Wednesday, January 15, 2014

ဘီအိုအေဒီမြေကွက် မူလမြေပိုင်ရှင်ဆို သူများ ၏ ခြံစည်းရိုး ဖျက်ဆီးခံရ ဟုဆို


Photo: ဘီအိုအေဒီမြေကွက် မူလမြေပိုင်ရှင်ဆို သူများ ၏ ခြံစည်းရိုး ဖျက်ဆီးခံရ ဟုဆို
Wednesday, January 15, 2014

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက လူအင်အား ၂ဝဝခန့် အသုံးပြုပြီး ဗိုလ်တ ထောင်မြို့နယ်ရှိ ယင်းတို့ဌာန နှင့် အငြင်းပွားနေသည့်မြေကွက် များပေါ်က မူလမြေပိုင်ရှင်ဆိုသူ များ၏ ခြံစည်းရိုးများကို ဇန်နဝါ ရီ၁၄ရက် နံနက်ပိုင်းက ဖျက် ဆီးခံခဲ့ရကြောင်း နစ်နာသူများ ၏ ပြောကြားချက်များအရ သိ ရသည်။ဗိုလ်တထောင်မြို့နယ်ရှိ ယခင်ဘီအိုအေဒီဝင်းဟု ခေါ် သည့်မြေကွက်လွတ်များကို မူလ ပိုင်ရှင်ဆိုသူများက အငြင်းပွား နေစဉ်ကာလအတွင်း ဆောက် လုပ်ရေးကုမ္ပဏီများ ဝင်ရောက် တည်ဆောက်ခွင့် မပြုနိုင်ရေး အတွက် ခြံခတ်ထားခြင်းဖြစ်ပြီး ဇန်နဝါရီ၁၄ရက် နံနက်၆နာရီ ဝန်းကျင်တွင် ဝင်ရောက်ဖျက် ဆီးခဲ့ခြင်းဖြစ်ကြောင်း မူလမြေ ပိုင်ရှင်ဆိုသူများ၏ ပြောကြား မှုအရ သိရသည်။

မူလမြေပိုင်ရှင်တစ်ဦးဖြစ် သူ ဦးမြင့်အောင်က ““ဒီနံနက် လူအင်အား ၂ဝဝခန့်လောက် နဲ့ အိုးအိမ်က လာဖျက်သွားတာ လို့ ပတ်ဝန်းကျင်ရဲ့ပြောကြားမှု အရ သိရတယ်။ ခိုးကြောင်ခိုး ဝှက်လုပ်သွားတယ်။ ကျွန်တော် တို့ကို အကြောင်းကြားခြင်းမရှိ ဘူး။ ဒီမြေတွေကို တရားဥပဒေ အရ ပိုင်ဆိုင်မှုအထောက်အ ထား အိုးအိမ်ဘက်မှ ဘာမှမရှိ လို့ ဒီလိုခိုးလုပ်တယ်လို့ မြင်တယ်။ အမှန်ဆိုရင် ကျွန်တော်တို့ကို အသိပေးရမယ်””ဟု ပြောသည်။

ယင်းကြောင့် ခြံစည်းရိုး ခတ်သည့်တန်ဖိုးငွေ ကျပ်သိန်း ၂ဝခန့်ဆုံးရှုံးလိုက်ရသည့် မူလ မြေပိုင်ရှင်ဆိုသူများက ဌာနအ နေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ များ၏မျက်နှာကြည့်ပြီး အလုပ် လုပ်ဆောင်နေခြင်းလောဟု မေး ခွန်းထုတ်လိုက်ပြီး အဆိုပါအ ခြေအနေကို တုံ့ပြန်ချက်အဖြစ် ယခုလကုန်ပိုင်းတွင် သပိတ်စ ခန်းဖွင့်ဆန္ဒထုတ်ဖော်ခြင်း၊ လွတ် နေသည့်မြေကွက်များတွင် မိမိ အိမ်ကို မိမိဝင်ဆောက်ခြင်းနှင့် ဇန်နဝါရီ၁ရရက်တွင် အိုးအိမ် ဦးစီးဌာန၏လုပ်ရပ်များကို ရှုတ် ချသည့် သတင်းစာရှင်းလင်းပွဲ များကို ပြုလုပ်မည်ဖြစ်သည်။

““ကျွန်တော်တို့က ဥပဒေ ဘောင်ထဲကနေတယ်။ သူတို့ ဘက်က အခုလိုလုပ်တဲ့အတွက် မူလမြေပိုင်ရှင်အားလုံးက ထိပ် တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက် ပြီ””ဟု အဖွဲ့ခေါင်းဆောင် ဦးမြင့် အောင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ဗိုလ်တထောင်မြို့မရဲတပ်ဖွဲ့ စခန်းသို့ ဆက်သွယ်မေးမြန်းရာ အိုးအိမ်ဦးစီးဌာနက ခြံခတ်ထား သည့် ကျောက်တိုင်နှင့် သံဆန် ခါလိပ်များကို ဝင်ရောက်ဖျက် ဆီးခဲ့ကြောင်း အတည်ပြုပေး ကာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးခဲ့ရကြောင်း သိရသည်။

ဗိုလ်တထောင်ရဲတပ်ဖွဲ့ရုံး မှ တာဝန်ရှိသူတစ်ဦးက ““အိုး အိမ်က သူတို့တွေရဲ့ခြံစည်းရိုး တွေကို ကျူးကျော်အဖြစ် သတ် မှတ်ပြီး ဖျက်ခဲ့တာပါ။ နံနက် ၆နာရီလောက်က လုပ်တာဖြစ် ပါတယ်။ ဒီကိစ္စက ရဲတပ်ဖွဲ့နဲ့ မဆိုင်ပါဘူး။ လုံခြုံရေးယူပေးရုံ သက်သက်ပါ””ဟု ပြောသည်။

အဆိုပါမြေကွက်များနှင့် ပတ်သက်ပြီး လျော်ကြေးပေး ရေးစိစစ်ခြင်းအဖြစ် အိုးအိမ် ဦးစီးဌာနရုံးတွင် မူလပိုင်ရှင်များ ကိုခေါ်ယူတွေ့ဆုံမှုများ ပြုလုပ် ခဲ့သော်လည်း အောက်ခြေတွင် တစ်စုံတစ်ရာ လုပ်ဆောင်ပေး ခြင်းမရှိကြောင်း သိရသည်။

ယင်းဗိုလ်တထောင်မြို့ နယ်အတွင်း ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အိုးအိမ်ဦးစီး ဌာနတို့ပူးပေါင်းပြီး အကျိုးတူ အဖြစ် ဆောက်လုပ်နေသည့် အဆောက်အအုံအများစုသည် ရန်ကုန်မြို့တော်စည်ပင်သာ ယာကခွင့်ပြုမိန့်မပေးဘဲ အိုးအိမ် ဦးစီးဌာန၏နှုတ်မိန့်ဖြင့် တည် ဆောက်နေသည့် အဆောက် အအုံများဖြစ်ကြောင်း မူလပိုင် ရှင်ဆိုသူများ၏ ပြောကြားမှု အရ သိရသည်။

Yangon Media Group

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက လူအင်အား ၂ဝဝခန့် အသုံးပြုပြီး ဗိုလ်တ ထောင်မြို့နယ်ရှိ ယင်း တို့ဌာန နှင့် အငြင်းပွားနေသည့်မြေကွက် များပေါ်က မူလမြေပိုင်ရှင်ဆိုသူ များ၏ ခြံစည်းရိုး များကို ဇန်နဝါ ရီ၁၄ရက် နံနက်ပိုင်းက ဖျက် ဆီးခံခဲ့ရကြောင်း နစ်နာသူများ ၏ ပြောကြားချက် များ အရ သိ ရသည်။
ဗိုလ်တထောင်မြို့နယ်ရှယခင်ဘီအိုအေဒီဝင်းဟု ခေါ် သည့်မြေကွက်လွတ်များကို မူလ ပိုင်ရှင်ဆိုသူများက အငြင်းပွား နေစဉ်ကာလအတွင်း ဆောက် လုပ်ရေးကုမ္ပဏီများ ဝင်ရောက် တည်ဆောက်ခွင့် မပြုနိုင်ရေး အတွက် ခြံခတ်ထားခြင်းဖြစ်ပြီး ဇန်နဝါရီ၁၄ရက် နံနက်၆နာရီ ဝန်းကျင်တွင် ဝင်ရောက်ဖျက် ဆီးခဲ့ခြင်းဖြစ်ကြောင်း မူလမြေ ပိုင်ရှင်ဆိုသူများ၏ ပြောကြား မှုအရ သိရသည်။

မူလမြေပိုင်ရှင်တစ်ဦးဖြစ် သူ ဦးမြင့်အောင်က ““ဒီနံနက် လူအင်အား ၂ဝဝခန့်လောက် နဲ့ အိုးအိမ်က လာဖျက်သွားတာ လို့ ပတ်ဝန်းကျင်ရဲ့ပြောကြားမှု အရ သိရတယ်။ ခိုးကြောင်ခိုး ဝှက်လုပ်သွားတယ်။ ကျွန်တော် တို့ကို အကြောင်းကြားခြင်းမရှိ ဘူး။ ဒီမြေတွေကို တရားဥပဒေ အရ ပိုင်ဆိုင်မှုအထောက်အ ထား အိုးအိမ်ဘက်မှ ဘာမှမရှိ လို့ ဒီလိုခိုးလုပ်တယ်လို့ မြင်တယ်။ အမှန်ဆိုရင် ကျွန်တော်တို့ကို အသိပေးရမယ်””ဟု ပြောသည်။

ယင်းကြောင့် ခြံစည်းရိုး ခတ်သည့်တန်ဖိုးငွေ ကျပ်သိန်း ၂ဝခန့်ဆုံးရှုံးလိုက်ရသည့် မူလ မြေပိုင်ရှင်ဆိုသူများက ဌာနအ နေဖြင့် ဆောက်လုပ်ရေးကုမ္ပဏီ များ၏မျက်နှာကြည့်ပြီး အလုပ် လုပ်ဆောင်နေခြင်းလောဟု မေး ခွန်းထုတ်လိုက်ပြီး အဆိုပါအ ခြေအနေကို တုံ့ပြန်ချက်အဖြစ် ယခုလကုန်ပိုင်းတွင် သပိတ်စ ခန်းဖွင့်ဆန္ဒထုတ်ဖော်ခြင်း၊ လွတ် နေသည့်မြေကွက်များတွင် မိမိ အိမ်ကို မိမိဝင်ဆောက်ခြင်းနှင့် ဇန်နဝါရီ၁ရရက်တွင် အိုးအိမ် ဦးစီးဌာန၏လုပ်ရပ်များကို ရှုတ် ချသည့် သတင်းစာရှင်းလင်းပွဲ များကို ပြုလုပ်မည်ဖြစ်သည်။

““ကျွန်တော်တို့က ဥပဒေ ဘောင်ထဲကနေတယ်။ သူတို့ ဘက်က အခုလိုလုပ်တဲ့အတွက် မူလမြေပိုင်ရှင်အားလုံးက ထိပ် တိုက်ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက် ပြီ””ဟု အဖွဲ့ခေါင်းဆောင် ဦးမြင့် အောင်က ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက် ပြီး ဗိုလ်တထောင်မြို့မရဲတပ်ဖွဲ့ စခန်းသို့ ဆက်သွယ်မေးမြန်းရာ အိုးအိမ်ဦးစီးဌာနက ခြံခတ်ထား သည့် ကျောက်တိုင်နှင့် သံဆန် ခါလိပ်များကို ဝင်ရောက်ဖျက် ဆီးခဲ့ကြောင်း အတည်ပြုပေး ကာ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ယူပေးခဲ့ရကြောင်း သိရသည်။

ဗိုလ်တထောင်ရဲတပ်ဖွဲ့ရုံး မှ တာဝန်ရှိသူတစ်ဦးက ““အိုး အိမ်က သူတို့တွေရဲ့ခြံစည်းရိုး တွေကို ကျူးကျော်အဖြစ် သတ် မှတ်ပြီး ဖျက်ခဲ့တာပါ။ နံနက် ၆နာရီလောက်က လုပ်တာဖြစ် ပါတယ်။ ဒီကိစ္စက ရဲတပ်ဖွဲ့နဲ့ မဆိုင်ပါဘူး။ လုံခြုံရေးယူပေးရုံ သက်သက်ပါ””ဟု ပြောသည်။

အဆိုပါမြေကွက်များနှင့် ပတ်သက်ပြီး လျော်ကြေးပေး ရေးစိစစ်ခြင်းအဖြစ် အိုးအိမ် ဦးစီးဌာနရုံးတွင် မူလပိုင်ရှင်များ ကိုခေါ်ယူတွေ့ဆုံမှုများ ပြုလုပ် ခဲ့သော်လည်း အောက်ခြေတွင် တစ်စုံတစ်ရာ လုပ်ဆောင်ပေး ခြင်းမရှိကြောင်း သိရသည်။

ယင်းဗိုလ်တထောင်မြို့ နယ်အတွင်း ဆောက်လုပ်ရေး ကုမ္ပဏီများနှင့် အိုးအိမ်ဦးစီး ဌာနတို့ပူးပေါင်းပြီး အကျိုးတူ အဖြစ် ဆောက်လုပ်နေသည့် အဆောက်အအုံအများစုသည် ရန်ကုန်မြို့တော်စည်ပင်သာ ယာကခွင့်ပြုမိန့်မပေးဘဲ အိုးအိမ် ဦးစီးဌာန၏နှုတ်မိန့်ဖြင့် တည် ဆောက်နေသည့် အဆောက် အအုံများဖြစ်ကြောင်း မူလပိုင် ရှင်ဆိုသူများ၏ ပြောကြားမှု အရ သိရသည်။

Yangon Media Group

0 comments:

Post a Comment