Wednesday, January 15, 2014

တောင်ကြီး မြို့မဈေးကြီးတွင်း ပွင့်လင်းရာသီ မီးဘေးလုံခြုံရေး ဆောင်ရွက်ထား

တောင်ကြီးမြို့ မြို့မဈေးကြီးအတွင်း ပွင့်လင်းရာသီ မီးဘေးလုံခြုံရေးအတွက် အသင့်ဆောင် ရွက်ထားပြီး ဖြစ်သည်ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ မြို့မဈေးကြီးတာဝန်ခံ ဦးခင်အေးက ဇန်န၀ါရီ ၁၄ ရက် တွင် မဇ္ဈိမကို ပြောသည်။

“ဒီဇင်ဘာလကုန်ပိုင်းလောက်ကတည်းက မီးသတ်ကားဝင်နိုင်ဖို့ ပျံကျဈေးသည်တွေ သတ် မှတ် စည်း ကျော်မရောင်းအောင် ကားတစ်စီးဝင်စာ ၁၄ ပေမျဉ်းတွေ ဈေးအတွင်းမှာ လိုက်ဆွဲ တာတွေကို စတင် ဆောင်ရွက်ခဲ့တယ်”ဟု ၎င်းက ဆိုသည်။

ယင်းအပြင် ဈေးအတွင်းသို့ မီးသတ်ကား အမှန်တကယ်ဝင်နိုင်ခြင်း ရှိမရှိသိရှိနိုင်ရန်အတွက် လည်း မီး သတ်ကားကြီးများဖြင့် ဈေးအတွင်းသို့ ၀င်ရောက် မောင်းနှင်ခြင်းများကို ဇာတ်တိုက် ပြုလုပ်ခဲ့သည်ဟု လည်း ၎င်းက ဆိုသည်။

မြို့မဈေးအတွင်း မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ဆောင်ရွက်ထားမှုများနှင့်ပတ်သက်ပြီး ဈေးသူ၊ဈေး သားများ အားလုံးပါဝင်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေး ဦးစီးဌာနတို့ ပူး ပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကာ သရုပ်ပြပွဲများ၊ ပညာပေးဟောပြောပွဲများ၊ ပြုလုပ်သွားမည်ဖြစ်သည်။

ဈေးအတွင်း မီးလန့်မှုဖြစ်ပွားပါက အချိန်မီ မီးငြှိမ်းသတ်နိုင်ရန်အတွက် ဈေးအတွင်း ယခင်ရှိပြီး သား အ၀ီ စိစက်ရေတွင်း သုံးတွင်းကို ပြန်လည်ပြုပြင်ထားပြီး ရေ ၁၄,၅၀၀ ဂါလန်ဆံ Underground Tank တစ် ကန်၊ ရေ ၄၀၀ ဂါလံဆန့် Over Head Tank ၁၂ ကန်၊ အပေါ့ စားရေစုပ်စက် နှစ်လုံး၊ မီးသတ်ပိုက်ပေကြိုး များ၊ အရေးပေါ်မီးသတ်လှေကားများ၊ မီးသတ်ရေ ငုတ် များ၊ မီးသတ်ဆေးဘူး ၂၄၀ နှင့် ရေတိုင်ကီ ၁၂ လုံးတို့ကို ပြင်ဆင်ထားသည်ဟု မြို့နယ် စည်ပင်ဌာနမှ သိရသည်။

တောင်ကြီးမြို့၊ မြို့မဈေးကြီးသည် အကျယ်ပေ ဧက ၅ ဒသမ ၃၄၉ ဧက ကျယ်ဝန်းပြီး ဈေးရုံ၂၀ ရုံ၊ ဆိုင် ခန်းပေါင်း ၁,၉၄၉ ခန်းကျော်၊ ပျံကျဈေးဆိုင် ၅၀၀ ကျော် ရှိသည်။

Mizzima - News in Burmese

0 comments:

Post a Comment