Monday, January 20, 2014

အာဖဂန် အသေခံ ဗုံးခွဲတိုက်ခိုက်မှု IMF နှင့် ကုလအရာရှိများ အပါအဝင် ၂၁ ဦးသေဆုံး

Photo: အာဖဂန် အသေခံ ဗုံးခွဲတိုက်ခိုက်မှု IMF နှင့် ကုလအရာရှိများ အပါအဝင် ၂၁ ဦးသေဆုံး
Monday, January 20, 2014

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်ကောင် ဒေသရှိ နိုင်ငံခြားသားများ သွားလာမှုများသည့် နာမည်ကျော် စားသောက်ဆိုင် တစ်ဆိုင်ကို တာလီဘန် အသေခံ ဗုံးခွဲသမားနှင့် သေနတ်သမားများ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ထိပ်တန်း ကိုယ်စားလှယ်တစ်ဦး၊ အရာရှိကြီး တစ်ဦးနှင့် ကုလသမဂ္ဂ ဝန်ထမ်းများ အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အခင်းဖြစ်ပွားသည့် သောကြာနေ့က အဆိုပါ စားသောက်ဆိုင်သို့ ည ၇ နာရီခွဲ အချိန်တွင် အသေခံ ဗုံးခွဲသမားတစ်ဦး ဝင်ရောက် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီးနောက် သေနတ်သမားများ ထပ်မံ ရောက်ရှိလာကာ ညစာ စားသုံးလျက် ရှိသူများကို ပစ်ခတ်ခဲ့ကြသည်ဟု အာဖဂန်နစ္စတန် အာဏာပိုင် များက ပြောကြားသည်။ 

ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ များထဲတွင် နိုင်ငံခြားသား ၁၃ ဦးပါဝင်ပြီး သေဆုံးသူများ မည်သူမည်ဝါ ဖြစ်သည်ဟူသော အသေးစိတ်ကို တနင်္ဂနွေနေ့တွင် စတင်စုံစမ်း ရှာဖွေလျက်ရှိသည်ဟု အာဖဂန်ရဲတပ်ဖွဲ့က ပြောကြားသည်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အရပ်ဘက် နိုင်ငံသားသုံးဦး သေဆုံးကြောင်း အတည်ပြု ပြောဆိုပြီး ဗြိတိန်၊ ကနေဒါ နိုင်ငံတို့က နိုင်ငံသား နှစ်ဦးစီ သေဆုံးခဲ့ကြောင်း၊ ဒိန်းမတ်နိုင်ငံက နိုင်ငံသားတစ်ဦး သေဆုံးကြောင်း အတည်ပြု ပြောကြားသည်။ 

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်မှာ La Taverna ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ဆိုင်ရှင်ဖြစ်သူပါ သေဆုံးသွားကြောင်း အာဖဂန် အာဏာပိုင်တို့က ပြောကြားသည်။ 

“စားသောက်ဆိုင်မှာ ဝင်ရောက် ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ဦးကို ရဲတပ်ဖွဲ့က အသေပစ် ဖမ်းမိခဲ့ပါတယ်” ဟု အာဖဂန်ရဲ အရာရှိကြီးတစ်ဦးက ပြောကြားသည်။ 

အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြားတပ်ဖွဲ့ဝင် အတော်များများသည် အဆိုပါနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်လျက် ရှိကြသည်။ 

လေ့လာ စောင့်ကြည့်သူများကမူ လာမည့် ဧပြီလတွင် လက်ရှိသမ္မတ ဟာမစ်ကာဇိုင်း၏ နေရာကို ဝင်ရောက် ရယူမည့် သမ္မတသစ် ရွေးချယ်မည့် ရွေးကောက်ပွဲ ကျင်းပရန်ရှိရာ မတည်မငြိမ်မှုများနှင့် တိုက်ခိုက်မှုများ တိုးမြင့်လာနိုင်သည်ဟု စိုးရိမ်ပူပန်လျက်ရှိသည်။ 

ယခုဖြစ်ပွားခဲ့သည့် ကဘူးလ်မြို့ လယ်ကောင်ရှိ စားသောက်ဆိုင် တိုက်ခိုက်မှုကို မိမိတို့ ပြုလုပ်ခြင်း ဖြစ်ကြောင်း တာလီဘန် စစ်သွေးကြွများအဖွဲ့က သတင်းထုတ်ပြန် ကြေညာသည်။ 

ထိုသို့ တိုက်ခိုက်ခဲ့မှုမှာ ယခုတစ်ပတ် အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုက တာလီဘန်များကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ရှစ်ဦး သေဆုံးခဲ့ရမှုအပေါ် ကလဲ့စားချေသည့် အနေဖြင့် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု တာလီဘန်တို့က ပြောကြားသည်။

The Voice Weekly
အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်ကောင် ဒေသရှိ နိုင်ငံခြားသားများ သွားလာမှုများ သည့် နာမည်ကျော် စားသောက်ဆိုင် တစ်ဆိုင်ကို တာလီဘန် အသေခံ ဗုံးခွဲသမားနှင့် သေနတ် သမားများ ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ထိပ် တန်း ကိုယ်စားလှယ်တစ်ဦး၊ အရာရှိကြီး တစ်ဦးနှင့် ကုလသမဂ္ဂ ဝန်ထမ်းများ အပါအဝင် လူပေါင်း ၂၁ ဦး သေဆုံးခဲ့ကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။ 

အခင်းဖြစ်ပွားသည့် သောကြာနေ့က အဆိုပါ စားသောက်ဆိုင်သို့ ည ၇ နာရီခွဲ အချိန်တွင် အသေခံ ဗုံးခွဲသမားတစ်ဦး ဝင်ရောက် ဖောက်ခွဲမှု ပြုလုပ်ခဲ့ပြီးနောက် သေနတ်သမားများ ထပ်မံ ရောက်ရှိလာကာ ညစာ စားသုံးလျက် ရှိသူများကို ပစ်ခတ်ခဲ့ကြသည်ဟု အာဖဂန်နစ္စ တန် အာဏာပိုင် များက ပြောကြားသည်။ 

ဖောက်ခွဲ ပစ်ခတ် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသူ များထဲတွင် နိုင်ငံခြားသား ၁၃ ဦး ပါဝင်ပြီး သေဆုံးသူများ မည်သူမည်ဝါ ဖြစ်သည်ဟူသော အသေးစိတ်ကို တနင်္ဂနွေနေ့တွင် စတင်စုံစမ်း ရှာဖွေလျက်ရှိသည်ဟု အာဖဂန်ရဲတပ်ဖွဲ့က ပြောကြားသည်။ 

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အမေရိကန် အရပ်ဘက် နိုင်ငံသားသုံးဦး သေ ဆုံးကြောင်း အတည်ပြု ပြောဆိုပြီး ဗြိတိန်၊ ကနေဒါ နိုင်ငံတို့က နိုင်ငံသား နှစ်ဦးစီ သေဆုံး ခဲ့ကြောင်း၊ ဒိန်းမတ်နိုင်ငံက နိုင်ငံသားတစ်ဦး သေဆုံးကြောင်း အတည်ပြု ပြောကြားသည်။ 

တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်မှာ La Taverna ဖြစ်ပြီး အဆိုပါ ဖြစ်ရပ်ကြောင့် ဆိုင်ရှင်ဖြစ်သူပါ သေဆုံးသွားကြောင်း အာဖဂန် အာဏာပိုင်တို့က ပြောကြားသည်။ 

“စားသောက်ဆိုင်မှာ ဝင်ရောက် ပစ်ခတ်သွားတဲ့ သေနတ်သမား နှစ်ဦးကို ရဲတပ်ဖွဲ့က အသေ ပစ် ဖမ်းမိခဲ့ပါတယ်” ဟု အာဖဂန်ရဲ အရာရှိကြီးတစ်ဦးက ပြောကြားသည်။ 

အာဖဂန်နစ္စတန်တွင် ဆယ်စုနှစ် တစ်ခုကျော်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံခြား တပ်ဖွဲ့ဝင် အတော်များများသည် အဆိုပါနိုင်ငံမှ ထွက်ခွာရန် ပြင်ဆင်လျက် ရှိကြသည်။ 

လေ့လာ စောင့်ကြည့်သူများကမူ လာမည့် ဧပြီလတွင် လက်ရှိသမ္မတ ဟာမစ်ကာဇိုင်း၏ နေရာ ကို ဝင်ရောက် ရယူမည့် သမ္မတသစ် ရွေးချယ်မည့် ရွေးကောက်ပွဲ ကျင်းပရန်ရှိရာ မတည်မငြိမ်မှုများနှင့် တိုက်ခိုက်မှုများ တိုးမြင့်လာနိုင်သည်ဟု စိုးရိမ်ပူပန်လျက်ရှိသည်။ 

ယခုဖြစ်ပွားခဲ့သည့် ကဘူးလ်မြို့ လယ်ကောင်ရှိ စားသောက်ဆိုင် တိုက်ခိုက်မှုကို မိမိတို့ ပြု လုပ်ခြ င်း ဖြစ်ကြောင်း တာလီဘန် စစ်သွေးကြွများအဖွဲ့က သတင်းထုတ်ပြန် ကြေညာ သည်။ 

ထိုသို့ တိုက်ခိုက်ခဲ့မှုမှာ ယခုတစ်ပတ် အစောပိုင်းတွင် အမေရိကန်ပြည်ထောင်စုက တာလီဘန် များကို လေကြောင်းမှ တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ရှစ်ဦး သေဆုံး ခဲ့ရမှုအပေါ် ကလဲ့စားချေသည့် အနေဖြင့် ပြန်လည် တိုက်ခိုက်ခြင်း ဖြစ်သည်ဟု တာလီဘန်တို့ က ပြောကြားသည်။

The Voice Weekly

0 comments:

Post a Comment