး

ရန်ကုန်မြို့တွင်း တစ်နှစ်နီးပါးကြာကောက်ခံမှု ရပ်နားထားခဲ့သော ယာဉ်ရပ်နားခများ ပြန်လည်ကောက်ခံသွားရန် စီစဉ်

Written by: 
ကျော်ထင်
ရန်ကုန်မြို့တွင်း လမ်းမအချို့နှင့် လမ်းသွယ်များတွင် ယာဉ်ရပ်နားပါက ကောက်ခံသော ယာဉ်ရပ်နားခများကို ၂၀၁၃  ခုနှစ် ဧပြီလတွင် ရပ်ဆိုင်းထားခဲ့ရာမှ ပြန်လည်ကောက်ခံသွားရန် စီစဉ်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့်တံတားဌာနမှ သိရသည်။

ယာဉ်ရပ်နားခများကို ယခင်ကောက်ခံခဲ့စဉ်ကကဲ့သို့ပင် ပုဂ္ဂလိကလုပ်ငန်းရှင်များကို တင်ဒါခေါ်ယူလုပ်ကိုင်ခွင့်ပြုရန် စီစဉ်နေခြင်းဖြစ်ပြီး ထိုသို့ ပြန်လည်ကောက်ခံနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ သဘောထားတင်ပြရန် စီစဉ်နေကြောင်းလည်း သိရသည်။

ယာဉ်ရပ်နားခ အခွန်ကောက်ခံခြင်းလုပ်ငန်းမှာ နှစ်စဉ်ဝင်ငွေရ များပြားသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ ထိုသို့ပြန်လည်ကောက်ခံရန် စီစဉ်နေခြင်းမှာ ယာဉ်ရပ်နားမှု စည်းကမ်းရှိစေရန်နှင့် အခကြေးငွေသတ်မှတ်၍ ရပ်နားစေခြင်းကြောင့် အကြာကြီးရပ်တန့်ထားမှု လျော့နည်းကာ ယာဉ်ကြောပိတ်ဆို့မှုများ လျော့နည်းစေနိုင်မည်ဟု သိရသည်။ ယခုလက်ရှိတွင် အခွန်ကောက်ခံခြင်း မပြုဘဲရပ်နားစေခြင်းကြောင့် ယာဉ်များမှာ စည်းကမ်းမဲ့ရပ်နားထာမှုအချို့ ရှိနေသည်ဟုလည်း ဆိုသည်။

"အဓိကတော့ ယာဉ်တွေစည်းကမ်းရှိစေဖို့နဲ့ ရပ်နားခကောက်တော့ အကြာကြီး မရပ်တော့ဘူးပေါ့။ ဒါကြောင့် ဒီလိုပြန်လုပ်ဖို့ စီစဉ်နေတာပါ။ တိုင်းဒေသကြီအစိုးရအဖွဲ့က ပြန်လုပ်ဖို့သဘောတူရင်တော့ လုပ်သွားမယ်"ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လမ်းနှင့် တံတားဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သဘောတူညီပါက လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

ယခင် လမ်းသွယ်အချို့တွင် ဇုန်များသတ်မှတ်၍ ယာဉ်ရပ်နားခ ကောက်ခံခဲ့စဉ်က ယာဉ်တစ်ခါရပ်နားလျှင် ကျပ် ၂၀၀ နှုန်းဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်များက ယာဉ်ရပ်နားခ ကောက်ခံခြင်းများကို ပုဂ္ဂလိကလုပ်ငန်းများအား တင်ဒါခေါ်ယူလုပ်ကိုင်ခြင်းမှ တစ်နှစ်လျှင်ပင် ကျပ်သိန်း ၁၄၀၀၀ ခန့် ရရှိခဲ့သည်ဟုလည်း သိရသည်။
- See more at: http://www.news-eleven.com/local/%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%82%95%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%90%E1%80%85%E1%80%B9%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%94%E1%80%AE%E1%80%B8%E1%80%95%E1%80%AB%E1%80%B8%E1%81%BE%E1%80%80%E1%80%AC%E1%80%B1%E1%80%80%E1%80%AC%E1%80%80%E1%80%B9%E1%80%81%E1%80%B6%E1%80%99%E1%82%88-%E1%80%9B%E1%80%95%E1%80%B9%E1%80%94%E1%80%AC%E1%80%B8%E1%80%91%E1%80%AC%E1%80%B8%E1%80%81%E1%80%B2%E1%80%B7%E1%80%B1%E1%80%9E%E1%80%AC-%E1%80%9A%E1%80%AC%E1%80%A5%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%94%E1%80%AC%E1%80%B8%E1%80%81%E1%80%99%E1%80%BA%E1%80%AC%E1%80%B8#sthash.YTP4475c.dpufမြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များကို လစာနှင့်
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များကို တပ်မတော်သားများနည်းတူ လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်ကပေါက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညို၏မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။

''တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တို့က ထမ်းဆောင်ရသည့် ရည်မှန်းချက် တာဝန်၊ လုပ်ငန်းသဘာဝ၊ အခြေစိုက်နေ ထိုင်သော အခြေအနေများ တူညီမှုမရှိနိုင် ခြင်းတို့ကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ အနေဖြင့် တပ်မတော်သားများကဲ့သို့ လစာ နှုန်းထားနှင့် ခံစား ခွင့်များ တူညီခံစားနိုင်မှု မရှိသော်လည်း နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များ ကဲ့သို့ ခေတ်မီ တိုးတက်စေရေးအတွက် ဘဏ္ဍာရေးခွင့်ပြုချက်များနဲ့အညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိပါတယ်''ဟု ပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပေါက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ညိုက မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များကို တပ်မတော်နှင့် တပ်မတော်သားများနည်း တူ လစာနှင့် ခံစားခွင့်များ တိုးမြှင့်ပေး၍ နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များကဲ့သို့ အဆင့် အတန်းမြှင့်တင်ပေးရန် အစီအစဉ်ရှိမရှိ မေး မြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယဝန်ကြီးက နိုင်ငံတော် အစိုးရ အနေဖြင့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အညီနိုင်ငံတော်အစိုးရဝန်ထမ်းအဖွဲ့အစည်း များ၏ တာဝန်ထမ်းဆောင်ရမှု၊ လုပ်ငန်း အလိုက် ထိုက်သင့်သောလစာနှင့် ခံစားခွင့် များကို ချီးမြှင့်ပေးသကဲ့သို့ နိုင်ငံတော်၏ စီးပွားရေးအခြေအနေအရ လစာနှင့် ခံစား ခွင့်နှုန်းထားများကို ထိုက်သင့်သောတိုးမြှင့်
ပေးမှုများကိုပြုလုပ်ပေးလျက်ရှိပါကြောင်း၊ သို့ပေမယ့်လည်း တာဝန်ထမ်းဆောင်ရ သည့်အပေါ်မူတည်၍ လစာနှင့်ခံစားခွင့် များက တူညီနိုင်မည်မဟုတ်ကြောင်း၊ နိုင်ငံ တော်အချုပ်အခြာ
အာဏာတည်မြဲရေးနှင့် နိုင်ငံတော် လုံခြုံရေးလုပ်ငန်းတာဝန်များ အတွက်ကို အချိန်နေရာဒေသမရွေး၊ အသက်နှင့် ခန္ဓာကိုယ်ကိုစွန့်လွှတ်အနစ်နာ ထမ်းဆောင်နေရသော တပ်မတော်သား များကို အခြားသောအစိုးရဝန်ထမ်းအဖွဲ့ အစည်းများထက် သီးသန့်လစာပိုပေးခြင်း၊ ရိက္ခာအဖြစ် စားသုံးကုန် ၁၅ မျိုးကို အခမဲ့ ထုတ်ပေးပြီး ပင်ပန်းကြမ်းတမ်းမှုနှင့် သက် စွန့်တာဝန်စရိတ်အဖြစ် ငွေကျပ် ၅ဝဝဝ စီကိုထုတ်ပေးထားလျက်ရှိကြောင်း၊အလား တူနိုင်ငံတကာတွင်လည်း တပ်မတော် သားများကို အခြားနိုင်ငံဝန်ထမ်းများထက် လစာနှင့် ခံစားခွင့်များ ပိုမိုခံစားခွင့်ပေး လျက်ရှိကြောင်းကိုလည်း လေ့လာတွေ့ရှိ ရမည်ဖြစ်ပါကြောင်းဖြင့်ရှင်းလင်းဖြေကြား ခဲ့သည်။

The Union Daily

0 comments:

Post a Comment