Wednesday, January 15, 2014

ပါတီဗဟိုဦးစီးညီလာခံ အဆုံးအဖြတ်ဖြင့် NDF ရွေးကောက်ပွဲယှဉ်ပြိုင်ရန် မဲဆန္ဒနယ်သတ်မှတ်မည်

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ၏ ဗဟိုဦးစီးညီလာခံအား ဇွန်လတွင် မန္တလေး တိုင်း ၌ ကျင်း ပမည်ဖြစ်ပြီး အဆိုပါညီလာခံ၏ အစည်းအဝေးဆုံးဖြတ်ချက်အရသာ လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်များ သတ်မှတ်မည်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဋ္ဌဦးခင်မောင်ဆွေက မဇ္ဈိမကို ပြောသည်။

“ညီလာခံပြီးမှပဲ ဆုံးဖြတ်လို့ရမှာပါ။ ကျွန်တော်တို့ပါတီက တိုင်းနဲ့ပြည်နယ် ၁၁ ခုမှာ ပါတီဝင် ၃၀ရှိတယ်။ ဘယ်ပါတီဝင်က ဘယ်နေရာမှာ ပြိုင်ရမှာလဲဆိုတာ အဲဒီအစည်းအဝေးကျမှပဲ ဆုံးဖြတ် မှာပါ။ အခုက စည်းမျဉ်းစည်းကမ်း၊ မူဘောင်၊ ဘာတစ်ခုမှ မသတ်မှတ်သေးရပဲနဲ့ ဒါတွေပြောလို့ မရသေးပါဘူး”ဟု ဆို သည်။

အဆိုပါ ပါတီဗဟိုညီလာခံအား မန္တလေးမြို့တွင် အနည်းဆုံး နှစ်ရက်တိုင်တိုင် ပြုလုပ်မည်ဖြစ်ပြီး တိုင်း နှင့်ပြည်နယ်အသီးသီးမှ ပါတီဝင်စုစုပေါင်း ၈၀ ခန့် တက်ရောက်မည်ဖြစ်သည်။

ပါတီအနေဖြင့် တိုင်းပြည်၏လိုအပ်ချက်တစ်ခုဖြစ်သည့် လယ်ယာမြေကဏ္ဍကို ယခုလက်ရှိ ဦးစားပေး လုပ်ဆောင်နေသော်လည်း တောင်သူလယ်သမားများ အများဆုံးရှိသည့် မဲဆန္ဒတစ်ခုတည်းကို ဦးစား ပေးမည်မဟုတ်ကြောင်း ဦးခင်မောင်ဆွေက ဆိုသည်။

အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီဗဟိုဦးစီးညီလာခံတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များ၊ မဟာဗျူ ဟာချမှတ်ခြင်းနှင့် ပါတီ၏ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် မည်ဖြစ်ပြီး တက် ရောက်လာသူ ပါတီဝင်များက ပါတီ၏ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေး မည်ဖြစ်သည်။

Mizzima - News in Burmese

0 comments:

Post a Comment